တစ်နေ့တစ်ခြား ဘိုးဘိုးနဲ့ ရုပ်ချင်းဆင်လာတဲ့ မြေးချောလေးကိုကြည့်ပြီး ချစ်မဝဖြစ်နေတဲ့ လွင်မိုး

တစ်နေ့တစ်ခြား ဘိုးဘိုးနဲ့ ရုပ်ချင်းဆင်လာတဲ့ မြေးချောလေးကိုကြည့်ပြီး ချစ်မဝဖြစ်နေတဲ့ လွင်မိုး

နာမည်ကျော် ရုပ်ရှင်သရုပ်ဆောင် လွင်မိုးကတော့ အခုဆိုရင် အနုပညာအလုပ်တွေကို အနည်းငယ်သာလုပ်ကိုင်ပြီး မိသားစုနဲ့အတူ အေးချမ်းသာယာတဲ့ မိသားစုဘဝလေးမှာ ပျော်ရွှင်နေတာ တွေ့ရပါတယ်။ ခရီးတွေထွက်ရင်း အနားယူနေတဲ့ လွင်မိုးက ပွဲအခမ်းအနားတွေကိုတော့ အမြဲတက်ရောက်လေ့ရှိတာ ဖြစ်ပါတယ်။ သမီးချောလေးနှစ်ယောက်ကို ပိုင်ဆိုင်ထားတဲ့ လွင်မိုးက အခုဆိုရင် မြေးလေးတစ်ယောက်တောင် ရရှိနေပြီပဲ ဖြစ်ပါတယ်။

သမီးကြီး ယွန်းဝတီလွင်မိုးက မွေးဖွားထားတဲ့ လွင်မိုးရဲ့ မြေးဦးလေးကိုတော့ ဘိုးဘိုးနာမည်ပါအာင် ”လွင်ထက်” လို့အမည်ပေးထားတာ ဖြစ်ပါတယ်။ လွင်ထက် ခေါ် Liam လေးကတော့ ပါးဖောင်းဖောင်းလေးတွေနဲ့ ချစ်စရာကောင်းတာကြောင့် ပရိသတ်တွေအားလုံးက ဝိုင်းချစ်နေရတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ Apirl 6 ရက်နေ့မှာတော့ Liam လေးက အသက် ၈ လ တိတိပြည့်သွားခဲ့ပြီပဲ ဖြစ်ပါတယ်။

Liam လေးရဲ့ဖေဖေနဲ့ မေမေကတော့ နိုင်ငံခြားမှာ ကျောင်းသွားတက်နေတာကြောင့် Liam လေးကို ဘိုးဘိုး၊ဘွားဘွားတွေက စောင့်ရှောက်ပေးနေတာ ဖြစ်ပါတယ်။ အခုလည်း လွင်မိုးက သူနဲ့ရုပ်ချင်းတစ်ထေရာတည်းတူတဲ့ မြေးချောလေးကို တစိမ့်စိမ့်ကြည့်ပြီး ချစ်မဝဖြစ်နေတာ တွေ့ရပါတယ်။ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်နေတဲ့ Liam လေးတို့မြေးအဘိုးရဲ့ ကြည်နူးစရာ ပုံရိပ်လေးတွေကိုလည်း

ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်နော်။ Source: Maythu & Yunwaddy;

Comments are closed.