ဝေဖန်မှုတွေကိုရိုးသွားပြီဆိုတဲ့ နန်းမွေစံ

ဝေဖန်မှုတွေကိုရိုးသွားပြီဆိုတဲ့ နန်းမွေစံ

Social Media ပေါ်က အလန်းစားပုံတွေ video ဖိုင်တွေနဲ့ သူပြိုင်ကိုယ်နိုင် အပြိုင်အဆိုင်ပရိသတ်တွေကို စွဲဆောင်နိုင်ဖို့ကြိုးစားနေတဲ့ ခေတ်ကြီးထဲ မှာ ကျနော်တို့တတွေ အသက်ရှင် နေထိုင်နေကြတာပါ။ အဲ့ဒီလို ပွင့်လင်းမြင်သာမှုတွေနဲ့အတူ ယောက်ျားလေးထုကြီးရဲ့ စိတ်တစ်စိတ်တစ်ဒေသကို အပိုင်ယူထားနိုင်တဲ့ မိန်းမချောလေးတစ်ဦးရှိပါတယ် ။ သူက တော့ ခပ်ကြမ်းကြမ်း ပိုစ့်တွေနဲ့ Tik Tok , Instagram, Snap Chat စတဲ့ Social Media တစ်ခွင်မှာ နေရာယူထားတဲ့ နန်းမွေစံပဲဖြစ်ပါတယ် ။ သူနဲ့ ဆယ်လီကမ္ဘာနဲ့ Trend Myanmar မီဒီယာတွေနဲ့အင်တာဗျူးတစ်ခုမှာ သူပြောပြသွားတဲ့အကြောင်းအရာတချို့ရှိနေပါတယ် ။ အဲ့ဒီအကြောင်းအရာတွေကို ပြောချင်လွန်းလို့မိတ်ဆွေတွေသိအောင်ယြပြောပြပေးလိုက်ပါတယ် ခင်ဗျာ ။

လတ်တလောအနုပညာလှုပ်ရှားမှုတွေကို ” အခူလက်ရှိကတော့ ဓာတ်ပုံလေးတွေရိုက်ဖြစ်တယ် ။ Video လေးတ။တွေရိုက်ဖြစ်တယ် ။ MTVရိုက်ကူးထားတာလေးတွေရှိတယ် ။ ပြီးတော့ ကြော်ငြာရိုက်ထားတာလေးတွေ Facebook မှာ တင်ဖြစ်ပါတယ်ရှင် ။ Facebook မှာ တင်လိုက်တဲ့ပုံလေးတွေကတော့ကိုယ်အကြိုက်ဆုံးပုံလေးတွေပေါ့ ။ ယောက်ျားလေးတွေကြိုက်တယ်လာပြောရင်တော့ပျော်တာပေါ့ ။ ပျော်တယ်ဆိုတာထက် စိတ်ချမ်းသာသွားတာပေါ့ ။ ကိုယ်တင်လိုက်တဲ့ပုံကြောင့်ရသတစ်ခုခုဖြစ်သွားတယ် ဆိုရင်တော့ပျော်ပါတယ် ” လို့ပြောသွားပါတယ် ။ ဝေဖန်မှုတွေအပေါ်မှာ သူရဲ့တုန့်ပြန်မှုကိုလည်း ” ညီမFacebook မှာ ပုံတင်လိုက်တယ် comment တွေဆိုးဆိုးဝါးဝါးတွေဆိုရင် ဖျက်တယ် ။ Block တယ် ။

အဲ့ဒီလောက်ပဲ ပြီးတော့ New Feed ကို သိပ်မကြည့်ဖြစ်ဘူး ။ ဘာလို့လဲ ဆိုတော့ New Feed ကိုပွတ်ကြည့်လိုက်ရင် သတင်းတွေကအစုံအလင် ဆိုတော့ အဲ့ဒီဟာကို ကိုယ့်ကို Motivation လည်းကျစေတယ် ။ပြီးတော့ကိုယ့်အတွက်တစ်ခုခုတွေ့ရင် လောဘတွေ၊ ဒေါသတွေမောဟတွေဖြစ်မှာစိုးလို့ New Feed ကို လုံးဝအကြည့်ဘူး ။ ပြီးတော့ကိုယ့်ရဲ့ Motivation ကိုလည်းအကျမခံဘူး ။ သတင်းကြည့်ချင်တယ်ဆိုရင် Instagram နဲ့ Snap Chat မှာ ကိုယ်ကြိုက်တယ် Idol တွေကိုပဲ Following လုပ်ထားတယ်ပေါ့ အဲ့ဒီလောက်ပါပဲ အဲ့ဒါကြောင့်ညီမနေ့တိုင်းစိတ်ချမ်းသာနေတယ် ။ ကိုယ်လုပ်ချင်တာ ကိုယ်လုပ်နေတယ် ။ “ဆိုပြီးပြောပြသွားခဲ့ပါတယ် ။

ပြီးတော့ သူ Tik Tok ခဏခဏကစားဖြစ်တဲ့အကြောင်းကိုလည်း ” အဲ့ဒါဘာဖြစ်လို့လဲ ဆိုတော့ အဲ့တာက မွေစံအိမ်မှာလေ အခန်းကိုတမင်သက်သက် အကျယ်ကြီးလုပ်ထားတာ။ တစ်ယောက်တည်းပဲနေတာ ။ အဲ့ဒီအခန်းထဲမှာ ဒီတိုင်းနေမယ့်အစား Videoလေးတွေရိုက်ကြည့်တာ ။ ပြီးတော့ Instagram မှာ Following လုပ်ထားတဲ့မော်ဒယ်တွေပေါ့ သူတို့လိုပုံစံမျိုးကိုယ့်ဘာသာကိုယ် လုပ်ကြည့်တာ ကိုယ်နဲ့လည်းလိုက်မယ်ထင်လို့လုပ်ကြည့်တာ တခြားရည်ရွယ်ချက်တော့မရှိပါဘူး ။ စလုပ်ခါစကတော့အရမ်းဝေဖန်တော့စိတ်မကောင်းဘူးဖြစ်သွားတာပေါ့ ။ အခုတော့ဒါတွေကရိုးသွားပြီပေါ့။ use to ဖြစ်သွားပြီအေးဆေးပဲပေါ့ ။ ဘာမှမဖြစ်တော့ဘူး ။”ဆိုပြီးပြောပြသွားခဲ့ပါတယ်။

Comments are closed.