သတို့သမီးလောင်းလျာလေး အလှပြင်နေတုန်း တစ်ယောက်တည်းဓာတ်ပုံရိုက်နေတဲ့ ကျော်ထက်အောင်

သတို့သမီးလောင်းလျာလေး အလှပြင်နေတုန်း တစ်ယောက်တည်းဓာတ်ပုံရိုက်နေတဲ့ ကျော်ထက်အောင်

ပရိသတ်ကြီးရေ ပါးချိုင့်လေးနှစ်ဖက်နဲ့ မင်းသားချောလေး ကျော်ထက်အောင်ကတော့ အနုပညာလောကထဲကို မဝင်ရောက်ခင်မှာ အစီစဉ်တင်ဆက်သူအနေနဲ့ ပျိုမဒီလေးတွေရဲ့ အသည်းနှလုံးကို ဖမ်းစားနိုင်သူတစ်ယောက်ဖြစ်ပါတယ်။ကျော်ထက်အောင်ရဲ့ အစီစဉ်တင်ဆက်မှုတွေက အားနဲ့မာန်နဲ့ ပျော်ရွှင်ရယ်မောအောင် တင်ဆက်နိုင်သူဖြစ်လို့ ပရိသတ်တွေက သူ့ကိုသတိထားမိလာတာပဲဖြစ်ပါတယ်။နောက်ပိုင်းမှာတော့ ကျော်ထက်အောင် အနုပညာလောကထဲကို စတင်ခြေလှမ်းခဲ့ပါတယ်။

ကျော်ထက်အောင်ပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေဆိုရင်လည်း ပရိသတ်တွေရဲ့ အားပေးကြည့်ရှု့ခြင်းတွေကိုရရှိပါတယ်။ကျော်ထက်အောင်အိုင်တင်သရုပ်ဆောင်ချက်တွေက ပီပြင်လွန်းလို့ တက်သစ်စအနုပညာရှင်လို့တောင်မထင်ရက်စရာပါ။အခုနောက်ပိုင်းမှာလည်း အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ဆောင်နေပြီး ပရိတ်သတ်အချစ်ကိုခံယူနေပါတယ်။နောက်ထပ်လည်း ကျော်ထက်အောင်ရဲ့ဇာတ်ကားတွေ ထွက်ရှိလာဦးမှာဖြစ်လို့ ပရိသတ်တွေအားပေးကြပါဦးနော်။

လက်တလောမှာ ကျော်ထက်အောင်ရဲ့ သင်္ကြန်သီချင်းလေးတစ်ပုဒ်ကိုလည်းသီဆိုထားပြီး နီနီခင်ဇော် ခင်လေးနွယ်တို့ပါဝင်သရုပ်ဆောင်ထားတဲ့ သင်္ကြန်သီချင်းမြူးမြူးလေးတစ်ပုဒ်လည်း ထွက်ရှိထားပါတယ်။ကျော်ထက်အောင် အခုလည်း Presentet MC အလုပ်တွေကို ဆက်လက်လုပ်ဆောင်နေပြီး အခုဆိုရင်လည်း ကိုယ့်ရဲ့မင်္ဂလာမော်ကွန်းတင်ရက်မြက်လေးဆိုပြီး အခမ်းအနားမှူးလား သတို့သားလား ဆိုပြီး ပရိသတ်တွေကို ဒိုင်လျှိုလေး စနောက်ထားတဲ့ပုံရိပ်လေးတွေကို မျှဝေပေးလိုက်မို့ ပရိသတ်ကြီးလည်း စဉ်းစားလိုက်ကြပါဦးနော်။

Source:Kyaw Htet Aung

Comments are closed.