နားထောင်သူတိုင်း ရင်ထဲခံစားသွားရမယ့် နေတိုးရဲ့သီချင်းဗီဒီယို

နားထောင်သူတိုင်း ရင်ထဲခံစားသွားရမယ့် နေတိုးရဲ့သီချင်းဗီဒီယို

ပြည်သူ့အချစ်တော် မင်းသားဖြစ်တဲ့ နေတိုးကတော့ မြန်မာနိုင်ငံမှာ အအောင်မြင်ဆုံး မင်းသားတယောက်ဆိုလည်း မမှားပါဘူး။ အမြဲတမ်းလိုလို သူ့ရဲ့ ပရိသတ်တွေကို အကောင်းဆုံးတွေကို ချပြနိုင်ပြီး ပရိသတ်လက်ခံနိုင်တဲ့အရာတွေကိုလည်း အမြဲလိုလို ကြိုးစားပေးတဲ့ မင်းသားတယောက်ဆိုလည်း မမှားပါဘူး။ ဆယ်စုနှစ်တခုကျော်ကြာ အောင်မြင်လာတဲ့ မင်းသားနေတိုးတယောက်ကတော့ လက်ရှိမှာဆိုရင်လည်း သူ့ကိုယ်ပိုင် Studio ကြီးကို တည်ထောင်ထားနိုင်ပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ အဆင့်မှီတဲ့ Story Book ဆိုတဲ့ Studio လေးကို တည်ထောင်ထားတာဖြစ်ပြီး နေတိုးရဲ့ Studio မှာလည်း လက်ရှိချိန်မှာတော့ MTV တွေ ရိုက်ကွင်းတွေကို လက်ခံနေပြီ ဖြစ်ပါတယ်။ သူ့ရဲ့ Studio မှာတော့ သူ့ကိုယ်တိုင် ကြော်ငြာလေးတွေလည်း ရိုက်တာကို တွေ့ရပါတယ်။

လက်ရှိမှာလည်း နေတိုးကတော့ သူ့ရဲ့ Studio မှာ သူ့ကိုယ်ပိုင် သီချင်းလေး ဖြစ်တဲ့ “လရောင်ချော့တေး” ဆိုတဲ့ သီချင်းလေးကို သီချင်းတိုက် အသံသွင်းနေတာ ဖြစ်ပါတယ်။ ဒီလိုသီချင်းတိုက်နေတဲ့ Behind The Scense ဗီဒီယိုလေးကို တင်ထားတာ ဖြစ်ပါတယ်။

ဒီသီချင်းလေးကတော့ နေတိုးရဲ့ ညီဖြစ်သူ မင်းသွေး ကွယ်လွန်တဲ့ အချိန်မှာ ပရိသတ်တွေကြားမှာ အရမ်းရေပန်းစားခဲ့ပြီး ဝမ်းနည်းစရာစာသားလေးတွေကြောင့်လည်း ဒီသီချင်းကို ကြားတာနဲ့ ဝမ်းနည်းလာကြမယ်လို့ ထင်ပါတယ်။ ဒီသီချင်းလေးကို နေတိုးက ပြန်ပြီးတော့ အချောသတ်နေတာ ဖြစ်ပါတယ်။ ဒီသီချင်းလေးရဲ့ Behind The Scenes လေးကို ပြောချင်လွန်းလို့ ပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်။

Comments are closed.