ဈေးရောင်းရတာမျက်နှာငယ်တယ်လို့မခံစားရဘူးဆိုတဲ့ မြတ်ကေသီအောင်

ဈေးရောင်းရတာမျက်နှာငယ်တယ်လို့မခံစားရဘူးဆိုတဲ့ မြတ်ကေသီအောင်

အခုချိန်မှာ ဆိုရင်တော့ခေတ်ဟောင်းမင်းသမီးတစ်လက်ဖြစ်သွားပြီဖြစ်တဲ့ မြတ်ကေသီအောင်ကတော့ သူလက်ရှိဖြတ်သန်းနေတဲ့ ဘဝဖြတ်သန်းမှုလေးတွေကို Sunday နဲ့အင်တာဗျူးတစ်ခုမှာပြောပြထားပါတယ် ။ သူပြောပြသွားတဲ့အကြောင်းတွေကို မြတ်ကေသီအောင်ကိုချစ်တဲ့ပြောချင်လွန်းလို့က မိတ်ဆွေတွေသိရအောင် ပြန်ပြောပြပေးလိုက်ပါတယ်။

အသက်တစ်နှစ်ကြီးသွားပြီး ကိုယ်ကိုယ်တိုင်ကရရှိထားတွေရော ၊ ကိုယ်ရင့်ကျက်လာတဲ့အပိုင်းလေးတွေကိုပြောပြပေးပါဆိုတဲ့ မေးခွန်းကိုတော့ ” ရင့်ကျက်တယ်မရင့်ကျက်ဘူးဆိုတာကတော့ ကိုယ့်ဟိုဟာနဲ့ပဲဆိုင်တာပေါ့ ၊ တစ်ခါတလေကျတော့လည်း တချို့အကြောင်းအရာလေးကျတော့လည်း ဒီနေ့ဒီအချိန်ထိမရင့်ကျက်သေးဘူးလို့ပဲ ခံစားရတယ် ။ တချို့ကိစ္စလေးတွေကျလည်း ဒါငါငယ်ငယ်တုန်းကဆိုရင်တော့ီးလိုအေုခအနေမျိုးဆိုရင် ငါ့ရဲ့စိတ်အတိုင်းသွားမယ် ပေါ့။ အခုကျတော့လည်း ငါထိန်းထိန်းသိမ်းသိမ်းလေးနေနိုင်တယ် ဆိုတော့ ပြောင်းလည်းသွားတယ် ပေါ့နော် ။ အဲ့ဒီလိုမျိုးလည်း တွေးမိပါတယ် ။ “ဆိုပြီးပြောပြခဲ့ပါတယ် ။

Social Media သုံးရတဲ့အပေါ်ခံစားချက်တွေကိုလည်း ” Social Media က အခုနောက်ပိုင်း အစ်မ က ပုံလေးတွေတင်တယ် ပေါ့နော် ။ တင်ပြီးရင်မသုံးတော့ဘူး ။ မကြည့်တော့ဘူး ။ မကြည့်တော့ဘူးဆိုတာကလေ ကြည့်စရာလည်းမရှိဘူးနော် တစ်ယောက်နဲ့တစ်ယောက် ။ အစ်မကတော့ ဗဟုသုတဖြစ်စေမယ့် အရာလေးတွေကိုပဲဖတ်ချင်တာဆိုတော့ တော်တော်များများတော့အခုနောက်ပိုင်းမကြည့်ဖြစ်တော့ဘူး ” လို့ပြောသွားခဲ့ပါတယ် ။

လက်ရှိစီးပွားရေးအခြေအနေကိုလည်း “ဆိုင်လေးကအောင်မြင်ပါတယ် ။ ပါးတဲ့အခါလည်းရှိတာပေါ့ အမြဲတမ်းတော့မရောင်းရပါဘူး ။ရောင်းရတဲ့အခါမျိုးကျလည်း ထိုင်စရာမရှိလောက်အောင်ကို ရောင်းရတယ်။ ငယ်ငယ်ကတည်းက မိဘတွေလက်ထက်ကတည်းက အစ်မတို့ကစီးပွားရေးက အုန်းနို့ခေါက်ဆွဲမုန့်ဟင်းခါး အအေးပေါ့ အဲ့ဒီလိုမျိုးတွေရောင်းလာတယ်ဆိုတော့ ၊ လက်ဖက်အကြော်စုံလည်းရောင်ဖူးတယ် ။ နောက်အင်္ကျီတွေဘာတွေလည်းရောင်းဖူးတယ် ။ဆိုတော့ စီးပွားရေးကလေ ဈေးရောင်းလာတဲ့မိသားစုကဖြစ်နေတော့ ဈေးရောင်းရတာက ကိုယ့်အတွက်အဆင်ပြေတယ် ။ မျက်နှာငယ်တယ်လို့လည်း မခံစားရဘူး ။ ” လို့ပြောပြသွားခဲ့ပါတယ် ။

Comments are closed.