တစ်ယောက်ကိုတစ်ယောက် စိတ်မရှည်တဲ့ အချက်တွေကို ပြောပြလိုက်တဲ့ ဝိုင်းစုနဲ့ အောင်လ

တစ်ယောက်ကိုတစ်ယောက် စိတ်မရှည်တဲ့ အချက်တွေကို ပြောပြလိုက်တဲ့ ဝိုင်းစုနဲ့ အောင်လ

အဆိုကောင်းပြီး ပရိသတ်တွေအများကြီးရှိထားတဲ့ အောင်လ(Reason)နဲ့ဝိုင်းစုခိုင်သိန်းဇနီးမောင်နှံကို မိတ်ဆွေတို့နဲ့အထူးမိတ်ဆက်ပေးနေစရာလိုမယ်မထင်ပါဘူး ။ သူတို့နှစ်ယောက်စလုံးက ကိုယ်စီအောင်မြင်မှုတွေနဲ့ကိုယ်ယုံကြည်ရာလမ်းကိုမရောက်ရောက်အောင်သွားတတ်တဲ့လူတွေဆိုတာကိုလည်းသိထားပြီးသားဖြစ်မှာပါ ။ သူတို့ကအရမ်းချစ်တတ်ကြတယ်ဆိုတာကိုလည်း သိကြပြီးဖြစ်မှာပါ ။ Myanmar Celebrity နဲ့အင်တာဗျူးတစ်ခုမှာတော့ သူတို့နှစ်ယောက်ပြောပြသွားတဲ့အကြောင်းလေးတွေရှိပါတယ်။ သူတို့ပြောပြသွားတာတွေကို ပြောချင်လွန်းလို့ မိတ်ဆွေတွေသိအောင် ပြန်ပြောပြပေးလိုက်ပါရစေခင်ဗျ။

ဝိုင်းစုခိုင်သိန်းက သူတို့နှစ်ယောက်ကြားမှာဖြစ်နေတာလေးတွေနဲ့အောင်လသူ့အပေါ်စိတ်မရှည်တာလေးတွေကို “ဝိုင်းစုအစတုန်းကတော့ အရမ်းအလှပြင်တယ်ပေါ့။ သူကစိတ်သိပ်မရှည်ဘူးသူကRocker ဆိုတော့ကျလေ။နောက်ပိုင်းကျတော့ ကိုယ်ပြင်လွန်းလို့လားမသိဘူးသူမပြောနိုင်တော့ဘူး (သဘောကျလျက်) ဆိုင်တွေဘာတွေသွားပြင်မယ်ဆိုရင်သေူမစောင့်နိုင်ဘူး ။အဲ့ဒီအခါကျရင် ဂကျီဂဂျောင်လုပ်တယ် ။ တစ်နေရာရောက်ရင်ဝိုင်းစုကတစ်ခုပြီးတစ်ခုတစ်နေ့လုံးစားကြာပြီးတော့ ပေါင်းတင်မယ်ဆိုရင်လည်း ပေါင်းတင်ပြီးသွားလို့ရှိရင်ခေါင်းကိုဆံပင်ဆိုးမယ်။အဲ့ဒီလိုမျိုး မျိုးစုံလုပ်တတ်တဲ့သူဆိုတော့ သူကအဲ့ဒီဟာကိုစိတ်မရှည်ဘူး။”လို့ပြောသွားပါတယ်။ အောင်လကလည်း ဝိုင်းစုအပေါ်စိတ်မရှည်တဲ့အချက်ကလေးတွေကို “စိတ်ကတော့ရှည်ပါတယ်။ ဒါပေမယ့် တချို့အဲ့ဒီလိုအလှပြင်ဆိုင်သွားတဲ့အခါဘလုပ်ရမလဲ အကြာကြီးထိုင်နေရမှာငုတ်တုတ်ကြီးထိုင်စောင့်ရမှာဆိုတော့ အဆင်မပြေဘူးလေ။ သူအဲ့ဒီလိုသွားတယ်ဆိုရင် တစ်ခါတလေကျရင် Motherနဲ့သွားရင်သွား မသွားရင်သူ့ကိုပို့ခဲ့ပြီးရင် ကိုယ့်ဘာသာကိုယ် တစ်နေရာသွားရင်သွားပေါ့ ကိုယ့်ဘာသာကိုယ် ဘီယာလေးဘာလေးသွားသောက် ပေါ့(သဘောကျလျက်)”ဆိုပြီးပြေသွားခဲ့ပါတယ်။

အောင်လအလုပ်တစ်ခုခု ဒါမှမဟုတ် အခြားတစ်ခုခုကို စိတ်ဝင်စားနေတဲ့အချိန်မှာဖြစ်တတ်တာလေးတွေကိုလည်း ဝိုင်းစုက “ သူအလုပ်တစ်ခုခုလုပ်နေတဲ့အချိန် Music ဖန်တီးနေတဲ့အချိန် ဒါမှမဟုတ်တစ်ခါတလေကျရင်သူ့ခေါင်းထဲမှာတစ်ခုခုကိုအာရုံရနေတဲ့အချိန်ဆိုရင် သူကတော်ရုံတန်ရုံ စကားမပြောဖြစ်ဘူး ။အဲ့ဒီခါကျတော့အရင်နဲ့မတူဘူးပေါ့လေ ကိုယ်ကပြန်ပြောရတာ။”ဆိုပြီးပြောပြခဲ့သလို အောင်လကလည်း “အဓိကက သီချင်းလုပ်နေတယ် တစ်ခုခုကိုက Mode ရနေတယ် သို့သော်မထွက်ဘူး။ မထွက်ဘူးဆိုတော့ အဓိကက ကိုယ့်ဟာကိုယ်အကုန်တီးတယ်လေ တီးတော့တချို့ဟာတွေကျ မတီးတတ်ဘူး ။မတီးတတ်တော့ ပြန်သင်ပြီးတီး ကိုယ်လိုချင်တဲ့အသံမရမချင်းထိုင်ချိန်ဆိုတော့ အချိန်က တစ်ခါတလေကျရင်တော်တော်ယူရတယ်။ တစ်ရက်နှစ်ရက်လောက်ကြာသွားတယ်။ အဲ့ဒီလိုအခြေအနေမျိုးမှာ ကြားထဲမှာအလုပ်တစ်ခုခုလာဖောက်တာပဲဖြစ်ဖြစ် ဖုန်းလာတာပဲဖြစ်ဖြစ်ဆိုလို့ရှိရင် စိတ်က ကသိကအောက်ဖြစ်သွားပြီး စိတ်မရှည်ဘူး တစ်ခါတလေကျရင် စကားတွေထများရော့။

Comments are closed.