ခပ်ထူထူနှုတ်ခမ်းတစ်စုံနဲ့ ဖွံ့ထွားတဲ့ ရင်သားကို ကမ်းခြေထက်မှာ ဖွင့်ဟပြလိုက်တဲ့ သုသု

ခပ်ထူထူနှုတ်ခမ်းတစ်စုံနဲ့ ဖွံ့ထွားတဲ့ ရင်သားကို ကမ်းခြေထက်မှာ ဖွင့်ဟပြလိုက်တဲ့ သုသု

မိတ်ကပ်ဖန်တီးရှင်တစ်ဦးဖြစ်တဲ့ ညီညီမောင်(စမ်းချောင်း) တစ်ယောက် ကမ်းခြေထက် မှာ sexy ကျတဲ့ အမိုက်စားပုံရိပ်လေးတစ်ခု ရိုက်လိုက်တာပဲဖြစ်ပါတယ်။ မမသုတို့ ကတော့ ဘယ်အချိန် ကြည့်ကြည့် အပြတ်တွေကိုလန်းနေတော့တာပဲနော်။ နှုတ်ခမ်းနီ ကို ရဲနေအောင်ဆိုးထားပြီး ဖွံ့ထွားတဲ့ ရွှေရင်အစုံကို အတိုင်းသားမြင်ရတဲ့ အနေအထား ကနေ selfie ပုံ ရိုက်ကူးထားတာပဲဖြစ်ပါတယ်။

ဟာသ Video လေးတွေ မကြာခဏလုပ်တတ်ပြီး ပရိသတ်တွေဆီကိုပါ သူမရဲ့အပျော်တွေ ကူးဆက် စေသူတစ်ယောက်ပါပဲ။ သြင်္ကန်မှာ သူမကိုသီချင်းဆိုဖို့ သိန်း ၁၅၀ နဲ့ လာရောက်ကမ်းလှမ်းပေမယ့် သူမက သီချင်းမဆိုတတ်တာမို့ ငြင်းလိုက်တယ်လို့ဆိုပါ တယ်။ ကိုယ်မကျွမ်းကျင်တဲ့အရာတစ်ခုကို ပိုက်ဆံရရင်ပြီးရောဆိုပြီး မလုပ်တတ်တဲ့ သုသုရဲ့စိတ်ဓာတ်ကတော့ လေးစားချီးကျူးစရာပါပဲ။

” ကျားကျားကြိုက်ကြိုက် ” ရုပ်ရှင်ဇာတ်ကားကိုလည်း LGBT ညီမတွေဖြစ်တဲ့ ခင်စန်းဝင်း၊ လင်းလင်း၊ မထက်တို့နဲ့အတူတူ ရိုက်ကူးထားပြီး နောက်ထပ်ဇာတ်ကားလည်း ရိုက်ကူးဖို့ ရှိတယ်လို့ဆိုပါတယ်။ အမြဲတမ်းပြုံးရယ်နေတတ်ပြီး ပျော်ပျော်နေတတ်တဲ့ သုသုရဲ့ ကမ်းခြေထက်က အလန်းစားပုံရိပ်လေး တစ်ခုကို တင်ဆက်ပေးလိုက်တယ်နော်။

Photo – Nyi Nyi Maung

Comments are closed.