အမိတက္ကသိုလ်ရဲ့ Fun Fair မှာ ဖျော်ဖြေခွင့်ရလို့ စင်မြင့်ထက်မှာ အပြတ်အသတ် ခုန်ပေါက်ပြီးသီဆိုခဲ့တဲ့ ချစ်သုဝေရဲ့ ဖျော်ဖြေမှု Video

အမိတက္ကသိုလ်ရဲ့ Fun Fair မှာ ဖျော်ဖြေခွင့်ရလို့ စင်မြင့်ထက်မှာ အပြတ်အသတ် ခုန်ပေါက်ပြီးသီဆိုခဲ့တဲ့ ချစ်သုဝေရဲ့ ဖျော်ဖြေမှု Video

ခေတ်လေးနဲ့သစ်လေးတို့ရဲ့မေမေ ထရီဇာကတော့ သမီးလေးနှစ်ယောက်ကို ထိန်းရတဲ့ အပြင် သူမ ဝါသနာပါရာ ဂီတလမ်းကြောင်းပေါ်ကိုလည်း အတိမ်းအစောင်းမရှိ အောင်အောင်မြင်မြင်လျောက်လှမ်း နိုင်သူတစ်ယောက်ပါပဲ။ မိခင်တာဝန်ကိုလည်း အပြည့်အဝကျေပွန်ပြီး ဝါသနာပါရာ လုပ်ငန်းကိုလည်း ပိုင်ပိုင်နိုင်နိုင် လုပ်ကိုင်နိုင်သူ တစ်ယောက်ပါပဲ။ မိသားစုကိုလည်း အချိန်ပေး အလုပ်ကိုလည်း သေချာ လုပ်တဲ့ အရည်အချင်းပြည့်ဝတဲ့ အမျိုးသမီးပါပဲ။

မကြာခင်မှာရောက်ရှိလာတော့မယ့် သြင်္ကန်နေ့ရက်တွေအတွက် တက္ကသိုလ် အသီးသီးက ကျောင်းသြင်္ကန်ပွဲတွေကျင်းပတဲ့အခါမှာ ဆေးတက္ကသိုလ်(၁)ရဲ့ ကျောင်းသြင်္ကန်မှာ သူမက ဖျော်ဖြေဖို့ဖိတ်ကြားခဲ့ခဲ့ရတာပဲဖြစ်ပါတယ်။ ကိုယ်တက် ခဲ့တဲ့ကျောင်းမှာ ကိုယ့်ရဲ့မောင်လေး ညီမလေး တွေကို ပြန်လည်ဖျော်ဖြေရတာမို့ မေမေထရီဇာတစ်ယောက် စင်မြင့်ထက်မှာ ဘယ်လိုတွေပျော်ပြီး ဖျော်ဖြေနေတယ် ဆိုတာတော့ Video လေးက သက်သေပါပဲနော်။

သူမရဲ့ဖျော်ဖြေမှုမှတ်တမ်းလေးကို ” Thingyan mood is on!!!! တပတ်လုံး မှိုင်းနေသမျှ စင်ပေါ်မှာ ခုန်လိုက်တယ်ကွာ Thanks all of my juniors from UM 1 Thanks for inviting me, Saya and ma ma nyein အပျိုကြီး ကြီးဒေါ်ကောက်တုတ် ရိုက်ပေးထားတော့ တင်လိုက်ပြီလေ (ထီလေးများထိုးရင်ကောင်းမလားလို့ ရှားရှား ပါးပါး စိတ်လိုလက်ရနဲ့မို့) ” ဆိုပြီး ဝေမျှလိုက်တာ ပဲဖြစ်ပါတယ်။

Photo – Chit Thu Wai

Comments are closed.