အနီရောင်ဂါဝန်လေးနဲ့ ချစ်သူကိုလွမ်းနေရင်း အမိုက်စားပုံရိပ်တွေကိုပြသလိုက်တဲ့ ဘေဘီမောင်

အနီရောင်ဂါဝန်လေးနဲ့ ချစ်သူကိုလွမ်းနေရင်း အမိုက်စားပုံရိပ်တွေကိုပြသလိုက်တဲ့ ဘေဘီမောင်

ခန္ဓာကိုယ်ကောက်ကြောင်းလှပတဲ့ မင်းသမီးချောလေး ဘေဘီမောင်ကို ပရိသတ်တို့အနေနဲ့ သိကြမယ်ထင်ပါတယ်။ အောင်မြင်တဲ့အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ အတွက် အမြဲဖက်ရှင်အလန်းတွေနဲ့ စတိုင်ကျကျ နေတက်သူလည်းဖြစ်ပါတယ်။ ခေတ်ပေါ်ဝတ်စားဆင်ယင်မှုနဲ့လိုက်ဖက်တာတင် မဟုတ်ပဲ မြန်မာဆန်ဆန်ဝတ်စားဆင်ယင်မှုနဲ့ပါ လိုက်ဖက်ကြောင်းကို သူမရဲ့ အလှပုံရိပ်တွေကသက်သေပြနေတာပဲဖြစ်ပါတယ်။ ဇာတ်ကားပေါင်းများစွာကို လက်ခံရိုက်ကူးထားတာဖြစ်ပြီး သရုပ်ဆောင်ပီပြင်သပ်ရပ်မှုကြောင့် ပရိသတ်အများအပြားရဲ့ အားပေးမှုကို ပိုင်ဆိုင်ထားတာပဲဖြစ်ပါတယ်။

သူမရဲ့တစ်ဦးတည်းသော အဆိုတော်သားဂန်းနဲ့အတူ သာယာအေးချမ်းတဲ့ ချစ်သူဘဝလေးကိုတည်ထောင်နေတာဖြစ်ပါတယ်။ နှစ်ဖက်မိဘများကလည်းသဘောတူထားတာဖြစ်ပြီး သက်ဆိုင်ရာ အနုပညာအလုပ်တွေကို တစ်ဦးနဲ့တစ်ဦးဖေးမလုပ်ကိုင်လျက်ရှိတာဖြစ်ပါတယ်။ ဘေဘီမောင်ဟာ သူမရဲ့မိဘနှစ်ပါးကို ပြုစုလုပ်ကျွေးနေတာဖြစ်ပြီး လိမ္မာရေးကြားရှိတဲ့ ဘာသာတရားကိုင်းရှိုင်းသူတစ်ယောက်ဖြစ်ပါတယ်။

ဘေဘီမောင် ဟာပရိသတ်ကြီးနဲ့အဆက်အသွယ်မပြတ်ရအောင်လူမှုကွန်ယက်စာမျက်နှာတစ်ခုဖြစ်တဲ့ facebook ပေါ်တွင် သူမရဲ့နေ့စဉ်လှုပ်ရှားမှု၊ အနုပညာလှုပ်ရှားမှု အမျိုးမျိုးကို အစဉ်အမြဲဖော်ပြပေးလေ့ရှိတာကို မြင်တွေ့ရမှာပါ..။ အခုတစ်ခါမှာဆိုရင်လည်း အနီရောင်ဂါဝန်လေးနဲ့ ဆွဲဆောင်မှုရှိစွာ လှပနေပြီး “ဘယ်လောက်တောင်လွမ်းနေလဲဆိုတာသိရဲ့လား” ဆိုတဲ့ status လေးနဲ့တကွ ထုတ်ဖော်တင်ဆက်ပြသထားတာကို ပရိသတ်ကြီးလည်းသိရှိခံစားရအောင်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်…။

Source Baby Maung

Comments are closed.