ဖေဖေ ဆင်ပေးထားခဲ့တဲ့ baby cot လေး ထဲမှာ ပျော်နေတဲ့ သမီးလေးရဲ့ပုံရိပ်တွေကို ထုတ်ပြလိုက်တဲ့ မေမေနန်း မြတ် ဖြိုးသင်း
နန်းမြတ်ဖြိုးသင်းကတော့ အနုပညာလောကမှာ ဆယ်နှစ်နီးပါး ဖြတ်သန်းလာခဲ့ပြီး သရုပ်ဆောင် အဆိုတော်တစ်ယောက်အဖြစ်ရပ်နေသူဖြစ်ပါတယ်။ သူငယ်ချင်းဖြစ်သူ နန်းသူဇာနဲ့ အတူတွဲဖက်ပြီး Friend ဆိုတဲ့ ဂီတ album တစ်ချပ်ကိုလည်း ဖြန့်ချိထားခဲ့ပါသေးတယ်။
ဆေးကျောင်းသူတစ်ဦးဖြစ်ပေမယ့်လည်း အနုပညာအလုပ်ကို ဝါသနာပါလို့ ဆရာဝန်ဘဝကို စွန့်လွှတ်ခဲ့တဲ့ နန်းမြတ်ဖြိုးသင်းကတော့ ချစ်ရတဲ့သူနဲ့အိမ်ထောင်ကျပြီး သားလေးတစ်ယောက်၊ သမီးလေးတစ်ယောက်ကို ပိုင်ဆိုင်ထားသူလေး ဖြစ်ပါတယ်။ ပြီးခဲ့တဲ့လပိုင်းကပဲ သူမရဲ့ခင်ပွန်းဖြစ်သူကို ဆုံးရှုံးလိုက်ရတာဖြစ်တာကြောင့် အခုဆိုရင် သားတစ်ယောက်၊ သမီးတစ်ယောက်နဲ့ လောကဓံကို ကြံ့ကြံ့ခိုင်ပြီး ရင်ဆိုင်နေတာပဲဖြစ်ပါတယ်။
ချစ်စရာကောင်းတဲ့သားနဲ့သမီးကို ပိုင်ဆိုင်ထားတဲ့ နန်းမြတ်ဖြိုးသင်းက ကလေးတွေနဲ့ ပျော်စရာအခိုက်အတန့်တွေကို အမြဲတမ်းမျှဝေပေးလေ့ရှိပါတယ်။ ဒီတစ်ခါမှာလည်း ဖေဖေ ဆင်ပေးခဲ့တဲ့ baby cot လေး ထဲမှာ ပျော်နေတဲ့သမီးလေးဂျူးဂျူးရဲ့ပုံရိပ်လေးတွေ နဲ့အတူ  ” သူ့ဖေဖေဆင်ပေးထားတဲ့baby cotလေးထဲမှာသမီးလေးပျော်” ဆိုပြီးရေးသားထားတာပဲ ဖြစ်ပါတယ်။ ချစ်စရာကောင်း တဲ့ ဂျူး ဂျူးလေးရဲ့ ပုံလေးတွေကို ပရိသတ်တွေအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်။
Source : Nann Myat Phyo Thinn’s Facebook Acc
Advertisement
[zawgyi]
Advertisement
Be the first to comment
Leave a Reply
Your email address will not be published.
*