အဖေလိုပဲ အနုပညာသွေးအပြည့်ပါတဲ့ အဆိုတော်ကြီး ဗဒင်ရဲ့သားချောလေး သော်ဖိလုဒင်

အဖေလိုပဲ အနုပညာသွေးအပြည့်ပါတဲ့ အဆိုတော်ကြီး ဗဒင်ရဲ့သားချောလေး သော်ဖိလုဒင်

တစ်ခေတ်တစ်ခါက ဂီတလောကမှာ ဝက်ဝက်ကွဲအောင် ပေါက်ခဲ့တဲ့ အဆိုတော်ကြီး ဗဒင်ကတော့ ဘယ်အချိန်နားထောင်နားထောင် မရိုးတဲ့သီချင်းတွေကို ကိုယ်တိုင်ဖန်တီးပြီး ပရိသတ်ကိုချပြခဲ့တဲ့ အဆိုတော်ကြီးပဲ ဖြစ်ပါတယ်။ အဆိုတော်ကြီး ဗဒင်ကတော့ အောင်မြင်နေဆဲအချိန်မှာပဲ ချစ်ရတဲ့သီချင်းတွေနဲ့ မိသားစုကိုစွန့်ခွာပြီး ဘဝတစ်ပါးသို့ ပြောင်းသွားခဲ့တာကြောင့် ပရိသတ်တွေအားလုံး နှမျောတသ ဖြစ်ခဲ့ရတာပါ။ အဆိုတော်ကြီး ဗဒင်ရဲ့သားချောလေး သော်ဖိလုဒင်ကလည်း အဖေလိုမျိုးပဲ အနုပညာဝါသနာပါတာကြောင့် ကိုယ်ပိုင်သီချင်းတွေလုပ်ပြီး ပရိသတ်ကိုချပြဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။

ချစ်ပရိသတ်တွေအတွက် အဖေနဲ့တူလို့ အနုပညာသွေးအပြည့်ပါတဲ့ အဆိုတော်ကြီးဗဒင်ရဲ့သားလေး သော်ဖိလုဒင်ရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

ပရိသတ်တွေ အရမ်းသဘောကျနှစ်သက်ရတဲ့ အဆိုတော်ကြီးဗဒင်ကတော့ သားလေး သော်ဖိလုဒင် ၂နှစ်အရွယ်​မှာပဲ ကွယ်လွန်အနိစ္စရောက်သွားခဲ့တာ ဖြစ်ပါတယ်။

အဖေလိုပဲ သီချင်းတွေကို ချစ်မြတ်နိုးပြီး ဝါသနာပါလွန်းတဲ့ သော်ဖိလုဒင်ကတော့ လက်ရှိမှာ ကိုယ်ပိုင်သီချင်းတွေဖန်တီးပြီး ကြိုးစားနေတဲ့ လူငယ်လေးတစ်ဦးပဲ ဖြစ်ပါတယ်။

အဆိုတော်ကြီး ဗဒင်ရဲ့တစ်ဦးတည်းသောသားလေး သော်ဖိလုဒင်ကတော့ Cover Song ကိုလည်း အမိုက်စား သီဆိုလေ့ရှိတဲ့အပြင် သူကိုယ်တိုင်ရေးပြီး ကိုယ်တိုင်သီဆိုထားတဲ့ “ရေး” ဆိုတဲ့သီချင်းလေးကိုလည်း လူမှုကွန်ယက်ပေါ်မှာ ဝေမျှပေးထားပါသေးတယ်။ ချစ်ပရိသတ်တွေလည်း အဖေနဲ့တူလို့ အနုပညာကို ဝါသနာကြီးတဲ့ အဆိုတော်ကြီး ဗဒင်ရဲ့သားလေး သော်ဖိလုဒင်ကိုချစ်ရင် ဒီသတင်းလေးကို Share သွားကြဖို့ မမေ့ပါနဲ့နော်။

Source;Thaw Pi Luu Din’s Facebook

Comments are closed.