ငယ်စဉ်က ဝက်ခြံပေါက်ခဲ့ပြီး အမာရွတ်တွေကျန်ခဲ့လို့ ချွေးပေါက်တွေကျယ်လိုက်တာ ရုပ်ဆိုးလိုက်တာဆိုပြီးအပြောခံခဲ့ရတဲ့ ပိုင်ဖြိုးသု

ငယ်စဉ်က ဝက်ခြံပေါက်ခဲ့ပြီး အမာရွတ်တွေကျန်ခဲ့လို့ ချွေးပေါက်တွေကျယ်လိုက်တာ ရုပ်ဆိုးလိုက်တာဆိုပြီးအပြောခံခဲ့ရတဲ့ ပိုင်ဖြိုးသု

ပိုင်ဖြိုးသုကတော့ အနပညာလောကမှာ နာမည်တစ်လုံးနဲ့ ရပ်တည်နေနိုင်ပြီး အောင်မြင်မှုပေါင်းများစွာရရှိထားတဲ့ အနပညာရှင်တစ်ယောက် ဖြစ်ရာသရုပ်ဆောင်ချက်တွေကောင်းမွန်လွန်းတာကြောင့် အကယ်ဒမီတွေရရှိသည်အထိအောင်မြင်နေသူလေးပဲဖြစ်ပါတယ်။ သူမတို့စုံတွဲလေးကတော့ တစ်ယောက်ကိုတစ်ယောက် ဖေးမကူညီရင်း အနုပညာအလုပ်တွေကို အတူတူလုပ်ကိုင်နေကြတဲ့ သူတို့စုံတွဲလေးက ချစ်သူသက်တမ်း ၅ နှစ်အကျော်မှာ အိမ်ထောင်သည်ဘဝကို စတင်တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ သူ

ယနေ့မှတော့ သုသုလေးတစ်ယောက်ကတော့ ” သုသုအသက် (၁၆)နှစ်လောက်က ဝက်ခြံတွေအရမ်းကို ပေါက်ခဲ့တာပါ…..မျက်နှာကြီးတစ်ခုလုံး အပ်ချစရာနေရာမရှိအောင် ကိုယ့်ဖာသာကိုယ်မှန်တောင်မကြည့်ချင်လောက်အောင်ဖြစ်ခဲ့ရတယ်….စိတ်ဓါတ်တွေလည်းအရမ်းကျခဲ့ရတယ်….ဆရာဝန်တွေအမျိုးမျိုးပြောင်းပြ….ဆေးတွေမျိုးစုံစား….. ဝက်ခြံပျောက်ဆေးတွေအသောက်ကောင်းလို့ ဓါတ်မတည့်ဖြစ်ပြီး ဆေးရုံတောင်ရောက်သွားခဲ့ဖူးတယ်….အသက်၂၀ နောက်ပိုင်းမှာတော့ဝက်ခြံတွေသက်သာသွားခဲ့ပေမယ့် ဝက်ခြံကြောင့်ဖြစ်တဲ့အမာရွတ်တွေကျန်ခဲ့ပါတယ်….အဲဒီအမာရွတ်တွေကိုပျောက်ဖို့အမျိုးစုံ ကြိုးစားသော်လည်း သက်သာရုံသာသက်သာပါတယ်…..

အထူးသဖြင့် အလုပ်မှာစိတ်ဖိစီးမှုတွေအရမ်းများ အိပ်ရေးတွေပျက်ရင် အသားအရည်ကပိုဆိုးပါတယ်….ပြစ်မျိုးမှဲ့မထင်အသားရည်ပိုင်ရှင်မိန်းကလေးတွေတွေ့ရင်လည်း သေလောက်အောင်အားကျပါတယ်ဘဝတူအမာရွတ်နဲ့မိန်းကလေးတွေတွေ့ရင်လည်း အရမ်းကိုယ်ချင်းစာမိလို့ ဘယ်တော့မှစိတ်ဓါတ်ကျစေမယ့်စကားမပြောပါဘူး….

“ဟယ်….နင့်မျက်နှာကြီးဘာဖြစ်သွားတာလဲ” “မျက်နှာအသားအရည်ကလဲညံ့လှချည်လား” ” မင်းသမီးဖြစ်ပြီး skin care တောင်မလုပ်တာအပျင်းကြီးလှချည်လား” “ချွေးပေါက်ကြီးတွေကျယ်နေတာရုပ်ဆိုးလိုက်တာ” ” သူ့မျက်ခွက်ကြီးအဲ့လိုဖြစ်နေတာမရှက်ဖူးလားမသိဘူး” အစရှိတဲ့ ချိုးနှိမ်တဲ့စကားတွေ comment တွေဟာ မိန်းမတစ်ယောက်ကို ဘယ်လောက်ထိစိတ်ဒဏ်ရာ ရစေတယ်ဆိုတာ ကိုယ်တိုင်ကြုံတွေ့ဖူး ပြောခံရဖူးမှ ကိုယ်ချင်းစာ နားလည်ပေးနိုင်မှာပါ…မလှချင်တဲ့မိန်းကလေးရယ်လို့တော့မရှိပါဘူး….ဟုတ်ကဲ့…. ပိုင်ဖြိုးသုဆိုတဲ့ကျမမှာ စိတ်ဒဏ်ရာဒဏ်ချက်ပေါင်းများစွာရှိသလို မျက်နှာမှာလည်းဒဏ်ရာပေါင်းများစွာရှိတဲ့ လူသာမန်တစ်ယောက်သာဖြစ်ပါတယ်….ဒီဘဝမှာ သူတစ်ပါးကိုဘယ်တော့မှ ကိုယ့်ကြောင့်စိတ်ဒဏ်ရာရအောင် နာကျင်ရအောင် မပြောဖူးတဲ့အကျိုးကြောင့် နောင်ဘဝမှာတော့ ပြီးပြည့်စုံတဲ့မိန်းကလေးတစ်ယောက် ဖြစ်ခွင့်ရချင်မိပါရဲ့….”ဆိုပြီးရေးသားထားပါတယ်။

source:ပိုင်ဖြိုးသု

Comments are closed.