
မင်္ဂလာစုံတွဲကို ရုပ်တည်ကြီးနဲ့ စနောက်ခဲ့တဲ့ Aquaman မင်းသား
Jason Momoa ကတော့ ပြီးခဲ့တဲ့ သောကြာနေ့တုန်းက Hawaii ပြည်နယ် Oahu ကျွန်းမှာ ဓါတ်ပုံရိုက်ကူးခဲ့တဲ့ မင်္ဂလာ မောင်နှံကို စနောက်ခဲ့တာပါ။ အသက် (၃၉)နှစ်ရှိနေပြီဖြစ်တဲ့ Jason Momoa ကတော့ ဒူးကျ ဘောင်းဘီတို နဲ့ စွပ်ကျယ်လိုအကျီင်္ကို ၀တ်ဆင်ထားပြီး ဓါတ်ပုံရိုက်နေတဲ့ မင်္ဂလာစုံတွဲကို Aquaman ထဲက Pose အတိုင်း နောက်ပြောင်ခဲ့တာပါ။



‘Best wedding crasher ever! Thanks for being so awesome!’ ဆိုပြီး လက်ထပ်ပွဲကို စီစဉ်ပေးတဲ့ Planner ဖြစ်တဲ့ Carina Cooper ကတော့ IG မှာ ရေးပြီး ပုံတွေ တင်ထားပါတယ်။ Momoa ကတော့ သူ့ရဲ့ ဇာတ်ကားသစ်အထူးပွဲအတွက် မွေးရပ်မြေ Hawaii ကို ရောက်နေခဲ့တာပါ။ မင်္ဂလာစုံတွဲကတော့ သူတို့အစီအစဉ်နဲ့ သူတို့ ဓါတ်ပုံ ရိုက်နေခဲ့တာပါ။ Carina Cooper ကတော့ “ဒါဟာ တကယ်ပဲ အစီအစဉ်မရှိပဲ အလိုအလျောက် ဖြစ်သွားခဲ့တဲ့ ကိစ္စလို့ ပြောခဲ့ပါတယ်။ Momoa ကိုယ်တိုင်ကလည်း Hawaii မှာ မွေးဖွားခဲ့သူပါ။ ဓါတ်ပုံဆရာကနေ Photo shooting မှာ ပါဝင်ပေးဖို့ ပြောတဲ့ အခါမှာ Momoa က ကျေကျေနပ်နပ်ကြီးကို လက်ခံပါဝင် ပေးခဲ့တာပါ။READပိုးကောင် ကြောက်ရတဲ့ အကြောင်းအရင်းကို ထုတ်ပြောခဲ့တဲ့ ဂျီဟို



Momoa ရဲ့ Aquaman ဇာတ်ကားကတော့ လက်တလောမှာ အရမ်းကို နာမည်ကြီးနေပါတယ်။ ပြီးခဲ့တဲ့ ကြာသပေ တးနေ့က preview screening မှာတော့ ခန့်မှန်းချေအားဖြင့် ကန်ဒေါ်လာ (၁၃.၇)သန်း အထိ ရခဲ့တယ်လို့ Box Office Mojo ရဲ့ ဖော်ပြချက်အရသိရပါတယ်။ အဖွင့်မှာ ရက်သတ္တပတ်မှာတင်ပဲ ကန်ဒေါ်လာ သန်း(၇၀) နဲ့ သန်း (၈၀) အထိ ရှိခဲ့ကာ Bumblebee ကို ကျော်တက်သွားခဲ့တာပါ။နိုင်ငံတကာ box office ရဲ့ ထိပ်ဆုံးနေရာမှာပါ ရပ်တည်ခဲ့ပြီး ပြည်ပဈေးကွက်မှာတော့ ကန်ဒေါ်လာ (၂၆၆.၄)သန်း အထိ ရခဲ့ပါတယ်။ Momoa ရဲ့ Aquaman ကို (၂၀၁၆) ရဲ့ Batman v Superman: Dawn of Justice မှာ ပထမဆုံး မိတ်ဆက်ပေးခဲ့ဖူးပါတယ်။READအိမ်အသစ်ဝယ်လိုက်ပြီဖြစ်တဲ့ Rain နဲ့ Kim Tae Hee



Source dailymail