စိုင်းစိုင်းခမ်းလှိုင်အတွက် မြို့လည်ခောင်မှာ ဘုတ်ထောင်ပြီး မွေးနေ့ဆုတောင်းပေးခဲ့တဲ့ မန္တလေးမြို့က ပရိသတ်တွေ

စိုင်းစိုင်းခမ်းလှိုင်အတွက် မြို့လည်ခောင်မှာ ဘုတ်ထောင်ပြီး မွေးနေ့ဆုတောင်းပေးခဲ့တဲ့ မန္တလေးမြို့က ပရိသတ်တွေ

နှစ်ပောင်းများစွာ အောင်မြင်မှုတွေ ရရှိနေတဲ့ အဆိုတော် စိုင်းစိုင်းခမ်းလှိုင်က မကြာခင်မှာပဲ အသက်(၄၀) ပြည့်တော့မှာ ဖြစ်ပြီး သူ့ရဲ့ မွေးနေ့ Show ကြီးကို ခမ်းခမ်းနားနား ကျင်းပမှာ ဖြစ်ပါတယ်။ သရုပ်ဆောင်ရော အဆိုပါ ထူးချွန်တဲ့ စိုင်းစိုင်းခမ်းလှိုင်က မြန်မာနိုင်ငံရဲ့ အအောင်မြင်ဆုံး အဆိုတော်တစ်ယောက်ဖြစ်ပြီး အားပေးသူ ပရိသတ်အခိုင်အမာ ရှိတဲ့ အနုပညာရှင်တစ်ဦး ဖြစ်ပါတယ်။ ပရိသတ်များစွာထဲမှ စိုင်းစိုင်းခမ်းလှိုင်က မိန်းကလေးပရိသတ် တော်တော်များများရဲ့ အသည်းစွဲအဆိုတော်တစ်ယောက်ပါပဲ။

ဧပြီ (၁၀) ရက်နေ့ကတော့ စိုင်းစိုင်းခမ်းလှိုင်ရဲ့ မွေးနေ့လေးဖြစ်ပြီး ပရိသတ်တွေက တော်တော်လေး စိတ်လှုပ်ရှား ရင်ခုန်နေကြတာ ဖြစ်ပါတယ်။ ရန်ကုန်က ပရိသတ်တွေကလဲ စိုင်းစိုင်းရဲ့ မွေးနေ့ရှိုးကို ကြည့်ဖို့ ရင်ခုန်နေကြသလို အနယ်နယ် အရပ်ရပ်က ပရိသတ်တွေကလဲ ရင်ခုန်နေကြတာ ဖြစ်ပါတယ်။

ဒီနှစ်မှာတော့ မန္တလေးမြို့က ပရိသတ်တွေက စိုင်းစိုင်းခမ်းလှိုင်ရဲ့ မွေးနေ့အတွက် မြို့လည်ခေါင်မှာ ဘုတ်ကြီးထောင်ပြီး စိုင်းစိုင်းရဲ့ ပုံနဲ့ မွေးနေ့ဆုတောင်း ပေးထားတာကို တွေ့ရပါတယ်။

စိုင်းစိုင်းကလဲ သူ့ရဲ့ ချစ်ပရိသတ်တွေရဲ့ မွေးနေ့လက်ဆောင်လေးကြောင့် တော်တော်လေးကို အံ့အားသင့် ဝမ်းသာသွားတဲ့ ပုံပါပဲ။ “မန္တလေးမှာတဲ့ဗျား ကြွေဘီလေ” ဆိုပြီး ပြောထားပါတယ်။

မန္တလေး ပရိသတ်တွေကတော့ စိုင်းစိုင်းခမ်းလှိုင်ကို တော်တော်လေး ချစ်တဲ့ပုံပဲနော်။ သူတို့ မန္တလေးမြို့မှာ ရှိုးမလုပ်ဖြစ်ပေမယ့် မန္တလေးပရိသတ်တွေကတော့ မမေ့မလျော့ပဲ စိုင်းစိုင်းအတွက် မွေးနေ့ဆုတောင်းပေးထားတာ ဖြစ်ပါတယ်။ ပရိသတ်က ချစ်တဲ့ စိုင်းစိုင်းခမ်းလှိုင်နဲ့ စိုင်းစိုင်းခမ်းလှိုင်က ချစ်တဲ့ ပရိသတ်တွေ နောက်နှစ်ပေါင်းများစွာတိုင် အတူတူ ပျော်ရွှင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Sai Sai Kham Leng’s fb

Comments are closed.