Gravity အပြင်ဘက်ကို တကယ်ရောက်သွားသလို အမိုက်စား ရိုက်ကူးထားတဲ့ ထက်​ယံရဲ့”နွေးသွားတယ်”သီချင်းဗီဒီယို

Gravity အပြင်ဘက်ကို တကယ်ရောက်သွားသလို အမိုက်စား ရိုက်ကူးထားတဲ့ ထက်​ယံရဲ့”နွေးသွားတယ်”သီချင်းဗီဒီယို

လတ်တလော လူမှုကွန်ယက်ပေါ်မှာ နာမည်ကြီးနေတဲ့ သက်တံ့ကြီးတောင် ကွေးသွားတယ်လို့ တင်စားထားတဲ့ အဆိုတော် ထက်ယံရဲ့ “နွေးသွားတယ်” သီချင်းလေးကတော့ မြူးမြူးလေးနဲ့ နားထောင်လို့ကောင်းတာမို့ လူတိုင်းရဲ့ပါးစပ်ဖျားမှာ တော်တော်လေး ရေပန်းစားနေတာပါ။ လတ်တလောမှာတော့ ထက်ယံက “နွေးသွားတယ်” သီချင်းလေးကို အမိုက်စား ကောင်မလေး နွယ်ဒါလီထွန်းနဲ့ Romantic ဆန်ဆန်လေး ရိုက်ကူးထားတာ တွေ့ရပါတယ်။ သီချင်းလေးကလည်း မြူး MV လေးကလည်း မိုက်တာမို့ ပရိသတ်တွေကလည်း ထက်ယံရဲ့သီချင်းဗီဒီယိုလေးကို တော်တော်လေး သဘောကျနေကြတာပါ။

ချစ်ပရိသတ်တွေအတွက် တကယ့် Gravity အပြင်ဘက်ကို ရောက်သွားသလို ခံစားရမယ့် ထက်ယံရဲ့”နွေးသွားတယ်” သီချင်းလေးကို ဖော်ပြပေးလိုက်ပါတယ်နော်။

ထက်ယံကတော့ အဆိုပါ “နွေးသွားတယ်” သီချင်းလေးကို ဖန်တီးဖြစ်ခဲ့ပုံနဲ့ ပတ်သတ်ပြီးတော့ သိပ်လှတဲ့ ကောင်မလေးတစ်ယောက်ကို တွေ့လိုက်တဲ့အခါ အရာအားလုံးက မဖြစ်နိုင်တဲ့ အရာတွေကြီး ဖြစ်သွားတယ်ဆိုပြီး တင်စားထားတဲ့အကြောင်း ရေးသားထားတာလို့ အင်တာဗျူးတွေမှာ ဖြေထားပါသေးတယ်။

နွယ်ဒါလီထွန်းနဲ့ အမိုက်စားသရုပ်ဆောင်ထားတဲ့ ထက်ယံရဲ့”နွေးသွားတယ်” သီချင်းဗီဒီယို

ထက်ယံရဲ့ “နွေးသွားတယ်” သီချင်းလေးကိုတော့ ဒါရိုက်တာ မေဘရဏီက ပုံဖော်ရိုက်ကူးထားတာဖြစ်ပြီး အမိုက်စား ကောင်မလေး နွယ်ဒါလီထွန်းက အဓိက ပါဝင်သရုပ်ဆောင်ထားတာပဲ ဖြစ်ပါတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း တကယ့်ကို နားထောင်လို့ကောင်းတဲ့ ထက်ယံရဲ့”နွေးသွားတယ်” သီချင်းလေးကို သဘောကျတယ်ဆိုရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။

Source;V7 Entertainment

Comments are closed.