
တစ်ခါလောက်အလည်အပတ်သွားကြည့်သင့်တဲ့ နတ်သမီးပုံပြင် ဆန်ဆန် ဂျာမန်ရွာလေး
ဂျာမနီနိုင်ငံဟာ ပထမနဲ့ ဒုတိယ ကမ္ဘာစစ်ပွဲတွေမှာ ပျက်ဆီးဆုံးရှုံးမှု အများဆုံးနေရာထဲမှာ တစ်ခုအပါအဝင်ဖြစ်ပေမယ့် လှဆဲပဆဲ ဂန္တဝင်ဆန်ဆဲ နိုင်ငံတစ်နိုင်ငံပဲဖြစ်ပါတယ်။ ကျက်သရေရှိလှတဲ့ နန်းတော်ကြီးတွေ၊ လှပစွာသွယ်တန်းနေတဲ့ တောင်တန်းတွေနဲ့ ဘာလင်ရဲ့ ပျိုမြစ်နုနယ်တဲ့ လမ်းမထက်က ညခင်းအတွေ့အကြုံတွေကို အပြည့်အဝခံစားနိုင်ပါတယ်။
ဒီတစ်ခါမှာတော့ ဂျာမနီမြို့ပေါ်မဟုတ်ဘဲ နယ်ဘက်လေးတွေအကြောင်းပါ။ နတ်သမီးပုံပြင်ဆန်ဆန် ပုံပြင်တွေထဲကလို ယစ်မူပြီးစိတ်ကူးယဉ်ဆန်တဲ့ ရွာလေးတွေ၊ မြို့ဟောင်းလေးတွေကို ဖော်ပြပေးချင်ပါတယ်။
Rothenburg od der Tauber

အလယ်ပိုင်းခေတ်ရဲ့အငွေ့အသက်တွေကို ခံစားရမယ့် မြို့ဟောင်းလေးပဲဖြစ်ပါတယ်။ မြို့ရဲ့အိမ်အဆောက်အအုံတွေတစ်ဝက်လောက်ဟာ သစ်သားနဲ့ဆောက်လုပ်ထားပြီး ကာတွန်းကားတွေနဲ့၊ ရှေးဟောင်းခေတ်အကြောင်းရိုက်ကူးထားတဲ့ ရုပ်ရှင်တွေထဲမှာတွေ့ရတဲ့ မြို့ပုံသဏ္ဍာန်လေးနဲ့ သိပ်ကိုဆင်တူပါတယ်။ ဂျာမနီရဲ့ အလှဆုံးမြို့လေးလို့ တင်စာားကြပြီး ခရစ်စမတ်အပြီး နွေဦးကာလနဲ့ နွေရာသီတို့မှာတော့ အလှပဆု့းဖြစ်ပါတယ်။ Harry Potter ဇာတ်လမ်းရဲ့ Deathly Hallows Part 1 ရော 2 ကိုပါ ဒီမှာပဲ casting လာလုပ်သွားတာဖြစ်ပါတယ်။READတစ်ခေါက်လောက်တော့ ရောက်ဖူးသင့်တဲ့ ကမ္ဘာ့အလှဆုံးနေရာလေးတွေ
Rüdesheimam Rhein

Rhine မြစ်ဟာဂျာမန်တို့ရဲ့အချစ်မြစ်လို့ တင်စားခေါ်ဝေါ်နိုင်လောက်တဲ့ romantic ဆန်ဆန်ရေကြောင်းတစ်ခုစြဖ်ပါတယ်။ Bonn နဲ့ Rüdesheim တို့ နှစ်မြို့ကြား စပျစ်ခြံတွေ၊ တောင်ကုန်လေးတွေနဲ့ လှပစွာ တည်ရှိလျက်ရှိပါတယ်။ ခေတ်နောက်ကျတဲ့ပုံသဏ္ဍာန်မျိုးနဲ့ ခရီးသွားတွေကို Rüdesheim မှ ဆွဲဆောင်လေ့ရှိပြီး သမိုင်းဝင်အဆာက်အအုံတွေ၊ ရှေးခေတ်အိမ်လေးတွေနဲ့ ဝိုင်ပြခန်းများ၊ ရိုးရာစားသောက်ဆိုင်များ အလွန်ပေါများတဲ့အတွက်ကြောင့် ထင်ရှားပါတယ်။
Meersburg

Constance ရေကန်ဟာ ထူခြားစွာနဲ့ပဲ ဂျာမန်၊ ဆွိဇလန်နဲ့ သြစီမှမြို့ရွာတော်တော်များများမှ ပတ်လည်ဝိုင်းနေပါတယ်။ ဒီထဲမှာတော့ မြို့ငယ်လေးဖြစ်တဲ့ Meersburg ဟာ လည်း အပါအဝင်ဖြစ်ပါတယ်။ ရေကန်တစ်ဝိုက်ရှုခင်းနဲ့ တောင်ကုန်းတောင်တန်းတွေရဲ့ ရှုခင်းတို့ဟာ ရောင်စုံ အဆောက်အဦလေးတွေရှိနေတဲ့ မြို့လေးနဲ့ သိပ်ကို လိုက်ဖက်ညီလွန်းလှပါတယ်။ နတ်သမီးပုံပြင်တွေထဲကလို ပုံမှန်အဖြာင့်တိုင်းမဟုတ်ဘဲ လမ်းလိမ်လိမ်ကွေ့ကွေ့လေးတွေ၊ သစ်သားအိမ်လေးတွေနဲ့ (၇) ရာစုက တည်ဆောက်ထားခဲ့တယ်လို့ သိရတဲ့ မြို့နယ်စပ်တောင်ကုန်တွေဆီက Alte Burg နန်းတော်ဟာလည်း ထင်ရှားပါတယ်။READဘ၀မှာ တစ်ခါတစ်ခေါက်တော့ ရောက်သွားသင့်တဲ့ နေရာ(၅)ခု
Meissen

ဂျာမနီရဲ့နွေဦးကာလနဲ့ Meissen ဟာ ခွဲလို့မရတဲ့ ဥတုနဲ့ဒေသလေးပါ။ ဗိသုကာလက်ရာတွေအရထင်ရှားပြီး နှစ်ပေါင်း (၁၀၀) ကျော်သက်တမ်းရှိနေတဲ့ Meissen Cathedral ဘုရားကျောင်းနှင့် ဂျာမနီရဲ့ သက်တမ်းအရင့်ဆုံး Albrechtsburg နန်းတော်တို့မှာ ထင်ရှားပါတယ်။
Schiltach

စိုစွတ်နေတဲ့သစ်တောတွေကြောင့် တောင်တက်တာတွေ သစ်တွေင်း ခြေလျင်လမ်းလျှောက်တာတွေလုပ်နိုင်ပြီး spa ပါပဲတဲ့ ဟိုတယ်တွေလည်းရှိပါတယ်။ ဂျာမနီရဲ့ Timber-frame road တွေရှိတဲ့ မြို့လေးထဲက တစ်မျိုးဖြစ်ပြီး အမြင်ဆန်းတဲ့ အိမ်ပုံလေးတွေကြောင့် ဓာတ်ပုံလှလှလေးတွေ အများကြီးထွက်မယ့်မြို့ငယ်လေးလို့ ဆိုနိုင်ပါတယ်။
Source: Culture Trip
Penny