မာန်အောင်ကျွန်းတစ်ခွင် လည်ပတ်ရင်း ပျော်ရွှင်နေကြတဲ့ နေတိုးတို့နှင်းဆီအဖွဲ့သားတွေရဲ့ ဗီဒီယို

မာန်အောင်ကျွန်းတစ်ခွင် လည်ပတ်ရင်း ပျော်ရွှင်နေကြတဲ့ နေတိုးတို့နှင်းဆီအဖွဲ့သားတွေရဲ့ ဗီဒီယို

ပရိသတ်တွေရဲ့အချစ်တော် မင်းသားကြီး နေတိုးကတော့ လက်ရှိမှာ သူရဲ့မွေးရပ်မြေဖြစ်တဲ့ ရခိုင်ပြည်နယ်၊ မာန်အောင်မြို့လေးကို ပြန်လည်ရောက်ရှိနေတာ တွေ့ရပါတယ်။ အနှစ် (၂၀) ကျော်ကြာမှ ဇာတိမြေကို ပြန်လည်ရောက်ရှိခဲ့တဲ့ နေတိုးကိုတော့ သူရဲ့ပရိသတ်တွေက ဝမ်းသာအားရ ကြိုဆိုနှုတ်ဆက်ခဲ့ကြပါတယ်။ နေတိုးက ညီလေးမင်းသွေးဖြစ်စေချင်တဲ့ ဘုရားထီးတင် အလှူတော်မင်္ဂလာပွဲကြီးအတွက် မိသားစုနဲ့အတူ ပြန်လာခဲ့တာ ဖြစ်ပါတယ်။

အခုဆိုရင်တော့ နေတိုးတို့မိသားစုရဲ့ အလှူတော်မင်္ဂလာပွဲကြီးက စည်ကားသိုက်မြိုက်စွာနဲ့ အောင်အောင်မြင်မြင် ကျင်းပပြီးစီးခဲ့ပြီ ဖြစ်ပါတယ်။ အခုလည်း နေတိုးနဲ့အတူ သူငယ်ချင်းတွေဖြစ်ကြတဲ့ နှင်းဆီအဖွဲ့သားတွေအားလုံးကလည်း မာန်အောင်ကျွန်းကို သွားရောက်လည်ပတ်ခဲ့ကြတာ တွေ့ရပါတယ်။ ပျော်ပျော်ရွှင်ရွှင်နဲ့ လည်ပတ်နေကြတဲ့ နေတိုးတို့အဖွဲ့ရဲ့ ပုံရိပ်တွေနဲ့ ဗီဒီယိုဖိုင်လေးကလည်း အရမ်းကို ကြည်နူးပျော်ရွှင်စရာကောင်းနေတာ ဖြစ်ပါတယ်။

နေတိုးတို့အဖွဲ့က မာန်အောင်ကျွန်းသဘာဝကို အခြေခံသော ခရီးသွားဖွင့်ဖြိုး တိုးတတ်ရေးစီမံကိန်း ပြုလုပ်နေသော နေရာများကို အတူလေ့လာခဲ့ကြတာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် နေတိုးနဲ့ နှင်းဆီအဖွဲ့သားတွေက မာန်အောင်မြို့က ပရိသတ်တွေ ပျော်ရွှင်စေဖို့အတွက်လည်း ပါဝင်ဖျော်ဖြေပေးခဲ့ပါသေးတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် နေတိုးတို့နှင်းဆီအဖွဲ့သားတွေရဲ့ ပျော်ရွှင်စရာ ခရီးသွားဗီဒီယိုဖိုင်လေးကို အောက်မှာ တင်ဆက်ပေးလိုက်ပါတယ်နော်။

Source:7th Sense Creation & Nyar Na;

photo & video: credit;

Comments are closed.