Wonder Woman 1984 ရိုက်ကူးရေးတွေ ပြီးစီးသွားပြီလို့ ဖွင့်ဟခဲ့တဲ့ Gal Gadot

Wonder Woman 1984 ရိုက်ကူးရေးတွေ ပြီးစီးသွားပြီလို့ ဖွင့်ဟခဲ့တဲ့ Gal Gadot

Gal Gadot ကတော့ ပရိသတ်တွေနဲ့ အထူးမိတ်ဆက်ပေးဖို့ မလိုတဲ့ မင်းသမီးချောလေးပါ။ အသက်(၃၃)နှစ်ရှိနေ ပြီဖြစ်တဲ့ အစ္စရေးမင်းသမီး၊မော်ဒယ်၊ရုပ်ရှင်ထုတ်လုပ်သူတစ်ယောက်ပါ။ သူမဟာ Wonder Woman ဇာတ်ကား နဲ့ လူသိများလာသူဖြစ်ပြီး လူငယ်မိန်းကလေးတွေရဲ့ အားကျ အတုယူလေးစားမှုကို ရရှိထားသူပါ။ကိုကိုတွေရဲ့ ကြားမှာ မတ်မတ် ဆိုပြီး နာမည်ကြီးနေတဲ့  Gal Gadot ကတော့ သူမရဲ့ Wonder Woman 1984 ဇာတ်ကား ရိုက်ကူး ရေးတွေပြီးစီးသွားပြီလို့ သိရပါတယ်။

.pinterest.
.pinterest.
.pinterest.

Wonder Woman 1984 ကတော့ အရင်က အရမ်းကို နာမည်ကြီးခဲ့တဲ့ သူမရဲ့ Wonder Woman ဇာတ်ကား ရဲ့ အဆက် ပါ။ Wonder Woman ကတော့ Box Office မှာ ကန်ဒေါ်လာ သန်း (၈၀၀) ကျော်အထိ ၀င် ငွေ ရပြီး အ ကြီးအကျယ်ကို အောင်မြင်ခဲ့တဲ့ ဇာတ်ကားပါ။ဒီကားကြောင့် Gal Gadot တစ်ယောက် နာမည်ကြီးခဲ့ တာပါ။Wonder Woman 1984 ရိုက်ကူးရေးတွေပြီးစီးခဲ့တဲ့ အကြောင်းကိုတော့ Gal Gadot  က သူမရဲ့ IG မှာ “We did it. Again!!”  လို့ Caption ရေးပြီး Post တင်ခဲ့တာပါ။

“ပထမ Wonder Woman  ရိုက်ကုးရေးကတော့ လုံးဝကို အံ့အား သင့်စရာဖြစ်ခဲ့ပြီး ဒီတစ်ခါကတော့ ပိုမိုက်တယ်”  ဆိုပြီး ရေးထားခဲ့တာပါ။ သူမရဲ့ ရေးသားချက်အရ ဇာတ်ကားကို နိုင်ငံပေါင်း(၃)နိုင်ငံက မတူတဲ့ နေရာ (၄)နေရာမှာ ရိုက် ကူးခဲ့ကြောင်း၊ ရိုက်ကူးရေးအဖွဲ့သား တစ်ထောင် နီးပါးက နေ့တိုင်းရောက်လာပြီး ရိုက်ကူးရေးအတွက် ပြင်ဆင်ရိုက် ကူး ပေးခဲ့ရတယ်လို့ ဆိုပါတယ်။ Patty Jenkins (အမျိုးသမီးဒါရိုက်တာ) လို လူမျိုးက သူမရဲ့ ဒါရိုက်တာဖြစ်တဲ့ အတွက် အရမ်းကို ကံကောင်းကြောင်း၊ သူမကို ရဲစွမ်းသတ္တိနဲ့ ခွန်အားတွေပေခဲ့ကြောင်း၊ ကိုယ်ပိုင်ဥာဏ်နဲ့ ဘယ်လိုမျိုးဖန်တီး သရုပ်ဆောင်ရမလဲ ဆိုတာကို သိလာအောင် ကူညီပေးခဲ့တယ်လို့ ဆိုထားပါတယ်။ဒီလို အတွေ့ အကြုံ ကို စကား နဲ့ တောင် ဖော်ပြလို့ မရဖူးလို့ ပြောခဲ့ပါတယ်။ဒီဇာတ်ကောင်ကိုလည်း အရမ်းကို ကြိုက်ကြောင်းနဲ့ (၂၀၂၀) ကျရင် ပရိသတ်တွေ ဆီကို အရောက်ပို့ဖို့ စိတ်လှုပ်ရှားပော်ျရွှင်နေပါတယ်လို့လည်း ပြောထားပါတယ်။READဒူဘိုင်းမှာပါ အောင်မြင်မှု မှတ်တိုင်စိုက်ထူခဲ့တဲ့ EXO

Just Jared
Just Jared

ပုံတွေထဲမှာတော့ သူမနဲ့ ဒါရိုက်တာ Jenkins တို့ရဲ့ ပုံတွေလည်း ပါပါတယ်။ Wonder Woman 1984 မှာတော့ Kristen Wiig  က ဗီလိန်ဇာတ်ကောင်အသစ် အဖြစ် ပါဝင်ထားပါတယ်။ Chris Pine ကိုတော့ Steve Trevor  ဇာ တ်ကောင်နေရာကနေ ထပ်ပြီးတွေ့ရအုံးမှာပါ။ Wonder Woman 1984  ကိုတော့ (၂၀၂၀) ဇွန် (၅)ရက်နေ့ မှာ ပြသ မယ်လို့ သိရပါတယ်။

.pinterest
.pinterest

Source deadline.

Comments are closed.