သူငယ်ချင်းတွေ လုပ်ပေးခဲ့တဲ့ Surprise ကြောင့် မျက်ရည်ကျလောက်တဲ့ထိ ဝမ်းသာခဲ့ရတဲ့ အေးဝတ်ရည်သောင်း

သူငယ်ချင်းတွေ လုပ်ပေးခဲ့တဲ့ Surprise ကြောင့် မျက်ရည်ကျလောက်တဲ့ထိ ဝမ်းသာခဲ့ရတဲ့ အေးဝတ်ရည်သောင်း

မအေးသောင်းဆိုပြီး ပရိသတ်တွေ ချစ်စနိုးနဲ့ ခေါ်ကြတဲ့ အေးဝတ်ရည်သောင်းက အနုပညာလုပ်ငန်းတွေနဲ့ ဝေးကွာခဲ့ပြီးနောက အနုပညာလောကထဲကို ပြန်လည်ဝင်ရောက်လာခဲ့တာ အောင်မြင်မှုတွေ ပိုလို့တောင် ရရှိခဲ့တာပဲ ဖြစ်ပါတယ်။ အေးဝတ်ရည်သောင်းက လက်ရှိမှာ အနုပညာလုပ်ငန်းတွေကို ဆက်တိုက်ဆိုသလို လုပ်ကိုင်နေပြီပဲ ဖြစ်ပါတယ်။ အေးဝတ်ရည်သောင်းက မုန်းစွဲ ရုပ်ရှင်ဇာတ်ကားနဲ့ အကယ်ဒမီလွဲခဲ့ပေမယ့် ပရိသတ်တွေက ပိုလို့တောင် အားပေးကြတာကို ပိုင်ဆိုင်ထားသူလေးလဲ ဖြစ်ပါတယ်။

အေးဝတ်ရည်သောင်းကို ချစ်ကြတဲ့ ပရိသတ်တွေနဲ့ သူမရဲ့ သူငယ်ချင်းတွေက အကယ်ဒမီဆုကြီးနဲ့ လွဲခဲ့ရတဲ့ အေးဝတ်ရည်သောင်းအတွက် အားပေးနှစ်သိမ့်တဲ့ ဂုဏ်ပြုကြပွဲလေးကို ဧပြီလ (၇) ရက်နေ့က ကျင်းပပေးခဲ့ပါတယ်။ သူငယ်ချင်းတွေနဲ့ ပရိသတ်တွေရဲ့ Surprise လုပ်ပေးမှုကြောင့် မအေးသောင်းတစ်ယောက် အတိုင်းမသိ ဝမ်းသာခဲ့ရကြောင်းကို အခုလိုပဲ မျှဝေထားပါတယ်။

သူမပုံတူလေးတွေကြည့်ပြီး ပျော်ရွှင်နေတဲ့ မအေးသောင်း

“ဘဝမှာ မိတ်ဆွေကောင်း သူငယ်ချင်းကောင်း ရှိခြင်းကလည်း ကံကောင်းခြင်းတမျိုး မင်္ဂလာတစ်ပါးပါပဲနော်။ အသစ်အိမ် ဆိုင်သူငယ်ချင်းတွေ , မိတ်ဆွေတွေ နဲ့ Facebook က ကျွန်မကိုချစ်ကြတဲ့ အမျိုးတွေ(Fanတွေပေါ့နော်) အားပေးနှစ်သိမ့်တဲ့ ဂုဏ်ပြုကြပွဲလေးကို မနေ့ကလုပ်ပေးခဲ့ပါတယ်။ အရမ်းပျော်လွန်းလို့ မျက်ရည်တောင်ကျရပါတယ်။”

ပရိသတ်တွေ စေတနာ အပြည့်နဲ့ ပေးတဲ့ လက်ဆောင်တွေကို ကြည့်ပြီး ပျော်ရွှင်နေတဲ့ မအေးသောင်း

“ကိုယ့်ကိုချစ်တဲ့သူ ကိုယ့်အားငယ်ချိန်အားပေးပြီး ကိုယ့်အနားမှာရှိပေးကြတဲ့ တစ်ဦးစီတိုင်းကို အရမ်းကျေးဇူးးတင်ရပါတယ်။ အများကြီးထပ်ကြိုးစားဖို့ အားတွေအများကြီးရှိသွားပါပြီနော် ……တစ်ပုံချင်းစီသေချာကြည့်ပေးပါနော် Ps: အေဝမ်းရုပ်ရှင်ခြံရဲ့ မျိုးဆက်တဦးဖြစ်တဲ့ အကယ်ဒမီဒါရိုက်တာဘဘဦးတင်ယုရဲ့ သမီးမေမေဇင်သီ့ကိုလည်းအထုးကျေးဇူးတင်ပါတယ်ရှင်။” ဆိုပြီး မျှဝေထားပါတယ်။

သူငယ်ချင်း မိတ်ဆွေတွေကြောင့် မျက်ရည်ကျလောက်တဲ့ထိ ဝမ်းသာခဲ့ရတဲ့ အေးဝတ်ရည်သောင်း

မအေးသောင်းကတော့ သူမကို ချစ်တဲ့ သူတွေကို ပိုင်ဆိုင်ခွင့်ရထားတာ အရမ်းကို ကံကောင်းတာပဲနော်။ အခုလို မိတ်ဆွေစစ်တွေ ရရှိထားတဲ့ မအေးသောင်းအတွက်တော့ ဆုလာဘ်ကြီးတစ်ခုလိုပါပဲ။ ပရိသတ်ကြီးလဲ မိတ်ဆွေစစ် မိတ်ဆွေမှန်တွေနဲ့ ဆုံဆည်းခွင့်ရပါစေလို့ မှ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Aye Thaung’s fb

Comments are closed.