စိတ္ဝင္စားေနတဲ့ ေကာင္မေလး အေၾကာင္း ဖြင့္ေျပာလာခဲ့တဲ့ ေဒါင္း

စိတ္ဝင္စားေနတဲ့ ေကာင္မေလး အေၾကာင္း ဖြင့္ေျပာလာခဲ့တဲ့ ေဒါင္း

သူ ႔ရဲ႕အခ်စ္ေရး ကုိ ပြင့္လင္းစြာေျပာျပခဲ့တာပါ။ဆယ္ေက်ာ္သက္ မိန္းကေလး ေတြရဲ႕ အခ်စ္ေတာ္ မင္းသား ေဒါင္း ကေတာ့ လတ္တေလာမွာ ျဖစ္ေပၚေနတဲ့ သူ႔ရဲ႕အခ်စ္ေရး အေၾကာင္းအရာ နဲ႔ ပတ္သက္ၿပီး ေျပာျပခဲ့ပါတယ္။

အခ်စ္ ဆုိတဲ့အရာမ်ဳိးက တစ္ေနရာ၊ တစ္ခ်ိန္ခ်ိန္မွာ အခ်စ္ ဆုိတဲ့အရာက ႏွလုံးသား ထဲကုိ ဝုန္းဆုိၿပီးေတာ့ ဝင္လာတတ္တယ္။ အဲ့ဒီ အရာကုိ ကၽြန္ေတာ္ တုိ႔ လူသား ေတြက မလြန္ဆန္ႏုိင္ဘူး။အဲ့ဒီလုိ ခံစားခ်က္မ်ဳိးကုိလည္း ကၽြန္ေတာ္ ႀကဳံခဲ့ၿပီးၿပီ အဲ့ဒါက ကၽြန္ေတာ္ ခ်စ္တဲ့သူပါပဲ။

တဒဂၤ အခ်ိန္ေလးမွာ ျဖစ္သြားတဲ့ ခံစားခ်က္ကေန စၿပီး ႀကီးထြားလာတဲ့ အခ်စ္ က တစ္ျခားတစ္ေယာက္အေပၚမွာ ထားတဲ့ ကၽြန္ေတာ့္ ရဲ႔ အခ် စ္ပဲေလ။ ကၽြန္ေတာ္ လည္း တန္ဖုိးထားသလုိ သူလည္း တန္ဖုိးထားေကာင္းထားလိမ့္မယ္” လုိ႔ သူက ဆုိပါ တယ္။

သူ စိတ္ဝင္စားမိတဲ့ ေကာင္မေလး အေပၚထားတဲ့စိတ္ခံစားခ်က္နဲ႔ ပတ္သက္ၿပီး Duwun Media ကေနတဆင့္ေျပာျပခဲ့ပုံက ”ကၽြန္ေတာ့္ရဲ႕ အခ်စ္ ကုိ သူသိရင္လည္း သိမွာေပါ့။ က်န္တာေတာ့ ကၽြန္ေတာ္ မေတြးထားဘူး။

သူနဲ႔ပတ္သက္တဲ့ ေမွ်ာ္လင့္ခ်က္ေလးလည္း ရွိပါတယ္။ ဒါကုိ သီခ်င္းအေခြထဲမွာ ထည့္ေရးထားပါတယ္။သူ႔ကုိ ေမွ်ာ္လင့္တယ္ဆုိတာ ကုိယ့္ရဲ႔ ကုိယ္ပိုင္ခံစားခ်က္ အဲ့ဒီအရာေတြက သူ႔ဆီကုိ သက္ေရာက္ရင္လည္း သက္ေရာက္မယ္၊ မသက္ေရာက္ခ်င္လည္း မသက္ေရာက္ဘူး ဒါေတြကုိ ထည့္မေတြးထားဘူး ကၽြန္ေတာ္ ေမွ်ာ္လင့္ခြင့္ရတာကုိ က တန္ေနၿပီ “‘ လုိ႔ ဆုိပါတယ္။

သရုပ္ေဆာင္ ေဒါင္း ကေတာ့ ႏွလုံးသား အေရးနဲ႔ပတ္သက္လာရင္ ကံဆုိးတဲ့လူတစ္ေယာက္လုိ႔ဆုိပါတယ္။ အခ်စ္ေရး နဲ႔ ပတ္သက္တဲ့ အခက္အခဲေတြက သူ႔ဘဝရဲ႕ ျဖတ္သန္းမႈမွာ တန္ဖုိးရွိတဲ့အရာေတြျဖစ္တာေၾကာင့္ အဲ့ဒီအရာေတြကုိ အခုခ်ိန္မွာ အႏုပညာနဲ႔ တည္ ေဆာက္ ေနတယ္လုိ႔ သူကဆုိပါတယ္။ အခုလက္ရွိမွာ ပရိတ္သတ္ေတြရဲ႕ အခ်စ္ေတြရတာေတာ့ ကံေကာင္းပါတယ္လို႔ Duwun Media ကုိေျပာျပခဲ့ပါတယ္။

Source : Cele Yatkwat

Unicode ျဖင့္ဖတ္ရန္

သူ ့ရဲ့အချစ်ရေး ကို ပွင့်လင်းစွာပြောပြခဲ့တာပါ။ဆယ်ကျော်သက် မိန်းကလေး တွေရဲ့ အချစ်တော် မင်းသား ဒေါင်း ကတော့ လတ်တလောမှာ ဖြစ်ပေါ်နေတဲ့ သူ့ရဲ့အချစ်ရေး အကြောင်းအရာ နဲ့ ပတ်သက်ပြီး ပြောပြခဲ့ပါတယ်။

”အချစ် ဆိုတဲ့အရာမျိုးက တစ်နေရာ၊ တစ်ချိန်ချိန်မှာ အချစ် ဆိုတဲ့အရာက နှလုံးသား ထဲကို ဝုန်းဆိုပြီးတော့ ဝင်လာတတ်တယ်။ အဲ့ဒီ အရာကို ကျွန်တော် တို့ လူသား တွေက မလွန်ဆန်နိုင်ဘူး။အဲ့ဒီလို ခံစားချက်မျိုးကိုလည်း ကျွန်တော် ကြုံခဲ့ပြီးပြီ အဲ့ဒါက ကျွန်တော် ချစ်တဲ့သူပါပဲ။

တဒင်္ဂ အချိန်လေးမှာ ဖြစ်သွားတဲ့ ခံစားချက်ကနေ စပြီး ကြီးထွားလာတဲ့ အချစ် က တစ်ခြားတစ်ယောက်အပေါ်မှာ ထားတဲ့ ကျွန်တော့် ရဲ့ အချ စ်ပဲလေ။ ကျွန်တော် လည်း တန်ဖိုးထားသလို သူလည်း တန်ဖိုးထားကောင်းထားလိမ့်မယ်” လို့ သူက ဆိုပါ တယ်။

သူ စိတ်ဝင်စားမိတဲ့ ကောင်မလေး အပေါ်ထားတဲ့စိတ်ခံစားချက်နဲ့ ပတ်သက်ပြီး Duwun Media ကနေတဆင့်ပြောပြခဲ့ပုံက ”ကျွန်တော့်ရဲ့ အချစ် ကို သူသိရင်လည်း သိမှာပေါ့။ ကျန်တာတော့ ကျွန်တော် မတွေးထားဘူး။

သူနဲ့ပတ်သက်တဲ့ မျှော်လင့်ချက်လေးလည်း ရှိပါတယ်။ ဒါကို သီချင်းအခွေထဲမှာ ထည့်ရေးထားပါတယ်။သူ့ကို မျှော်လင့်တယ်ဆိုတာ ကိုယ့်ရဲ့ ကိုယ်ပိုင်ခံစားချက် အဲ့ဒီအရာတွေက သူ့ဆီကို သက်ရောက်ရင်လည်း သက်ရောက်မယ်၊ မသက်ရောက်ချင်လည်း မသက်ရောက်ဘူး ဒါတွေကို ထည့်မတွေးထားဘူး ကျွန်တော် မျှော်လင့်ခွင့်ရတာကို က တန်နေပြီ “‘ လို့ ဆိုပါတယ်။

သရုပ်ဆောင် ဒေါင်း ကတော့ နှလုံးသား အရေးနဲ့ပတ်သက်လာရင် ကံဆိုးတဲ့လူတစ်ယောက်လို့ဆိုပါတယ်။ အချစ်ရေး နဲ့ ပတ်သက်တဲ့ အခက်အခဲတွေက သူ့ဘဝရဲ့ ဖြတ်သန်းမှုမှာ တန်ဖိုးရှိတဲ့အရာတွေဖြစ်တာကြောင့် အဲ့ဒီအရာတွေကို အခုချိန်မှာ အနုပညာနဲ့ တည် ဆောက် နေတယ်လို့ သူကဆိုပါတယ်။ အခုလက်ရှိမှာ ပရိတ်သတ်တွေရဲ့ အချစ်တွေရတာတော့ ကံကောင်းပါတယ်လို့ Duwun Media ကိုပြောပြခဲ့ပါတယ်။

Source : Cele Yatkwat

Comments are closed.