စိုးရိမ္ရတဲ့ က်န္းမာေရးအေျခအေနကုိေျပာျပလာခဲ့တဲ့ ခ်မ္းခ်မ္း

စိုးရိမ္ရတဲ့ က်န္းမာေရးအေျခအေနကုိေျပာျပလာခဲ့တဲ့ ခ်မ္းခ်မ္း


ခ်မ္းခ်မ္းဟာဆိုရင္ အဓိပၸါယ္ျပည့္ဝတဲ့ သီခ်င္းစာသားေတြနဲ႔ အဆုိပုိင္နုိင္မႈေတြေၾကာင့္ လြန္ခဲ့ေသာနွစ္မ်ားစြာကတည္းက ပရိသတ္ရင္ထဲကုိေရာက္နွင့္ျပီးသားအဆိုေတာ္တစ္ေယာက္ျဖစ္ပါတယ္။ မၾကာေသးမီရက္ေတြမွာ ခ်မ္းခ်မ္းဟာ ပရိသတ္နဲ႔အနည္းငယ္အဆက္ျပတ္ေနခဲ့ျပီး နယ္ပြဲေတြပဲလိုက္ဆုိေနတာေတြ႕ရပါတယ္။ ဒါ့အျပင္ ပရိသတ္နဲ႔ထိေတြ႕မႈနည္းသြားျခင္းက က်န္းမာေရးေၾကာင့္ပါလို႔လည္းသိရပါတယ္။ ခ်မ္းခ်မ္းက မီဒီယာေတြနဲ႔အင္တာဗ်ဴးမွာစိုးရိမ္ရတဲ့ က်န္းမာေရးအေၾကာင္းနဲ႔ သူမရဲ႕ ဘဝခံယူခ်က္ေတြကုိေျပာျပလာခဲ့ပါတယ္။

ခ်မ္းခ်မ္းက လတ္တေလာက်န္းမာေရးအေျခအေနေၾကာင့္ တစ္ကုိယ္ေတာ္ေဖ်ာ္ေျဖပြဲေတာင္ ရက္ေရႊ႕လိုက္ရေၾကာင္းကုိ “ေခါင္းအရမ္းမာလို႔ ဆရာဝန္က ေျပာတယ္။ နားရမယ္ေပါ့ေနာ္။မနားရင္ေသသြားလိမ့္မယ္တဲ့။ ဒါေပမယ့္ အစ္မက အလုပ္လုပ္ရတာေပ်ာ္တယ္။ လုပ္နုိင္သေရြ႕ေတာ့လုပ္ေနဦးမွာပဲ။ဘယ္လိုမွမျဖစ္ေတာ့ရင္ေတာ့နားမွာေပါ့ေလ။ အစ္မ တစ္ကို္ယ္ေတာ္ေဖ်ာ္ေျဖပြဲက ပရိသတ္နဲ႔ နည္းနည္းGap ျဖစ္သြားျပီး ပရိသတ္ေတာင့္တတဲ့အခ်ိန္ဆိုရင္ပုိေကာင္းတာေပါ့ေနာ္။အဲဒီအတြက္အစ္မ အမ်ားၾကီးျပင္ဆင္ေနပါတယ္။ Rehearsal ေတြလည္းအစ္မအမ်ားၾကီးလုပ္ဖုိ႔ရွိတယ္။ တစ္ကုိယ္ေတာ္ရိႈ္းကုိအစ္မ 2019 ေအာက္တိုဘာကုိေရႊ႕လိုက္ရတယ္”လို႔ေျပာျပထားပါတယ္။

ခ်မ္းခ်မ္းက ဆရာဝန္က နားခိုင္းေပမယ့္ ဘယ္လိုမွနားလို႔မျဖစ္ေၾကာင္းကုိ “အစ္မက ကုိယ့္ေျခေထာက္ေပၚမွာကုိယ္ရပ္တည္ေနတာျဖစ္တဲ့အတြက္ ပင္ေတာ့ပင္ပန္းတယ္။ အစ္မ ဘယ္သူ႔ရဲ႕အေထာက္အပံ့မွမယူဘူး။အစ္မေပ်ာ္သလိုပဲေလ။ အလုပ္လုပ္ေနတာျဖစ္တဲ့အတြက္ အစ္မသမီးရယ္ အစ္မရယ္ အစ္မကုိခ်စ္တဲ့သူေတြရယ္ရွိမယ္။သူတို႔အတြက္အသက္ရွင္ေနတာျဖစ္တဲ့အတြက္ အစ္မ အလုပ္ကေတာ့ နားလို႔မရဘူး။ အစ္မမရွိပဲနဲ႔ဘယ္လိုမွအဆင္မေျပနုိင္ဘူးဆိုတာသိတဲ့အတြက္ အစ္မအလုပ္လုပ္ေနဦးမွာပါ”လို႔ ရင္ဖြင့္ထားပါတယ္။

ခ်မ္းခ်မ္းက သူ႔ရဲ႕ဘဝခံယူခ်က္ကုိ “အစ္မက သူမ်ားကုိမ်က္ရည္က်ေအာင္မလုပ္သေရြ႕ အစ္မရဲ႕အလုပ္က မြန္ျမတ္တယ္ေပါ့ေနာ္။ပင္ေတာ့ပင္ပန္းတယ္။ အစ္မ ေကာင္းေကာင္းမြန္မြန္ခ်မ္းခ်မ္းသာသာနဲ႔ မေနရေပမယ့္လည္း အစ္မစိတ္ေပ်ာ္ရႊင္မႈကုိအစ္မအေလးထားတယ္။ သူမ်ားေတြေတာ့ဘယ္လိုထင္မလဲေတာ့မသိဘူး။ ဒါေပမယ့္အစ္မကေတာ့ အစ္မဘဝကုိအစ္မေပ်ာ္တယ္ေပါ့။ မခ်မ္းသာလည္းဘာမွမျဖစ္ဘူး။ အစ္မေကာင္းေကာင္းမြန္မြန္အသက္ရွင္နုိင္သေရြ႕ေတာ့ အစ္မပရိသတ္အတြက္အေကာင္းဆံုးရပ္တည္နုိင္မယ္လို႔အစ္မထင္ပါတယ္”လို႔ ေျပာၾကားသြားပါတယ္။

ခ်မ္းခ်မ္းက ဂုဏ္သိကၡာကုိ ပုိက္ဆံနဲ႔ဘယ္ေတာ့မွမလဲဘူးဆိုျပီးေတာ့လည္း “အစ္မပရိသတ္ေတြအစ္မအေၾကာင္းသိပါတယ္။ အစ္မက ဂုဏ္သိကၡာနဲ႔ ပတ္သက္ရင္ လံုးဝကုိအထိမခံတဲ့ မိန္းမတစ္ေယာက္။ အစ္မေအာက္က်ိဳ႕ရင္က်ိဳ႕လိုက္မယ္။ဒါေပမယ့္ အစ္မကုိ ဂုဏ္သိကၡာနဲ႔ပတ္သက္လို႔ တစ္ခါမွေစာ္ကားခြင့္ေတာ့မျပဳခဲ့ဘူး။ အစ္မက ပိုက္ဆံနဲ႔ ဂုဏ္သိကၡာနဲ႔ဘယ္ေတာ့မွမလဲဘူး။ အဲ့လိုလဲခဲ့တယ္ဆိုလို႔ရွိရင္လည္း အဲဒီမိန္းကေလးက ဘဝမွာဖ်က္မရတဲ့ အမည္းစက္ၾကီးေပါ့ေနာ္”လို႔ ေသေသခ်ာခ်ာေျပာျပသြားပါတယ္ ေျပာခ်င္လြန္းလို႔ပရိသတ္ၾကီးေရာ ခ်မ္းခ်မ္းကုိခ်စ္ၾကလား။ ခ်မ္းခ်မ္းရဲ႕ သီခ်င္းေတြထဲမွာ ဘယ္တစ္ခုကုိအၾကိဳက္ဆံုးလဲ။ခ်မ္းခ်မ္းရဲ႕အနုပညာလႈပ္ရွားမႈေတြကုိေရာ ေရွ႕ေလွ်ာက္အားေပးၾကမွာလား။ေျပာခဲ့ၾကပါဦး။

credit-Can’t Wait To Say

Unicode ျဖင့္ဖတ္ရန္

ချမ်းချမ်းဟာဆိုရင် အဓိပ္ပါယ်ပြည့်ဝတဲ့ သီချင်းစာသားတွေနဲ့ အဆိုပိုင်နိုင်မှုတွေကြောင့် လွန်ခဲ့သောနှစ်များစွာကတည်းက ပရိသတ်ရင်ထဲကိုရောက်နှင့်ပြီးသားအဆိုတော်တစ်ယောက်ဖြစ်ပါတယ်။ မကြာသေးမီရက်တွေမှာ ချမ်းချမ်းဟာ ပရိသတ်နဲ့အနည်းငယ်အဆက်ပြတ်နေခဲ့ပြီး နယ်ပွဲတွေပဲလိုက်ဆိုနေတာတွေ့ရပါတယ်။ ဒါ့အပြင် ပရိသတ်နဲ့ထိတွေ့မှုနည်းသွားခြင်းက ကျန်းမာရေးကြောင့်ပါလို့လည်းသိရပါတယ်။ ချမ်းချမ်းက မီဒီယာတွေနဲ့အင်တာဗျူးမှာစိုးရိမ်ရတဲ့ ကျန်းမာရေးအကြောင်းနဲ့ သူမရဲ့ ဘဝခံယူချက်တွေကိုပြောပြလာခဲ့ပါတယ်။

ချမ်းချမ်းက လတ်တလောကျန်းမာရေးအခြေအနေကြောင့် တစ်ကိုယ်တော်ဖျော်ဖြေပွဲတောင် ရက်ရွှေ့လိုက်ရကြောင်းကို “ခေါင်းအရမ်းမာလို့ ဆရာဝန်က ပြောတယ်။ နားရမယ်ပေါ့နော်။မနားရင်သေသွားလိမ့်မယ်တဲ့။ ဒါပေမယ့် အစ်မက အလုပ်လုပ်ရတာပျော်တယ်။ လုပ်နိုင်သရွေ့တော့လုပ်နေဦးမှာပဲ။ဘယ်လိုမှမဖြစ်တော့ရင်တော့နားမှာပေါ့လေ။ အစ်မ တစ်ကို်ယ်တော်ဖျော်ဖြေပွဲက ပရိသတ်နဲ့ နည်းနည်းGap ဖြစ်သွားပြီး ပရိသတ်တောင့်တတဲ့အချိန်ဆိုရင်ပိုကောင်းတာပေါ့နော်။အဲဒီအတွက်အစ်မ အများကြီးပြင်ဆင်နေပါတယ်။ Rehearsal တွေလည်းအစ်မအများကြီးလုပ်ဖို့ရှိတယ်။ တစ်ကိုယ်တော်ရှို်းကိုအစ်မ 2019 အောက်တိုဘာကိုရွှေ့လိုက်ရတယ်”လို့ပြောပြထားပါတယ်။

ချမ်းချမ်းက ဆရာဝန်က နားခိုင်းပေမယ့် ဘယ်လိုမှနားလို့မဖြစ်ကြောင်းကို “အစ်မက ကိုယ့်ခြေထောက်ပေါ်မှာကိုယ်ရပ်တည်နေတာဖြစ်တဲ့အတွက် ပင်တော့ပင်ပန်းတယ်။ အစ်မ ဘယ်သူ့ရဲ့အထောက်အပံ့မှမယူဘူး။အစ်မပျော်သလိုပဲလေ။ အလုပ်လုပ်နေတာဖြစ်တဲ့အတွက် အစ်မသမီးရယ် အစ်မရယ် အစ်မကိုချစ်တဲ့သူတွေရယ်ရှိမယ်။သူတို့အတွက်အသက်ရှင်နေတာဖြစ်တဲ့အတွက် အစ်မ အလုပ်ကတော့ နားလို့မရဘူး။ အစ်မမရှိပဲနဲ့ဘယ်လိုမှအဆင်မပြေနိုင်ဘူးဆိုတာသိတဲ့အတွက် အစ်မအလုပ်လုပ်နေဦးမှာပါ”လို့ ရင်ဖွင့်ထားပါတယ်။

ချမ်းချမ်းက သူ့ရဲ့ဘဝခံယူချက်ကို “အစ်မက သူများကိုမျက်ရည်ကျအောင်မလုပ်သရွေ့ အစ်မရဲ့အလုပ်က မွန်မြတ်တယ်ပေါ့နော်။ပင်တော့ပင်ပန်းတယ်။ အစ်မ ကောင်းကောင်းမွန်မွန်ချမ်းချမ်းသာသာနဲ့ မနေရပေမယ့်လည်း အစ်မစိတ်ပျော်ရွှင်မှုကိုအစ်မအလေးထားတယ်။ သူများတွေတော့ဘယ်လိုထင်မလဲတော့မသိဘူး။ ဒါပေမယ့်အစ်မကတော့ အစ်မဘဝကိုအစ်မပျော်တယ်ပေါ့။ မချမ်းသာလည်းဘာမှမဖြစ်ဘူး။ အစ်မကောင်းကောင်းမွန်မွန်အသက်ရှင်နိုင်သရွေ့တော့ အစ်မပရိသတ်အတွက်အကောင်းဆုံးရပ်တည်နိုင်မယ်လို့အစ်မထင်ပါတယ်”လို့ ပြောကြားသွားပါတယ်။

ချမ်းချမ်းက ဂုဏ်သိက္ခာကို ပိုက်ဆံနဲ့ဘယ်တော့မှမလဲဘူးဆိုပြီးတော့လည်း “အစ်မပရိသတ်တွေအစ်မအကြောင်းသိပါတယ်။ အစ်မက ဂုဏ်သိက္ခာနဲ့ ပတ်သက်ရင် လုံးဝကိုအထိမခံတဲ့ မိန်းမတစ်ယောက်။ အစ်မအောက်ကျို့ရင်ကျို့လိုက်မယ်။ဒါပေမယ့် အစ်မကို ဂုဏ်သိက္ခာနဲ့ပတ်သက်လို့ တစ်ခါမှစော်ကားခွင့်တော့မပြုခဲ့ဘူး။ အစ်မက ပိုက်ဆံနဲ့ ဂုဏ်သိက္ခာနဲ့ဘယ်တော့မှမလဲဘူး။ အဲ့လိုလဲခဲ့တယ်ဆိုလို့ရှိရင်လည်း အဲဒီမိန်းကလေးက ဘဝမှာဖျက်မရတဲ့ အမည်းစက်ကြီးပေါ့နော်”လို့ သေသေချာချာပြောပြသွားပါတယ်။

ပြောချင်လွန်းလို့ပရိသတ်ကြီးရော ချမ်းချမ်းကိုချစ်ကြလား။ ချမ်းချမ်းရဲ့ သီချင်းတွေထဲမှာ ဘယ်တစ်ခုကိုအကြိုက်ဆုံးလဲ။ချမ်းချမ်းရဲ့အနုပညာလှုပ်ရှားမှုတွေကိုရော ရှေ့လျှောက်အားပေးကြမှာလား။ပြောခဲ့ကြပါဦး။

Can’t Wait To Say

Comments are closed.