မိန်းမတွေကိုနှိပ်စက်တဲ့ ယောကျာ်းတွေကို အရွံဆုံးပဲဆိုတဲ့ အေသင်ချိုဆွေ

မိန်းမတွေကိုနှိပ်စက်တဲ့ ယောကျာ်းတွေကို အရွံဆုံးပဲဆိုတဲ့ အေသင်ချိုဆွေ

လွန်ခဲ့တဲ့ ၂၀၁၀ ဝန်းကျင်လောက်တုန်းက ပေါက်တဲ့အိုး ဆိုတဲ့ Album နဲ့ ပရိသတ်တွေ တခဲနက်အားပေးခြင်း ခံရတဲ့ အဆိုတော် အေသင်ချိုဆွေကိုတော့ ပရိသတ်တွေ ရင်းနှီးပြီးသား ဖြစ်မှာပါ။ အေသင်ချိုဆွေကတော့ အချစ်သီချင်းအေးအေးလေးတွေနဲ့ ပရိသတ်တွေ ရင်ထဲရောက်အောင် သီဆိုနိုင်ခဲ့ပြီး နေရာရလာတာ ဖြစ်ပါတယ်။ သူ့သီချင်းလေးတွေကတော့ လက်ရှိချိန်ထိလည်း မရိုးနိုင်ပဲ ပရိသတ်တွေ အားပေးမှုကို ရရှိနေဆဲဖြစ်ပါတယ်။ အေသင်ချိုဆွေကတော့ သူ့သီချင်းတွေ အရမ်းကို ပေါက်ပြီး အောင်မြင်နေတဲ့အချိန်မှာလည်း အနုပညာလောကကနေ ခဏတာပျောက်သွားခဲ့ပါတယ်။

ယခုနောက်ပိုင်းမှာတော့ အေသင်ချိုဆွေတယောက် ပရိသတ်တွေရှေ့ကို ပြန်ပေါ်လာပြီး Single Mother တယောက်အနေနဲ့ ရပ်တည်နေတာ ဖြစ်ပါတယ်။ အချစ်ရေးမှာ ကံမကောင်းခဲ့ပေမယ့်လည်း အေသင်ချိုဆွေကတော့ Single Mother အဖြစ် သမီးလေး တယောက်နဲ့ ရပ်တည်နေတာ ဖြစ်ပါတယ်။ အေသင်ချိုဆွေကတော့ ဒီလိုမျိုးရင်နာတဲ့ အဖြစ်လေးတွေ ကြုံခဲ့ရပြီး သူ့ခံစားချက်လေးနဲ့ တိုက်ဆိုင်တဲ့ ပုံတချို့နဲ့ Status တချို့ကို သူ့ဖေ့ဘုတ်အကောင့်မှာ တင်ထားတာ ဖြစ်ပါတယ်။

အေသင်ချိုဆွေကတော့ “ဘဝမှာ အရွံဆုံး နဲ့ အမုန်းဆုံးက ယောကျာ်းဖြစ်ပြီး ကိုယ့်ကို သိပ်ချစ်တဲ့မိန်းမတယောက်ကိုကျ အသေအလဲနှိပ်သက်ချင်တိုင်း နှိပ်စက် အသေအလဲရိုက်ချင်ရိုက် ပြီးမှာ စောက်ရှက်မရှိ ခြေသလုံးဖက်ပြန်တောင်းပန်၊ အဲ့လိုစောက်ရုးယောကျာ်းတွေကို အသေရွံပြီး မုန်းတယ်။ ကိုယ်တော့လွတ်မြောက်ခဲ့ပြီ” ဆိုပြီးတော့ ဖေ့ဘုတ်ကဓါတ်ပုံတချို့နဲ့ ပြန်လည်မျှဝေထားတာ ဖြစ်ပါတယ်။

အေသင်ချိုဆွေကတော့ သူ့ဘဝမှာ ယောကျာ်းတွေနဲ့ ပတ်သက်ပြီး နာကျည်းမှုတွေ ရှိခဲ့ပြီး အကြောင်းတိုက်ဆိုင်တဲ့ပုံလေးနဲ့အတူ ခံစားချက်စာသားလေးကို မျှဝေထားတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အေသင်ချိုဆွေကတော့ လက်ရှိမှာ စိန်ခေါ်မှုတွေကို မားမားမတ်မတ် သမီးလေးတယောက်နဲ့ ရင်ဆိုင်နေပြီး တခြားသော Single Mother တွေအတွက် အားဖြစ်စေခဲ့ပါတယ်။ ပြောချင်လွန်းလို့ ပရိသတ်ကြီးရော အေသင်ချိုဆွေအတွက် အားပေးစကားလေး ပြောခဲ့ကြပါဦး။

Comments are closed.