ငပလီ ကမ်းခြေကို အလည်သွားခဲ့တဲ့ နန်းခင်ဇေယျာ

ငပလီ ကမ်းခြေကို အလည်သွားခဲ့တဲ့ နန်းခင်ဇေယျာ

နန်းခင်ဇေယျာကတော့ အလှမယ်တစ်ယောက်အဖြစ်တင်မဟုတ်ပဲမော်ဒယ်၊ မင်းသမီး အဖြစ်ပါ ပရိသတ် တွေရဲ့ ချစ်ခင် အားပေးမှုကို ရထားသူပါ။ သူမဟာ Miss International Myanmar(2012) အလှမယ်ဟောင်းတစ်ယောက်ပါ။ Miss ကနေ သရုပ်ဆောင်လိုင်းဘက်ကို ပြောင်းလာပြီး လက်ရှိမှာတော့ အနုပညာအလုပ်တွေ လုပ်ကိုင်နေသူပါ။ နန်း ခင်ဇေယျာကတော့ ငပလီကမ်းခြေကို အပန်းဖြေခရီးသွားခဲ့ပါတယ်။

ငပလီကမ်းခြေမှာ ပျော်နေတဲ့ ပုံလေးတွေကို တော့ သူမရဲ့ IG မှာ ဝေမျှထားပါတယ်။ ပင်လယ်ပြာပြာကြီးနဲ့ အတူ ပုံအမိုက်စားလေးတွေကို တင်ခဲ့ပါတယ်။ နန်းခင်ဇေယျာရဲ့ ငပလီခရီးသွားပုံရိပ်လေးတွေကို ဝေမျှပေး လိုက်ပါတယ်။

နန်းခင်ဇေယျာကတော့ တခြားအနုပညာရှင်တစ်ချို့လိုပဲ သူမရဲ့ မျက်နှာအစိတ်အပိုင်းတချို့ကို  ခွဲစိတ်ပြုပြင်ခဲ့ပါတယ်။  နှာခေါင်းနဲ့ မျက်ရစ်ပါ။ ခွဲစိတ်ပြုပြင်မှုလုပ်ပြီး (၁၀) ရက်အကြာမှာတော့ ရွှေစုံ တွဲရဲ့ မင်္ဂလာပွဲသို့ တက်ရောက်ခဲ့ပါတယ်။ ဒီပွဲမှာတော့ သူမရဲ့ မျက်နှာနည်းနည်းလေး အမ်းနေတာကို ပရိသတ်တွေ က သတိပြုမိခဲ့ပါတယ်။ နန်းခင်ဇေယျာ ကိုယ် တိုင်ကလည်း ခွဲစိတ်ပြီး (၁၀)ရက်မြောက်နေ့ ဆိုတဲ့ စာနဲ့ အတူ သူမရဲ့ IG မှာ ပုံတင်ထားခဲ့ပါသေးတယ်။READနေမကောင်းပေမယ့် အပြုံးမပျက်တဲ့ မင်းသမီးလေး ရွှေမှုံရတီ

Source နန်းခင်ဇေယျာ

Comments are closed.