မေမေချစ်သုဝေထက် အိုက်တင်ကောင်းလွန်းနေတဲ့ ခေတ်ခေတ်

မေမေချစ်သုဝေထက် အိုက်တင်ကောင်းလွန်းနေတဲ့ ခေတ်ခေတ်

တေးရေးတေးဆို လင်းလင်းနဲ့ အဆိုတော် သရုပ်ဆောင် ချစ်သုဝေကတော့ အရမ်းကို အားကျစရာကောင်းပြီး ပြီးပြည့်စုံတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတယ်ဆိုတာကတော့ သူ့တို့ကိုအားပေးတဲ့ ပရိသတ်တွေ အကုန်လုံးသိပြီးကြမှာပါ။ သူတို့ဇနီးမောင်နှံကလည်း တယောက်ကို တယောက်ဖေးမမှုလေးတွေ ရှိတဲ့ အပြင် သူတို့နှစ်ယောက်မှာလည်း အရမ်းချစ်စရာကောင်းတဲ့ အမွှာသမီးလေးတွေ ဖြစ်တဲ့ ခေတ်နဲ့ သစ်တို့လည်း ရှိပါသေးတယ်။

ခေတ်နဲ့သစ်ကတော့ လက်ရှိချိန်မှာ သူတို့ရဲ့ အဖေနဲ့ အမေထက်ကို ပိုပြီးတော့တောင် အောင်မြင်ကျော်ကြားနေတာ ဖြစ်ပါတယ်။ တီဗီအစီအစဉ်တွေမှာလည်း သူတို့အကြောင်းကို အစီအစဉ်တခုအနေနဲ့လည်း တင်ဆက်သလို ဖေ့ဘုတ်ပေါ်မှာလည်း ပရိသတ်အခိုင်အမာ ရှိနေပြီ ဖြစ်ပါတယ်။ ခေတ်နဲ့ သစ်လေးကလည်း သူတို့ အဖေအမေရဲ့ ဗီဇအတိုင်း အနုပညာပိုးလေး ပါလာပြီး အခုလိုမျိုး ငယ်ငယ်လေးကတည်းက အိုက်တင်တွေ ကောင်းနေတာ ဖြစ်နေတာ ဖြစ်ပါတယ်။

ချစ်သုဝေကတော့ ခေတ်နဲ့ သစ်ရဲ့ လှုပ်ရှားမှုလေးတွေကို သူတို့ရဲ့ ပေ့ခ်ျမှာ အမြဲတမ်းလိုလို တင်ပြနေပြီး ပရိသတ်တွေကိုလည်း ခေတ်နဲ့ သစ်ကို ချစ်ကြပါတယ်။ ချစ်သုဝေက ဒီတခေါက်မှာလည်း သူ့သမီးလေးခေတ်ရဲ့ မျက်နှာအမူအယာ အမျိုးမျိုးလုပ်နေတဲ့ ပုံရိပ်လေးတွေကို တင်ထားပြီး သူ့သမီးလေးကို အိုက်တင်ကောင်းလွန်းတဲ့သူလို့လည်း ပြောခဲ့ပါသေးတယ်။

ခေတ်ရဲ့ ချစ်စရာကောင်းပြီး အိုက်တင်အမျိုးမျိုးလုပ်တတ်တဲ့ မျက်နှာအမူအယာလေးတွေကို ပြောချင်လွန်းလို့ ပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်။ ပြောချင်လွန်းလို့ ပရိသတ်ကြီးလည်း ခေတ်ရဲ့ ပုံလေးတွေကို ကြည့်ပြီး တခါတည်းချစ်သွားကြမယ်လို့ ထင်ပြီး ဒီလိုကလေးလေးတွေကိုလည်းလိုချင်ကြမယ်လို့ ထင်ပါတယ်။

Comments are closed.