မျက်နှာပြုပြင်ပြီးနောက်ပိုင်း တချို့ပရိသတ်တွေက မမှတ်မိဘူးဆိုတဲ့ ပိုးမီ

မျက်နှာပြုပြင်ပြီးနောက်ပိုင်း တချို့ပရိသတ်တွေက မမှတ်မိဘူးဆိုတဲ့ ပိုးမီ

Myanmar Idol အဆိုပြိုင်ပွဲမှာပါဝင်ယှဉ်ပြိုင်ဖူးခဲ့ပြီး နောက်ထပ်…တစ်ယောက်မရှိ ဆိုတဲ့တစ်ကိုယ်တော်တေးစီးရီးလည်းထွက်ထားပြီး Show တွေဆက်တိုက်ဆိုသလိုဆိုဖြစ်နေတဲ့ ပိုးမီကိုတော့ အားလုံးသိကြမယ်ထင်ပါတယ်။ သူရဲ့ခွဲစိတ်ပြုပြင်မှုလုပ်ပြီးတဲ့နောက်မှာ ကြုံတွေ့ရတဲ့အတွေ့အကြူံလေးတွေကို ပေါ်ပြူလာဂျာနယ်နဲ့ အင်တာဗျူးတစ်ခုမှာ ပြောပြသွားတာတွေရှိပါတယ်။ သူပြောပြခဲ့တဲ့အကြောင်းတွေကို ပြောချင်လွန်းလို့ ပရိသတ်ကြီးသိအောင်ပြောပြပေးလိုက်ရပါတယ် ခင်ဗျာ ။

ပိုးမီနောက်ပိုင်း အရမ်းလှလာတယ်လေ နယ်သွားတဲ့အခါမှာရော ပိုးမီကို မှတ်မိကြလား ဆိုတဲ့မေးခွန်းကို “အရင်ကထက်စာရင် အများကြီးပြောင်းလဲသွားတယ်ပေါ့နော်။ အခုကကောင်းတာလည်းရှိသလို မကောင်းတာလည်းနည်းနည်းရှိတယ်။ ဘာဖြစ်လို့လည်းဆိုတော့နယ်သွားရင် ချက်ခြင်းကြီးပိုးမီဆိုပြီးမမှတ်မိကြဘူး ။ ဟယ်တူတယ် ပိုးမီနဲ့တော့တူသလိုပဲဆိုပြီးတော့ ဆိုပြီးတော့အဲ့ဒီလိုမျိုးဖြစ်ကြတယ်။ အရင်ကပုံနဲ့ယှဉ်ပြီးတော့ ကြည့်လို့ရှိရင် ။ ပြီးမှသြော် ပိုးမီလားဆိုပြီးလာလာမေးကြတယ်။ ဇဝေဇဝါ ဖြစ်ကြတယ်ပေါ့နော်။.အရင်မပြင်ခင်တုန်းကပိုးမီကို မြင်လိုက်ကြရင် ဟာပိုးမီဆိုပြီးမှတ်မိကြတယ်။ အခုချိန်ကြတော့နယ်သွားရင်ပရိသတ်က သိပ်မမှတ်မိကြတော့ဘူးပေါ့ ။ပြီးကျမှ အဲ့ဒါကြောင့်ပိုးမီနဲ့တူပါတယ် လို့ကြည့်နေတာ အရမ်းပြောင်းလဲသွားတယ်။ အရမ်းနုသွားတယ် အဲ့ဒီလိုမျိုးလေးတော့ပြောကြတယ်။ ဘာပဲပြောပြကိုယ့်ကိုကောင်းတယ်ပြောတာဝမ်းသာရတာပေါ့ ။”ဆိုပြီးပြောပြသွားခဲ့ပါတယ်။

စိတ်ဓာတ်ကျနေတဲ့အချိန်လိုမျိုးတစ်ခုခုအတွက်ရုန်းကန်နေရတဲ့အချိန်မျိုးမှာ ပရီသတ်တွေက အားအင်တစ်ခု ဖြစ်စေလားဆိုတဲ့မေးခွန်းကိုလည်း “အရမ်းဖြစ်တာပေါ့ ။တစ်ခါတလေကိုယ်စိတ်ဓာတ်ကျအားငယ်တဲ့အခါမှာ ကိုယ့်သီချင်းလေးအကြောင်းပြောတာပဲဖြစ်ဖြစ် ၊ ကိုယ့်သီချင်းစာသားလေးတွေတင်ထားတာတို့နောက်ပြီးတော့ ပိုးမီကို ဘယ်နေရာမှာဘယ်လိုစတွေ့ခဲ့တာ ဘယ်လိုလေးကြိုက်ခဲ့ရတာလို့ပြောလို့ရှိရင် ကျနေတဲ့စိတ်ဓာတ်တွေက အရမ်းကိုခွန်အားတစ်ခုအဖြစ်ပြောင်းပြီးတော့လေ ငါဆက်ကြိုးစားရမှာပဲ ငါ့နောက်မှာ ငါ့ကိုအားပေးတဲ့ ငါ့ကိုမျှော်လင့်တဲ့ ပရိသတ်တွေ We Love တွေရှိနေတယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ခွန်အားဖြစ်အောင် အမြဲတမ်းကြိုးစားဖြစ်တယ်။ သူတို့ရဲ့အားပေးမှုက စကားတစ်ခွန်းပဲဖြစ်ဖြစ်အမူအယာလေးတစ်ခုပဲဖြစ်ဖြစ် ပိုးမီအတွက်ကတကယ်ခွန်အားဖြစ်စေပါတယ်။”ဆိုပြီးပြောပြသွားခဲ့ပါတယ်။

Comments are closed.