သင်္ကြန်မယ်လေးတစ်ဦးပုံစံနဲ့ ကျက်သရေ ရှိရှိ လှပနေတဲ့ နေခြည်ဦးရဲ့ သင်္ကြန်ပုံရိပ်

သင်္ကြန်မယ်လေးတစ်ဦးပုံစံနဲ့ ကျက်သရေ ရှိရှိ လှပနေတဲ့ နေခြည်ဦးရဲ့ သင်္ကြန်ပုံရိပ်

မိတ်ကပ် Blogger အဖြစ် ပရိသတ်တွေကြားမှာ ရေပန်းစားလာခဲ့တဲ့ နေခြည်ဦးဟာ ပွင့်ပွင့်လင်းလင်းရှိပြီး ဆုံးဖြတ်ချက်ခိုင်မာပြတ်သားသူမို့ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ရရှိထားသူတစ်ဦးဖြစ်ပါတယ်။ Beauty Blogger အနေနဲ့ ရေပန်းစားခဲ့ရာမှ သူမရဲ့ ပါရမီထူးချွန်မှုနဲ့ ကျရာဇာတ်ရုပ်ကို တိတိကျကျ သရုပ်ဆောင်နိုင်တာကြောင့် ရုပ်ရှင်ဇာတ်ကားတွေနဲ့ ကြော်ငြာအမြောက်အများကိုလဲ လက်ခံရိုက်ကူးနေရပါပြီ။

နေခြည်ဦးက မကြာခင်ကျရောက်တော့မယ့် သင်္ကြန်ပွဲအတွက် သင်္ကြန်မယ်လေးတစ်ယောက်လို ပြင်ဆင်ပြီး အလှဓာတ်ပုံတွေ ရိုက်ကူးခဲ့ပါတယ်။ ပရိသတ်တွေအတွက် နေခြည်ဦးရဲ့ လှပတဲ့ ပုံရိပ်လေးတွေကို မျှဝေလိုက်ပါတယ်နော်။

နေခြည်ဦးကတော့ Trend တိုင်းကို လိုက်မှီအောင် လိုက်လုပ်နိုင်သူတစ်ဦးလဲ ဖြစ်ပါတယ်။

နေခြည်ဦးက လက်ရှိမှာ အနုပညာလုပ်ငန်းတွေနဲ့ သူမရဲ့ ကိုယ်ပိုင်အလုပ်တွေကို မျှတစွာ လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။

ချစ်စရာလေး ချီရယ်

ဒါက ဘာရုပ်လေးလဲ ချီရယ်

နေခြည်ကတော့ ဘယ်လိုနေနေကို လှနေတာပဲနော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။ နေခြည်ရဲ့ ဒီပုံလေးကို သဘောကျရင် Like & Share လုပ်ဖို့ မမေ့ပါနဲ့နော်။

Source: Nay Chi Oo’s fb

Comments are closed.