
နေရွှေသွေးအောင်နဲ့ ရွှေမှုံရတီတို့ရဲ့ အမိုက်စား Cover Song ဗီဒီယိုအသစ်
နေရွှေသွေးအောင်ကတော့ မိန်းကလေး ပရိသတ်တွေကြားမှာရေပန်းစားတဲ့ သူတစ်ယောက်ဖြစ်ပြီး နာမည်ကျော် အင်္ဂလိပ်သီချင်းတွေကို ကာဗာပြန်ဆိုပြီး အမိုက်စား ကာဗာသီချင်းဗီဒီယိုတွေ ပြန်လည်ရိုက်ကူးလေ့ရှိတာကြောင့် ပရိသတ်တွေရဲ့ စိတ်ဝင်စားအားပေးမှုတွေကို ရရှိထားသူ ဆယ်လီတစ်ယောက်လည်းဖြစ်ပါတယ်။ သူကတော့ ဒီကနေ့မှာလည်း ပရိသတ်တွေအတွက် ကာဗာသီချင်းဗီဒီယိုအသစ်ရဲ့ ထွေလာလေးကို တင်ဆက်ပေးလိုက်ပါတယ်။




နေရွှေသွေးအောင်ကတော့ Enrique Iglesias ရဲ့ “Hero” သီချင်းကို ပြန်လည်သီဆို ပုံဖော်ရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီဗီဒီယိုထဲမှာဆိုရင်တော့ နာမည်ကျော် မင်းသမီးချော ရွှေမှုံရတီကိုလည်း ဖိုးလပြည့်နဲ့ အတူ လိုက်လိုက်ဖက်ဖက်သရုပ်ထားတာကို တွေ့ရမှာပါ။



နေရွှေသွေးအောင်နဲ့ ရွှေမှုံရတီတို့အတူသရုပ်ေ်ဆာင်ထားတဲ့ “Hero” သီချင်းရဲ့ ကာဗာဗီဒီယိုလေးကို တင်ဆက်ပေးလိုက်ပါတယ်။ သီချင်းဗီဒီယို Full Version ကိုတော့ မကြာခင်မှာကြည့်ရမယ်လို့လည်း ပြောထားပါတယ်။