နိုင်ငံတကာ ရုပ်ရှင်ပွဲတော်မှာ ပြသဖို့ ဖိတ်ကြားခံရတဲ့ “ရွှေကြာ” နဲ့ “မီ” ရုပ်ရှင်ဇာတ်ကားကြီး

နိုင်ငံတကာ ရုပ်ရှင်ပွဲတော်မှာ ပြသဖို့ ဖိတ်ကြားခံရတဲ့ “ရွှေကြာ” နဲ့ “မီ” ရုပ်ရှင်ဇာတ်ကားကြီး

ဧပြီလ ၂၅ ရက်နေ့မှ ၂၇ ရက်နေ့အထိ မလေးရှားနိုင်ငံမှာ ကျင်းပပြုလုပ်မယ့် နိုင်ငံတကာ ရုပ်ရှင်ပွဲတော်ကြီးမှာ အာရှနိုင်ငံ တော်တော်များများက နာမည်ကြီး ရုပ်ရှင်ဇာတ်ကားတွေကို ပြသဖို့ ဖိတ်ကြားခံရတာပဲ ဖြစ်ပါတယ်။ နိုင်ငံတကာရုပ်ရှင်ပွဲတော် Asean International Film Festival & Awards မှာ မြန်မာနိုင်ငံအနေနဲ့လဲ ပါဝင်ခွင့်ရရှိခဲ့ပြီး မြန်မာရုပ်ရှင်ဇာတ်ကားနှစ်ကားကို ပြသဖို့ ရွေးချယ်ထားခဲ့ပြီ ဖြစ်ပါတယ်။ ထိုရုပ်ရှင်ဇာတ်ကားတွေကတော့ “ရွှေကြာ” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ “မီ” ရုပ်ရှင်ဇာတ်ကားကြီးတို့ပဲ ဖြစ်ပါတယ်။

” ရွှေကြာ ” ကိုတော့ ပြည့်တန်ဆာ ပပျောက်ရေးအတွက် ရိုက်ကူးတင်ဆက်ထားတဲ့ ရည်ရွယ်ချက်ကောင်းတဲ့ ဇာတ်ကားကောင်းတစ်ကား ဖြစ်တာကြောင့် ဖြစ်ပြီး ” မီ “​ကိုတော့ အရုပ် အသံ Pre production အထူးကောင်းမွန်တဲ့ ဇာတ်ကားကောင်းတစ်ကား ဖြစ်တာကြောင့်လို့ သိရပါတယ်။

“ရွှေကြာ” ရုပ်ရှင်ဇာတ်ကားကြီးကိုတော့ စာရေးဆရာမ ပုညခင်ရဲ့ ဝတ္ထုကို ဒါရိုက်တာ ဝိုင်းက ရိုက်ကူးပုံဖော်ထားတာဖြစ်ပြီး အဓိကသရုပ်ဆောင်တွေအနေနဲ့ အလင်းရောင်၊ ဖွေးဖွေးနဲ့ သင်ဇာဝင့်ကျော်တို့က ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲကြီးမှာလဲ “ရွှေကြာ” ရုပ်ရှင်ဇာတ်ကားကြီးက အကယ်ဒမီ လေးဆုတိတိ ရရှိခဲ့တာ ဖြစ်ပါတယ်။

“မီ” ရုပ်ရှင်ဇာတ်ကားကြီးကတော့ စာရေးဆရာမ ကြည်အေးရဲ့ ဝတ္ထုကို ဒါရိုက်တာ ဏကြီးက ပြန်လည်အသက်သွင်း ရိုက်ကူးခဲ့တာပဲ ဖြစ်ပါတယ်။ အဓိက သရုပ်ဆောင်တွေ အနေနဲ့ နေတိုး၊ ပိုင်ဖြိုးသု၊ ရဲအောင်၊ မင်းဦး၊ သားညီနဲ့ အောင်ရဲထိုက်တို့က ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ “မီ” ရုပ်ရှင်ဇာတ်ကားကြီးက မကြာသေးခင်က ကျင်းပတဲ့ Star Award ဆုပေးပွဲကြီးမှာ ဆုသုံးဆုကို ရရှိခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံအသီးသီးက ပါဝင်ကြမယ့် နိုင်ငံတကာ ရုပ်ရှင်ပွဲတော်ကြီးမှာ မြန်မာ့ရုပ်ရှင်ကားနှစ်ကား ပါဝင်ပြသခွင့်ရခဲ့တာ ဂုဏ်ယူစရာပဲနော်။ ဒီပိုစ့်လေးကို သဘောကျရင် Like & Share လုပ်ဖို့ မမေ့ပါနဲ့နော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

Comments are closed.