ခန္ဓာကိုယ်လေး ဘယ်လောက်လှကြောင်းကို ချစ်စရာကောင်းတဲ့ ပုံစံလေးနဲ့ လှစ်ဟာပြလိုက်တဲ့ မထက်

ခန္ဓာကိုယ်လေး ဘယ်လောက်လှကြောင်းကို ချစ်စရာကောင်းတဲ့ ပုံစံလေးနဲ့ လှစ်ဟာပြလိုက်တဲ့ မထက်

ပရိသတ်ကြီး အနုပညာရှင်တွေ အားထားရတဲ့ မိတ်ကပ်ပညာမှာ အောင်မြင်မှုတွေရနေပြီဖြစ်တဲ့ မထက် ကတော့ မိန်းကလေးဘဝကို မြတ်နိုးသူမို့ ယောကျာ်းလေးဘဝကနေ မိန်းကလေးဘဝကို အသားအနာခံကာခွဲစိတ်မှု့တွေ ပြုလုပ်ပြီး ပြောင်းလဲထားတဲ့သူတစ်ယောက်ဖြစ်ပါတယ်။မိန်းကလေးဘဝကို ရလာတဲ့ အချိန်မှာ မိန်းကလေးတစ်ယောက်လို နေထိုင်ပြုမှုပြီး တကယ့်မိန်းကလေးအစစ်လို့ ထင်ရလောက်အောင် ယဉ်ကျေးသိမ်မွေ့သူတစ်ယောက်ဖြစ်ပါတယ်။

မထက်က အမြဲတမ်းလှပကျော့ရှင်းနေပြီး စတိုင်ကျလှပစွာ နေထိုင်တတ်သူတစ်ယောက်ဖြစ်ပြီး မိန်းကလေးတွေရှုံးလောက်အောင် ပြင်ဆင်ကာ စတိုင်ကျ စမတ်ကျစွာ နေထိုင်တဲ့သူတစ်ယောက်ဖြစ်ပါတယ်။မထက်က စကားပြောရင်လည်း နွဲ့နွဲ့နှောင်းနှောင်းနဲ့ ချိုချိုသာသာလေးပြောတတ်တဲ့အပြင် ချစ်စရာကောင်းအောင် ပြောဆိုတတ်သူဖြစ်လို့ သူမကတော့ လူချစ်လူခင်ပေါများပါတယ်နော်။

မထက်က အမိုက်စားကောက်ကြောင်းအလှတွေကိုလည်းပိုင်ဆိုင်ထားပြီး အရပ်မြင့်မြင့်နဲ့ စတိုင်ကျသူတစ်ယောက်ဖြစ်လို့ လူအများကြားမှာ ထင်းကာ ငေးကြည့်ရလောက်အောင် လှပါတယ်နော်။မထက်က အနုပညာရှင်တစ်ယောက်လိုပဲ ကြော်ငြာတွေ MTVတွေမှာလည်း ပါဝင်သေးတဲ့အပြင် အခုဆိုရင်လည်း ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးထားပြီးပါပြီ။မထက်ရဲ့ မိန်းကလေးရှုံးလောက်အောင်လှတဲ့ ခန္ဓာကိုယ်အလှကို ပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ပါတယ်နော်။

Source:Htet Htet Htet

Comments are closed.