မွေးရပ်မြေမှာကျင်းပတဲ့ မိသားစုရဲ့အလှူပွဲကြီးမှာ ညီလေးငယ်အတွက်သီချင်းတစ်ပုဒ်ဆိုပြီး အားလုံးကိုမျက်ရည်ဝဲစေခဲ့တဲ့ နေတိုး

မွေးရပ်မြေမှာကျင်းပတဲ့ မိသားစုရဲ့အလှူပွဲကြီးမှာ ညီလေးငယ်အတွက်သီချင်းတစ်ပုဒ်ဆိုပြီး အားလုံးကိုမျက်ရည်ဝဲစေခဲ့တဲ့ နေတိုး

ထပ်ဆင့်အကယ်ဒမီနေတိုးတို့မိသားစုဟာ မွေးရပ်မြေဖြစ်တဲ့ ရခိုင်ပြည်နယ်မာန်အောင်မြို့ မှာ ခြိမ့်ခြိမ့်သဲသဲအလှူပွဲကြီးကို ကျင်းပခဲ့တာပဲဖြစ်ပါ တယ်။ ဒီအလှူပွဲကြီးဟာ သွားလေ သူ မင်းသွေးရဲ့ဆန္ဒကိုဖြည့်ဆည့်ပေးတာဖြစ်ပြီး တစ်မိသားစုလုံး စုံစုံလင်လင်နဲ့ ကျင်းပခဲ့ တာပဲဖြစ်ပါတယ်။ ဒီအလှူပွဲကြီးညမှာပဲ နှင်းဆီအဖွဲ့သားတွေဟာလည်း နေတိုးနဲ့အတူ လိုက်ပါပြီး ဖျော်ဖြေခဲ့ကြပါတယ်။ ဒီလိုပျော်စရာကောင်းတဲ့ ပွဲကြီးမှာ နေတိုးတစ်ယောက် ” လရောင်ဖြာတဲ့ အင်းလေးမှာ ” ဇာတ်ကားထဲက ဇာတ်ဝင်တေးသီချင်းတစ်ပုဒ်ဖြစ်တဲ့ ” လရောင်ချော့တေး ” သီချင်းလေးကို သီဆိုခဲ့တာပဲဖြစ်ပါတယ်။

ဇာတ်ကားထဲမှာတော့ ဒီသီချင်းလေးဟာ သိပ်ချစ်ရတဲ့ သူ့ရဲ့ညီလေးကို ညဖက်တိုင်းသီဆို ပြီးချော့သိပ်တတ်တဲ့ သီချင်းလေးတစ်ပုဒ်လည်း ဖြစ်ပါတယ်။ နားဆင်သူတိုင်း ဂရုဏာ သက်စေခဲ့တဲ့ သံစဉ်လေးတွေက ရင်ထဲကို နက်နက်ရှိုင်းရှိုင်းတိုးဝင်သွားခဲ့ပါတယ်။ ကွယ်လွန်သွားတဲ့ ညီလေးငယ်အတွက် ရည်းစူးပြီးသီဆိုသွားသလားဆိုတာကိုတော့ နေတိုးကိုယ်တိုင်ပဲ သိလောက်မယ်ထင်ပါရဲ့။ သရုပ်ဆောင်လည်းကောင်းသလို အဆိုလည်းကောင်းတဲ့ စွယ်စုံရမင်းသားတစ်လက်ပါပဲ။

ဒီသီချင်းလေးကိုသီဆိုနေတဲ့ Video လေးကို ဒါရိုက်တာဉာဏတစ်ယောက် ” ဒီသီချင်းလေး ဆိုမယ်လို့ကြေငြာလိုက်တဲ့အချိန်မှာ စိတ်မကောင်းဖြစ်လို့မရိုက်တော့ဘူးကွာဆိုပြီး နားထောင်နေခဲ့ပေမယ့် အမှတ်တရအနေနဲ့ ending လေးကိုရိုက်ခဲ့မိတယ် ” ဆိုပြီး သူ့ရဲ့လူမှုကွန်ယက်မှာဝေမျှလိုက်တာပဲဖြစ်ပါတယ်။ ဘဝတစ်ပါးကို ပြောင်းရွှေ့ ကွယ်လွန်သွားပြီဖြစ်တဲ့ မင်းသွေးတစ်ယောက်လည်း ကောင်းရာဘုံဘဝမှာ အေးချမ်း ပါစေကြောင်း ဆုတောင်းပေးလိုက်ပါတယ်နော်။

Video – Nyar Na

Comments are closed.