မြင့်မြတ်ကိုလာစောင့်နေတဲ့ ပရိသတ်တွေကို ခါးလေးထောက်ပြီး ကျီစယ်စနောက်နေတဲ့ ချစ်သက်လေး

မြင့်မြတ်ကိုလာစောင့်နေတဲ့ ပရိသတ်တွေကို ခါးလေးထောက်ပြီး ကျီစယ်စနောက်နေတဲ့ ချစ်သက်လေး

သရုပ်ဆောင် မင်းသမီးချောလေး သက်မွန်မြင့်ကတော့ အနုပညာလောကမှာ အချိန်အတော်ကြာ ရပ်တည်အောင်မြင်နေတဲ့ ဝါရင့်သရုပ်ဆောင်တစ်ဦးပဲ ဖြစ်ပါတယ်။ သရုပ်ဆောင်ပိုင်းမှာ သူမတူအောင် ထူးချွန်သူတစ်ဦးဖြစ်ပြီး ဇာတ်ရုပ်တိုင်းကို အပိုအလိုမရှိဘဲ အကောင်းဆုံး သရုပ်ဆောင်နိုင်တဲ့ ချစ်သက်က အကယ်ဒမီဆုရရှိထားသူလည်း ဖြစ်ပါတယ်၊၊ ဒါ့အပြင် သက်မွန်က ချစ်စရာကောင်းတဲ့ သားသားမီးမီးခေးတွေနဲ့ သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားရပါတယ်။

လက်ရှိမှာတော့ ချစ်သက်က ”ကဝေသေလို့ ခြောက်တဲ့တစ္ဆေ” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးဖို့အတွက် ဂန့်ဂေါမြို့လေးကို ရောက်ရှိနေတာ တွေ့ရပါတယ်။ ဒီဇာတ်ကားကြီးမှာတော့ မင်းသားချော မြင့်မြတ်၊ မင်းသမီးချော သက်မွန်မြင့်နဲ့ ခြူးလေးတို့က အတူတူပါဝင်သရုပ်ဆောင်ထားကြတာ ဖြစ်ပါတယ်။ အခုဆိုရင် ချစ်သက်လေးက ဂန့်ဂေါမြို့လေးမှာ ပရိသတ်တွေနဲ့ မိသားစုတွေလို ချစ်ခင်ရင်းနှီးမှု ရရှိနေပြီး ပျော်ရွှင်နေတာပဲ ဖြစ်ပါတယ်။

အခုလည်း ချစ်သက်က မြင့်မြတ်ကိုလာစောင့်နေတဲ့ ပရိသတ်တွေကို ခါးလေးထောက်ပြီး ရန်တွေ့နေတာ တွေ့ရပါတယ်။ ချစ်သက်က ”မသိဘူး စွာတယ် အဲ့လိုလေးတွေ စ နေရရင် ပျော်နေကြတာဆိုတော့လည်း Video တွေ ရှိသေးတယ်.. တခါကို တခုပဲ တင်လို့ရနေတယ်ရော ” ဆိုပြီး ပရိသတ်တွေနဲ့ စနောက်ကျီစယ်နေတဲ့ ဗီဒီယိုလေးကို တင်ထားတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ချစ်သက်နဲ့ ပရိသတ်တွေရဲ့ ချစ်စရာကောင်းတဲ့ ဗီဒီယိုဖိုင်လေးကို အောက်မှာ တင်ဆက်ပေးလိုက်ပါတယ်နော်။

Source: Thet Mon Myint;

Comments are closed.