လက်​ဝါးပြင်​​ပေါ်က ထီ​ပေါက်​ကိန်းနှင့် ချမ်းသားခြင်း အမှတ်​အသားများ

လက်​ဝါးပြင်​​ပေါ်က ထီ​ပေါက်​ကိန်းနှင့် ချမ်းသားခြင်း အမှတ်​အသားများ

ကျွန်ုပ်​ဆီမှာ လက္ခဏာလာတွက်​တဲ့ လက္ခဏာကြည့်​ပရိသတ်​ အ​တော်​များများ ​မေးတတ်​တဲ့အ​ကြောင်းအရာ​လေးပါ Postမှာတင်​ဖို့လုပ်​​နေတာလဲကြာပါပြီ၊လက္ခ​ဏာကြည့်​သူများ​နေတာနဲ့မတင်​ဖြစ်​တာပါ၊ဒီ​နေ့​တော့မအားတဲ့ကြားထဲက ကျွနု​ပ်​ရဲ့လက္ခဏာကြည့်​ပရိသတ်​​တွေ ဗဟုသုတရ​အောင်​ နဲ့မိမိတို့လက္ခဏာမှာကျွန်ုပ်​ပြထားတဲ့ အမှတ်​အသား​လေး​တွေပါမပါ တိုက်​ကြည့်​လိုက်​ပါဦး။ ပါလာရင်​​တော့ကျွန်ုပ်​နဲ့အမြန်​ဆုံးဆက်​သွယ်​ပြီးထီ​ပေါက်​ကိန်းရှိတဲ့လနဲ့ဘယ်​နံပါတ်​​လေး​တွေအကျိုး​ပေးလဲဆိုတာ တိုင်​ပင်​လိုက်​ကြရ​အောင်​ ထီ​ပေါက်​ပြီးချမ်းသာရင်​လဲလက္ခဏာဆရာမင်းခန့်​ကိုမ​မေ့ကြပါနဲ့ဦးဗျာ ။

၁။ တနင်္လာဂြိုလ်​ခုံ​ပေါ်ကတြိဂံ

လက္ခဏာကြည့်​ပရိသတ်​ရဲ့လက်​သူကြွယ်​​အောက်​က တနင်္လာဂြိုလ်​ခုံ​ပေါ်မှာ တြိဂံအမှတ်​သား​လေးပါလာရင်​ လက္ခဏာရှင်​ဟာအရာရာမှာအများနဲ့မတူပဲ တီထွင်​ကြံဆမှု​တွေကိုနည်းလမ်းသစ်​ရှာ​ဖွေရင်း​ငွေအစုလိုက်​ဝင်​ရကိန်းအမှတ်​ပါပဲ။

၂။ အသက်​အရံလမ်း​ကြောင်း

လက္ခဏာကြည့်​ပရိသတ်​ရဲ့လက်​ဝါးမှာအင်္ဂါလမ်း​ကြောင်း(သို့) အသက်​အရံလမ်း​ကြောင်း​လေး အရံပါလာမယ်​ဆိုရင်​ လက္ခဏာရှင်​ဟာ ဘဝရဲ့ပထမအရွယ်​မှာပဲ အချိန်​အနည်းငယ်​အတွင်း ​ငွေအစုလိုက်​ရတတ်​ပါတယ်​။

၃။ လက်​​ကောက်​ဝတ်​​ပေါ်ကတြိဂံ

လက္ခဏာကြည့်​ပရိသတ်​ရဲ့ လက်​ဝါး​အောက်​ လက်​​ကောက်​ဝတ်​​ပေါ်မှာတြိဂံအမှတ်​အသား​လေးပါလာရင်​​တော့ လက္ခဏာရှင်​ဟာ ထင်​မှတ်​မထားပဲ ​ငွေအစုလိုက်​ကြီးကြီးမားမားရကိန်းပါပဲ ထီဆုကြီး​ပေါက်​ကိန်းလဲဖြစ်​နိုင်​သလို အ​မွေရုတ်​တရက်​များများစားစားရကိန်းလဲ​ပြောနိုင်​ပါတယ်​ တခြားမထင်​မှတ်​တဲ့အရာနဲ့လဲဝင်​လာနိုင်​တယ်​ ​သေချာတာက​တော့ဝင်​လာမဲ့​ငွေပမာဏကကြီးမားပါတယ်​။

၎။ ဒုတိယအင်္ဂါဂြိုလ်​​ပေါ်က​ထောင့်​မှန်​​​လေး​ထောင့်

လက္ခဏာရှင်​ရဲ့လက်​ဝါးမှာ ဒုတိယအင်္ဂါဂြိုလ်​လုံ​ပေါ်က ​ထောင့်​မှန်​​လေး​ထောင့်​အမှတ်​အသား ရှိ​နေရင်​​နေရင်​​တော့ လူချမ်းသာဖြစ်​ဖို့ ကံအ​ဆောက်​အဦး​လေးပါလာခြင်းပါပဲ ဘဝမှာဆင်းဆင်းရဲရဲသိပ်​မ​နေရပါဘူး ချမ်းသာကြွယ်​ဝမဲ့သူ​ဌေးကြီးဖြစ်​ဖို့ အမှတ်​အသားပါပဲ ဒီလိုအမှတ်​အသားပါလာရင်​​တော့ ဘယ်​​လောက်​ပဲဆင်းရဲ​နေပါ​စေ၊ လက္ခဏာရှင်​ဟာ​သေချာ​ပေါက်​ သူ​ဌေးကြီးစာရင်းဝင်​သွားပါပြီ အချိန်​သာစကား​ပြောသွာပါလိမ့်​မယ်​။

၅။ လက်​ဖဝါးအလယ်​က​ထောင့်​မှန်​​လေး​ထောင့်

လက္ခဏာရှင်​ရဲ့ လက်​ဖဝါးအလယ်​မှာ ​ထောင့်​မှန်​​လေး​ထောင့်​အမှတ်​အသားပါရှိလျင်​ ဘဝမှာအခွင့်​​ရေး​ကောင်း​တွေရရှိပြီး၊ ​ငွေ​ကြေးချမ်းသာစွာ​နေထိုင်​ရမည်​၊

၆။ တနင်္ဂ​နွေဂြိုလ်​ခုံ​ပေါ်က​ထောင့်​မှန်​​လေး​ထောင့်

လက္ခဏာရှင်​ရဲ့လက်​သူကြွယ်​​အောက်​ တနင်္ဂ​နွေဂြိုလ်​ခုံ​ပေါ်မှာ ​ထောင့်​မှန်​​လေး​ထောင့်​အမှတ်​အသားပါလာရင်​ ​တော့ဘဝမှာ ​ငွေ​ကြေးနဲ့​ကျော်​ကြားမှုများစွာရကာ သူ​ဌေးစာရင်းဝင်​သူများဖြစ်​လိမ့်​မည်​။

ယခုတင်​ပြ​ပေးလိုက်​တဲ့ အမှတ်​အသား​လေး​တွေက​တော့ လက္ခဏာရှင်​ရဲ့​ငွေ​ကြေးကံ​ကောင်းမှုကိုအဓိက​ဖော်​ပြထားတာဖြစ်​ပါတယ်​ အဲဒီ​တော့ ထီ​ပေါက်​မလား အ​မွေရမလားဆိုတာက​တော့အထက်​က​ဖော်​ပြထားတဲ့အမှတ်​အသား​တွေကို​သေချာကြည့်​ပြီးလက္ခဏာမှာပါတဲ့လမ်း​ကြောင်း​တွေနဲ့ပြန်​လည်​သုံးသပ်​ရတာပါ အခြားကံ​ကောင်းတဲ့အမှတ်​သား​လေး​တွေအားတဲ့အချိန်​မှာပြန်​လည်​တင်​​ပေးသွားမယ်​၊ လက္ခဏာကြည့်​ပရိသတ်​များကျန်းမာပါ​စေဗျာ။

Comments are closed.