စိုင်းစိုင်းခမ်းလှိုင်အတွက် ကဗျာစပ် မွေးနေ့လက်ဆောင်ပေးခဲ့တဲ့ ဆရာကြီး ဂုဏ်ထူး ဦးသိန်းနိုင်

စိုင်းစိုင်းခမ်းလှိုင်အတွက် ကဗျာစပ် မွေးနေ့လက်ဆောင်ပေးခဲ့တဲ့ ဆရာကြီး ဂုဏ်ထူး ဦးသိန်းနိုင်

ဒီကနေ့ ဧပြီလ (၁၀) ရက်နေ့ကတော့ ပြည်သူချစ် အနုပညာရှင် စိုင်းစိုင်းခမ်းလှိုင်ရဲ့ အသက် (၄၀)နှစ်ပြည့်တဲ့ မွေးနေ့လေးပဲ ဖြစ်ပါတယ်။ စိုင်းစိုင်းခမ်းလှိုင်က မြန်မာနိုင်ငံမှာ အားပေးသူ ပရိသတ် အခိုင်အမာ ရရှိထားတဲ့ အနုပညာရှင်တစ်ဦးလဲ ဖြစ်ပါတယ်။ စိုင်းစိုင်းခမ်းလှိုင်ကို လူကြီး လူငယ်မရွေး ကြိုက်နှစ်သက်ကြပြီး လူချစ်လူခင် ပေါများတဲ့ အဆိုတော်တစ်ဦးဖြစ်ပါတယ်။ ဒီနေ့မှာတော့ မြန်မာစာ ဆရာကြီး ဂုဏ်ထူး ဦးသိန်းနိုင်က စိုင်းစိုင်းခမ်းလှိုင်အတွက် မွေးနေ့ဆုတောင်း ကဗျာလေး စပ်ဆိုပေးထားပါတယ်။

ပရိသတ်တွေအတွက် ဆရာကြီးဂုဏ်ထူး ဦးသိန်းနိုင်ရဲ့ ကဗျာလေး ကို မျှဝေလိုက်ပါတယ်နော်။

ဆရာကြီးက စိုင်းစိုင်းခမ်းလှိုင်ကို “ကိုရွှေစိုင်း” ဆိုပြီး တင်စားထားတာ သဘောကျစရာပဲနော်။

တစ်နှစ်ထက်တစ်နှစ် အောင်မြင်မှုတွေ များစွာဆွတ်ခူးရရှိနေတဲ့ အဆိုတော် စိုင်းစိုင်းခမ်းလှိုင်ကတော့ လူငယ်တွေသာမကပဲ လူကြီးတွေကလဲ သဘောကျ ချစ်ခင်ကြတာကို တွေ့ရပါတယ်။ စိုင်းစိုင်းခမ်းလှိုင်ကလဲ အပြောအဆို အမူအယာ သိမ်မွေ့လိမ္မာပြီး ပါးနပ်လို့ လူကြီးတွေက သဘောကျကြတာဖြစ်ပါတယ်။

စိုင်းစိုင်းအတွက် ဆရာကြီး ဂုဏ်ထူးဦးသိန်းနိုင် ရေးပေးထားတဲ့ ကဗျာလေးက ဖတ်ရတာ အရမ်းကောင်းပြီး သဘောကျစရာပါပဲ။ စိုင်းစိုင်းလဲ ဆရာကြီးရဲ့ မွေးနေ့လက်ဆောင် ကဗျာလေးကို သဘောကျနှစ်ခြိုက်ကြမယ် ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

Source: Gondooutheinnaing-ဂုဏ်ထူးဦးသိန်းနိုင်

Comments are closed.