လာမယ့် နှစ်သစ်သင်္ကြန်မှာ ပရိသတ်တွေ ကျန်းမာချမ်းသာစေဖို့ ဆုတောင်းပေးလိုက်တဲ့ အေးဝတ်ရည်သောင်း

လာမယ့် နှစ်သစ်သင်္ကြန်မှာ ပရိသတ်တွေ ကျန်းမာချမ်းသာစေဖို့ ဆုတောင်းပေးလိုက်တဲ့ အေးဝတ်ရည်သောင်း

နန်းဆန်တဲ့အလှကိုပိုင်ဆိုင်ထားတဲ့ မမ​အေး​သောင်းက​တော့ ပရိသတ်တွေရဲ့အား​ပေးမှု​ကြောင့်​ နှစ်​​တွေကြာမှ အနုပညာလောကထဲသို့ တစ်ကျော့ပြန်လည်ဝင်ရောက်လာတာပဲဖြစ်​ပါတယ်​။ လတ်​တ​လောမှာ​တော့ မအေးသောင်းက မကြာခင် နှစ်သစ်ကူးတော့မှာမို့ ပရိသတ်တွေ ကျန်းမာချမ်းသာစေဖို့ ဂရုတစိုက်နဲ့ ဆုတောင်းပေးခဲ့တာ တွေ့ရပါတယ်။ ပရိသတ်တွေကို သတိတရနဲ့ ကြင်ကြင်နာနာလေး ဆုတောင်းပေးလိုက်တဲ့ မမအေးသောင်းကတော့ အရမ်းကို ချစ်စရာကောင်းလွန်းပါတယ်နော်။

ချစ်ပရိသတ်တွေအတွက် လာမယ့် နှစ်သစ်သင်္ကြန်မှာ ပရိသတ်တွေ ကျန်းမာချမ်းသာစေဖို့ ဆုတောင်းပေးလိုက်တဲ့ အေးဝတ်ရည်သောင်းရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

မအေးသောင်းကတော့ “လာမဲ့ နှစ်သစ်မှာသင်္ကြန်မှာ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းရှိကြပါစေ။ လိုအင်ဆန္ဒတွေလည်း တလုံးတဝတည်းပြည့်ဝကြပါစေ။နေပူတယ် ဂရုစိုက်ပါ။ ရေများများသောက်ပါ။” ဆိုပြီး သူမရဲ့လူမှုကွန်ယက်မှာ တင်ထားတာပဲ တွေ့ရပါတယ်။

သင်္ကြန်အငွေ့အသက်တွေနဲ့ ပြည့်နေတဲ့ မအေးသောင်းရဲ့ပုံရိပ်တွေကတော့ တကယ့်ကို အေးချမ်းလှပါတယ်နော်။

သရုပ်ဆောင်ပိုင်းမှာ ထူးချွန်တဲ့ မအေးသောင်းကတော့ ပရိသတ်တွေကြားမှာ နာမည်ကြီးသွားတဲ့ “မုန်းစွဲ” ရုပ်ရှင်ဇာတ်ကားကြီးထဲမှာလည်း ‘ကြာဥ” ဆိုတဲ့ ဇာတ်ရုပ်ကို အပီပြင်ဆုံး သရုပ်ဆောင်နိုင်ခဲ့တာကြောင့် ပရိသတ်တွေ တော်တော်လေး သဘောကျခဲ့ကြတာပါ။ မိုမိုလေးချစ်ပရိသတ်တွေလည်း နှစ်သစ်မှာ ကျန်းမာချမ်းသာစေဖို့ ဆုမွန်ကောင်းတောင်ပေးခဲ့တဲ့ မအေးသောင်းကိုချစ်ရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။

Source;Aye Thaung’s Facebook

Comments are closed.