Christmas အတွက်ပြင်ဆင်နေတာကို ဝင်ရှုပ်နေတဲ့ သမီးလေးရဲ့ ချစ်စရာ ပုံရိပ်တွေကို မျှဝေပေးလာတဲ့ ချမ်းချမ်း
အဆိုတော် ချမ်းချမ်း ကတော့ လက်ရှိ အီတလီ နိုင်ငံမှာ နေထိုင်နေတာဖြစ်ပါတယ်။ ကလေးမွေးပြီးအမိမြေသို့ပြန်မယ်လို့ စိတ်ကူး ထားပေမယ့်လည်း အရေးခင်း ဖြစ်နေတာကြောင့် ပြန်လို့မရဘဲ သောင်တင်နေတာပါ။ ပြည်ပမှာ နေပေမယ့်လည်း မြန်မာနိုင်ငံအရေးကို တက်နိုင်တဲဘက်ကနေ ပါဝင်ကူညီအားဖြည့်ဆောင်ရွက်ပေးနေတဲ့သူဆိုလည်း မမှားပါဘူး။
ချမ်းချမ်းကတော့ မြန်မာပြည်မှာကျန်ခဲ့တဲ့ သမီးကြီးကိုလည်း လွမ်းနေရင်း သမီးငယ်လေးအပေါ်မှာလည်း အရမ်းကိုချစ်ပြီး အရိပ်တ ကြည့်ကြည့်နဲ့ ချစ်နေတာ ဖြစ်ပါတယ်။ တစ်ခါတစ်လေမှာလည်း သမီးငယ်လေးရဲ့ချစ်စရာကောင်းတဲ့ ပုံလေး၊ video လေးတွေကို ပရိသတ်တွေအတွက် တင်ပေးနေကြဖြစ်ပါတယ်။
လက်ရှိမှာတော့ ချမ်းချမ်းတို့က မကြာခင်မှာ ကျရောက်တော့မယ့် Christmas အတွက်ပြင်ဆင်နေတာကြတာဖြစ်ပါတယ်။ အဲ့လို ပြင်ဆင်နေတဲ့ အချိန်မှာ Pilarလေးက ဝင်ရှုပ်နေတဲ့ပုံရိပ်လေးတွေကို ချမ်းချမ်းက သူမရဲ့လူမှုကွန်ယက်စာမျက်နှာမှာ တင်ထားတာ ဖြစ်ပါတယ်။ Pilarလေးရဲ့ ပုံလေးတွေနဲ့အတူ ” Christmas အတွက် ပြင်နေတာ ဝင်ရှုပ်တဲ့ Pilar” ဆိုပြီးရေးသားထားတာ ဖြစ်ပါတယ်။ သမီးငယ်လေး ရဲ့ ပါးဖောင်းဖောင်းကြီးနဲ့ အသဲယားစရာကောင်းတဲ့ ပုံရိပ်တွေကို ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါ တယ်နော်။
Source: Chan Chan’s Facebook Acc
Advertisement
[zawgyi]
Advertisement
Be the first to comment
Leave a Reply
Your email address will not be published.
*