ႏွလုံးက်န္းမာေရးအတြက္ မျဖစ္မေန စားကိုစားေပးသင့္ဆုံး အစားအစာ(၅)မ်ိဳး

ႏွလုံးက်န္းမာေရးအတြက္ မျဖစ္မေန စားကိုစားေပးသင့္ဆုံး အစားအစာ(၅)မ်ိဳး

လူ႔ခႏၶာကုိယ္ရဲ႕ အေရးႀကီးဆုံး အစိတ္အပုိင္းေတြထဲမွာ ႏွလုံးလည္း ပါ၀င္ေနပါတယ္။ ႏွလုံးရုတ္တရပ္ ရပ္သြားတာမ်ိဳး ၊ အသက္ရႈ ၾကပ္သြားတာမ်ိဳး ၊ ႏွလုံးေသြးေၾကာ က်ဥ္းေနတာမ်ိဳး ၊ ႏွလုံးအေမာ ေဖာက္တာမ်ိဳးက ႏွလုံးေရာဂါနဲ႔ ဆက္စပ္ေနပါတယ္။ ဒါေၾကာင့္ ႏွလုံးအားနည္းတဲ့ သူေတြအတြက္ ႏွလံုးက်န္းမာေရးေကာင္းဖုိ႔ဆိုရင္ ဒီအစားအစာေတြကို မျဖစ္မေန စားေပးသင့္ပါတယ္။

(၁) ငါး

ငါးမႀကိဳက္သူေတြ ၊ ငါးမစားသူေတြ ဖတ္သင့္ပါတယ္။ ငါးမွာ ပရုိတင္းနဲ႕ omega-3 fatty acids တုိ႔ပါတယ္။ omega-3 နဲ႕ omega-6 fatty acids တုိ႔က လူ႔ခႏၶာကုိယ္အတြက္ လုိအပ္ပါတယ္။ ေန႔စဥ္စားေနတဲ့ အစားအစာေတြက omega-3 ကို လုံေလာက္ေအာင္ မေပးႏုိင္ပါဘူး။ ဒါေၾကာင့္ ငါးကို ႏွလုံးက်န္းမာေရးေကာင္းဖုိ႔ မျဖစ္မေန စားေပးပါ။

(၂) ပန္းပြင့္စိ္မ္း

ပန္းပြင့္စိမ္းမွာ ဗီတာမင္ A, C, K နဲ႕ ကယ္ဆီယမ္ ၊ ပုိတက္ဆီယမ္ ၊ အမွ်င္ဓာတ္တုိ႔ ပါ၀င္တဲ့အျပင္ omega-3 နဲ႕ omega-6 fatty acids တုိ႔လည္း ပါ၀င္ပါတယ္။ ႏွလုံးအတြက္ ေကာင္းေစႏိုင္လုိ႔ ပန္းပြင့္စိမ္းကို မ်ားမ်ားစားေပးသင့္ပါတယ္။

(၃) မုန္လာဥနီ

မုန္လာဥနီမွာ ဗီတာမင္ A, K, E နဲ႕ ကယ္ဆီယမ္ ၊ ပုိတက္ဆီယမ္တုိ႔ ပါ၀င္ပါတယ္။ ႏွလုံးအတြက္ မေကာင္းတဲ့အဆီပုိေတြကို ေလ်ာ႔ခ်ေပးတယ္။ ဒါေၾကာင့္ မုန္လာဥနီကို စားေပးသင့္ပါတယ္။

(၄) ပန္းသီး

ပန္းသီးမ်ားမ်ားစားရင္ ၀ိတ္က်ေစႏုိင္သလို ထိခိုက္ဒဏ္ရာရလို႔ ခႏၶာကိုယ္ ေရာင္ရမ္းတာေတြကိုလည္း သက္သာေစပါတယ္။ ႏွလုံးက်န္းမာဖုိ႔အတြက္ ေန႔တုိင္းစားေပးသင့္ပါတယ္။

(၅) ေထာပတ္သီး

ေထာပတ္သီးမွာ ဗီတာမင္ A, E, K, C, B6 နဲ႕ potassium, magnesium, sodium တုိ႔ ပါ၀င္ပါတယ္။ ဒီေတြက မေကာင္းတဲ့ အဆီပုိေတြကုိ ေလ်ာ႔ခ်ေပးႏုိင္ၿပီး ႏွလုံးေရာဂါ ျဖစ္ႏုိင္ေခ်ကိုလည္း ေလ်ာ႔နည္းေစႏုိင္ပါတယ္။

Hannwe Soe

[Unicode]

လူ့ခန္ဓာကိုယ်ရဲ့ အရေးကြီးဆုံး အစိတ်အပိုင်းတွေထဲမှာ နှလုံးလည်း ပါ၀င်နေပါတယ်။ နှလုံးရုတ်တရပ် ရပ်သွားတာမျိုး ၊ အသက်ရှု ကြပ်သွားတာမျိုး ၊ နှလုံးသွေးကြော ကျဉ်းနေတာမျိုး ၊ နှလုံးအမော ဖောက်တာမျိုးက နှလုံးရောဂါနဲ့ ဆက်စပ်နေပါတယ်။ ဒါကြောင့် နှလုံးအားနည်းတဲ့ သူတွေအတွက် နှလုံးကျန်းမာရေးကောင်းဖို့ဆိုရင် ဒီအစားအစာတွေကို မဖြစ်မနေ စားပေးသင့်ပါတယ်။

(၁) ငါး

ငါးမကြိုက်သူတွေ ၊ ငါးမစားသူတွေ ဖတ်သင့်ပါတယ်။ ငါးမှာ ပရိုတင်းနဲ့ omega-3 fatty acids တို့ပါတယ်။ omega-3 နဲ့ omega-6 fatty acids တို့က လူ့ခန္ဓာကိုယ်အတွက် လိုအပ်ပါတယ်။ နေ့စဉ်စားနေတဲ့ အစားအစာတွေက omega-3 ကို လုံလောက်အောင် မပေးနိုင်ပါဘူး။ ဒါကြောင့် ငါးကို နှလုံးကျန်းမာရေးကောင်းဖို့ မဖြစ်မနေ စားပေးပါ။

(၂) ပန်းပွင့်စိ်မ်း

ပန်းပွင့်စိမ်းမှာ ဗီတာမင် A, C, K နဲ့ ကယ်ဆီယမ် ၊ ပိုတက်ဆီယမ် ၊ အမျှင်ဓာတ်တို့ ပါ၀င်တဲ့အပြင် omega-3 နဲ့ omega-6 fatty acids တို့လည်း ပါ၀င်ပါတယ်။ နှလုံးအတွက် ကောင်းစေနိုင်လို့ ပန်းပွင့်စိမ်းကို များများစားပေးသင့်ပါတယ်။

(၃) မုန်လာဥနီ

မုန်လာဥနီမှာ ဗီတာမင် A, K, E နဲ့ ကယ်ဆီယမ် ၊ ပိုတက်ဆီယမ်တို့ ပါ၀င်ပါတယ်။ နှလုံးအတွက် မကောင်းတဲ့အဆီပိုတွေကို လျော့ချပေးတယ်။ ဒါကြောင့် မုန်လာဥနီကို စားပေးသင့်ပါတယ်။

(၄) ပန်းသီး

ပန်းသီးများများစားရင် ၀ိတ်ကျစေနိုင်သလို ထိခိုက်ဒဏ်ရာရလို့ ခန္ဓာကိုယ် ရောင်ရမ်းတာတွေကိုလည်း သက်သာစေပါတယ်။ နှလုံးကျန်းမာဖို့အတွက် နေ့တိုင်းစားပေးသင့်ပါတယ်။

(၅) ထောပတ်သီး

ထောပတ်သီးမှာ ဗီတာမင် A, E, K, C, B6 နဲ့ potassium, magnesium, sodium တို့ ပါ၀င်ပါတယ်။ ဒီတွေက မကောင်းတဲ့ အဆီပိုတွေကို လျော့ချပေးနိုင်ပြီး နှလုံးရောဂါ ဖြစ်နိုင်ချေကိုလည်း လျော့နည်းစေနိုင်ပါတယ်။

Hannwe Soe

Comments are closed.