
သင်္ကြန်အတွက် ဆံပင်ပုံစံအလန်းကြီး ပြောင်းလိုက်တဲ့ မိုးယုစံ
ပရိသတ်တွေအရမ်းကိုချစ်ကြတဲ့ သရုပ်ဆောင်မိုးယုစံက ချိုသာလွန်းတဲ့ အပြုံးချိုချိုလေးနဲ့ ပရိသတ်တွေကို ဖမ်းစားထားနိုင်သူတစ်ဦးပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ မိုးယုစံက သူမကို အရမ်းချစ်တဲ့ ခင်ပွန်းနဲ့ တစ်ဦးတည်းသော သားသားလေး ကောင်းသိင်္ခမိုးသူကို ပိုင်ဆိုင်ထားပါပြီ။ လတ်တလောမှာတော့ မိုးယုစံက သင်္ကြန်နီးလာပြီမို့ သင်္ကြန်အထာလေးနဲ့ လန်းနေတဲ့ ပုံရိပ်တွေကို လူမှုကွန်ယက်ပေါ်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ ကလေးတစ်ယောက်အမေလို့ မထင်ရလောက်အောင် လန်းနေတဲ့ မိုးယုစံရဲ့ပုံရိပ်တွေက အရမ်းကို မိုက်နေတာပါနော်။

ချစ်ပရိသတ်တွေအတွက် သင်္ကြန်အတွက် ဆံပင်ပုံစံအလန်းကြီး ပြောင်းလိုက်တဲ့ မိုးယုစံရဲ့ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

မိုးယုစံကတော့ ” သင်္ကြန်ဆိုတော့ သင်္ကြန်အထာလေးလုပ်ကြည့်တာ 🙂 သင်္ကြန် နဲ့ဝေးတာ၂နှစ်လောက်ရှိပီ ဒီနှစ်တော့ နေပြည်တော်skynet မှာရှိမယ်နော် တခြားနယ်က ပရိတ်သတ်ကြီးနဲ့ဆုံချင်ပေမဲ့ နေပြည်တော်ကပရိတ်သတ်ကြီးနဲ့ကံစပ်လို့ နေပြည်တော် skynetမဏ္ဌပ် မှာရှိတာ ၄/၅နှစ်လောက်ရှိပီ ကြားမှာနားပေမဲ့ ဒီနှစ်ထပ်တွေ့ကြမယ်နော်” ဆိုပြီး သူမရဲ့ပုံရိပ်လေးတွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာပါ။

မိုးယုစံရဲ့ပုံရိပ်တွေကတော့ ရုတ်တရက်ကြည့်လိုက်ရင် နိုင်ငံခြားသူလေးလို အရမ်းမိုက်နေတာပါနော်။


မိုးယုစံကတော့ ချစ်တတ်လွန်းတဲ့ခင်ပွန်းရယ် ချစ်စရာကောင်းတဲ့ သားသားလေးတို့နဲ့အတူ သာယာပျော်ရွှင်တဲ့မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတာပဲဖြစ်ပါတယ်။ ချစ်ပရိသတ်တွေလည်း သင်္ကြန်အတွက် ဆံပင်ပုံစံ အလန်းလေး ပြောင်းလိုက်တဲ့ မိုးယုစံလေးကိုချစ်ရင်တော့ Share သွားကြဖို့ မမေ့ပါနဲ့နော်။
Source;Moe Yu San’s Facebook