“ငါ့ရည်းစားက ပိုမိုက်တယ်”သီချင်းကို နန်းဆုရှေ့မှာ အပီအပြင်ဆိုပြနေတဲ့ G Fatt ရဲ့ဗီဒီယို

“ငါ့ရည်းစားက ပိုမိုက်တယ်”သီချင်းကို နန်းဆုရှေ့မှာ အပီအပြင်ဆိုပြနေတဲ့ G Fatt ရဲ့ဗီဒီယို

ပရိသတ်တွေအားလုံးက စိတ်ဝင်တစားနဲ့ ချစ်ခင်ကြရတဲ့ G Fattနဲ့ နန်းဆုရတီစိုးတို့ အနုပညာရှင်စုံတွဲလေးကတော့ တစ်ဦးအပေါ်တစ်ဦး နားလည်မှုတွေ ကြင်နာမှုတွေ အပြည့်အဝပေးပြီး ပျော်စရာတွေ ကြည်နူးစရာတွေ ပြည့်နှက်နေတဲ့ အချစ်ရေးကို ဖန်တီးပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။ တလောကတော့ နှစ်ယောက်သား လမ်းခွဲသွားပြီဆိုတဲ့ အရိပ်အယောင်တွေ မြင်နေရတာမို့ ပရိသတ်တွေအားလုံး စိတ်မကောင်းဖြစ်နေကြပေမယ့် အခုအချိန်မှာတော့ ပြန်အဆင်ပြေသွားပါပြီ။ မနေ့ညက ကျင်းပပြုလုပ်ခဲ့တဲ့ စိုင်းစိုင်းခမ်းလှိုင်ရဲ့ Birthday Show ပွဲမှာ နှစ်ယောက်သား အတူတူ အားပေးခဲ့ကြပြီး G Fatt က “ငါ့ရည်းစားက ပိုမိုက်တယ်” သီချင်းဆိုနေတဲ့အချိန်မှာ နန်းဆုအနားမှာပဲ သီဆိုနေတာ တွေ့ရပါတယ်။

ချစ်ပရိသတ်တွေအတွက်”ငါ့ရည်းစားက ပိုမိုက်တယ်”သီချင်းကို နန်းဆုရှေ့မှာ အပီအပြင်ဆိုပြနေတဲ့ G Fatt ရဲ့ဗီဒီယို လေးကို ဖော်ပြပေးလိုက်ပါတယ်နော်။

စိုင်းစိုင်းကို ရှေ့ဆုံးကနေ အပီအပြင် အားပေးနေတဲ့ G Fatt နဲ့ နန်းဆုရတီစိုးတို့ ချစ်သူနှစ်ဦးရဲ့ဗီဒီယို

ချစ်သူရဲ့အနီးအနားမှာပဲ ဝေ့ပြီး သီဆိုနေတဲ့ G Fatt ရဲ့ဗီဒီယို (နန်းဆုလေးကလည်း ကြည်နူးနေတာ ချစ်ဖို့ကောင်းချက်)

စိုင်းစိုင်းကို ရှေ့ဆုံးကနေ အပီအပြင် အားပေးနေတဲ့ G Fatt နဲ့ နန်းဆုရတီစိုးတို့ ချစ်သူနှစ်ဦးရဲ့ဗီဒီယို

စိုင်းစိုင်းတို့ Frenzo အဖွဲ့သားတွေရဲ့”ငါ့ရည်းစားက ပိုမိုက်တယ်” သီချင်းဗီဒီယို

ချစ်တတ်လွန်းသူကြီး G Fatt နဲ့ မမချောချောနန်းဆုတို့ရဲ့ ကြည်နူး ကြည်နူးဖွယ်ကောင်းလှတဲ့ အချစ်ရေးကလည်း ပရိသတ်တွေကို အမြဲလိုလို အားကျစေခဲ့တာပါ။ မိုမိုလေးချစ်ပရိသတ်တွေလည်း နန်းဆုနဲ့ G Fattတို့ ချစ်သူနှစ်ဦး အမြဲလိုလို ပျော်ပျော်ရွှင်ရွှင်နဲ့ သာယာတဲ့ အချစ်ရေးကို နှစ်ကိုယ်တူဖန်တီးနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ကြပါဦးနော်။

Source; Nansu Yati Soe’s Facebook

Comments are closed.