ငါးနာရီကြာပြုပြင်ပြီးနောက် အပြောင်းလဲကြီးပြောင်းလဲသွားတဲ့ ဖွေးစိန်ရဲ့ 2019 သြင်္ကန်ဖက်ရှင်

ငါးနာရီကြာပြုပြင်ပြီးနောက် အပြောင်းလဲကြီးပြောင်းလဲသွားတဲ့ ဖွေးစိန်ရဲ့ 2019 သြင်္ကန်ဖက်ရှင်

ထပ်ဆင့်အကယ်ဒမီရှင်တစ်ယောက်ဖြစ်တဲ့ ဖွေးဖွေးဟာဆိုရင် အမြဲလိုလို ဖက်ရှင် အဆန်းလေးတွေနဲ့ ပရိသတ်တွေကိုဖမ်းစားတတ်သူတစ်ယောက်ပါပဲ။ သူမရဲ့ပွဲတက်ပုံရိပ် တွေဟာ ပရိသတ်တွေကြားမှာ အမြဲတမ်းရေပန်းစားခဲ့ပြီး ဝဝပြည့်ပြည့်နဲ့ ဖောင်းကစ်ကစ် ခန္ဓာကိုယ်လေးကြောင့် အားလုံးရဲ့ အသည်းကျော်လေးဖြစ်နေသူတစ်ယောက်ပါပဲ။

အသက်သုံးဆယ်ကျော်အမျိုးသမီးလို့ထင်ရက်စရာမရှိအောင် သူမရဲ့နုပျိုမှုကတော့ အံ့မခန်းပါပဲ။ ကလေးလေးတစ်ယောက်လို အမြဲတမ်းပေါ့ပါးလန်းဆန်းနေတဲ့ ဖွေးစိန် တစ်ယောက် သူမကိုယ်တိုင် လည်း စိတ်ပျိုကိုယ်နုဆိုတဲ့ စကားလေးအတိုင်းပဲမို့ထင်ပါရဲ့ အမြဲတမ်း ချစ်စရာကောင်းနေတော့ တာပါပဲ။

သြင်္ကန်အချိန်အခါရောက်တိုင်း အမြဲတမ်းဆံပင်ပုံစံပြောင်းတတ်တဲ့ သူမရဲ့အကျင့်လေးကို ” ဒီလိုချိန်ဆို ဖွေးသြင်္ကန်ထွက်ဖြစ်ဖြစ် မဖြစ်ဖြစ် နှစ်သစ်မှာ အမြဲ ဆံပင်အသစ်ပြောင်း ရမှ နေသာထိုင်သာရှိသွားရော ” ဆိုပြီး သူမရဲ့ချစ်စဖွယ်ပုံလေးတွေနဲ့အတူ ပြောလိုက်တာ ပဲဖြစ်ပါတယ်။ ချစ်ရတဲ့ဖွေးစိန်လေးတစ်ယောက် ဒီလိုဆံပင်ပုံစံရဖို့ ငါးနာရီကြာပြင်ဆင်ခဲ့ရ တယ်လို့ဆိုပါတယ်။ ဖွေးစိန်ကိုချစ်တဲ့ ပရိသတ်ကြီးအတွက် ဖွေးစိန်ရဲ့ 2019 သြင်္ကန် ဆံပင်ပုံစံလေးကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Photo – Phway Phway

Comments are closed.