မိခင်ဖြစ်သူရဲ့ငိုကြွေးနေမှုကြောင့် အရမ်းကို စိတ်မကော င်း ဖြစ်ကာ တောင်းပန်စကားကိုဝမ်းနည်းစွာ ပြောခဲ့တဲ့ မူးလာ

Myanmar Idol ပြိုင်ပွဲဝင် အဆိုတော် စောခရစ်မူးလာ လို့ဆိုလာရင်တော့ ကြည်လင်ပြတ်သားတဲ့ အသံနဲ့တေးသီချင်းတွေကို ပရိတ်သတ် တွေ ရင်ထဲရောက်အောင် ဖန်တီးပေးနိုင်တဲ့ တေးသံရှင်တစ်ဦး လို့ အသိအမှတ်ပြုထားကြတာဖြစ်ပါတယ်။ဒါ့အပြင် သူ့ကို အမြဲပျော်ပျော်နေ တတ်တဲ့ အနုပညာရှင်တစ်ဦးဖြစ်ကြောင်း ပရိတ်သတ်များက သတ်မှတ်ထားကြတာဖြစ်ပါတယ်။

စောခရစ်မူးလာဟာ လက်ရှိဖြစ်ပေါ်နေတဲ့ အာဏာထိန်းချုပ်မှုနှင့်ပတ်သက်လို့  ပြည်သူလူထုနှင့် တစ်သားတည်း တော်လှန်ရေးလုပ်ငန်း များကို တက်ကြွစွာပါဝင်လှုပ်ရှားခဲ့တာဖြစ်ပါတယ်။လက်ရှိမှာလည်း သူဟာ လွတ်မြောက်နယ်မြေတစ်နေရာသို့ရောက်ရှိနေခဲ့တာဖြစ်ပြီး နိုင်ငံအရေးဖြစ်တဲ့ တိုင်းပြည်တာဝန်များကို တစ်ထောင့်တစ်နေရာမှ ပါဝင်လှုပ်ရှားနေသူတစ်ဦးဖြစ်ပါတယ်။

ယမန်နေ့ည နိုဝင်ဘာ(၂၁)ရက်နေ့က သူဟာ စိတ်မကောင်းစရာအကြောင်းအရာလေးတစ်ခုကို ရေးသားဖော်ပြလာခဲ့ပါတယ်။သူ့ရဲ့မိခင်ကို သူ့ရှေ့မှာ မငိုစေလိုကြောင်း စိတ်မကောင်းဖြစ်စွာပြောပြလာခဲ့တာပါ။အဝေးတစ်နေရာရောက်နေတဲ့ မူးလာ အတွက် ပရိတ်သတ်များက လည်း စိတ်မကောင်းဖြစ်ကာ အားတင်းထားစေလိုကြောင်း ‌အားပေးစကားများပြောကြားခဲ့ပါတယ်။ဝါသနာ ကို စွန့်လွှတ်ပြီး တိုင်းပြည်တာဝ န်ကိုထမ်းဆောင်နေတဲ့ မူးလာတစ်ယောက် ဘေးရန်ကင်းရှင်းစွာနဲ့ အိမ်ကိုအမြန်ဆုံးပြန်လာနိုင်ပါစေလို့ဆုတောင်းလိုက်ရပါတယ်။

Advertisement

Be the first to comment

Leave a Reply

Your email address will not be published.


*