စိုင်းစိုင်းမွေးနေ့show မှာပရိသတ်တွေနဲ့ပျော်ပျော်ပါးပါးသီဆိုခဲ့တဲ့ ငါ့ရည်းစားကပိုမိုက်တယ် သီချင်းVideo လေး

စိုင်းစိုင်းမွေးနေ့show မှာပရိသတ်တွေနဲ့ပျော်ပျော်ပါးပါးသီဆိုခဲ့တဲ့ ငါ့ရည်းစားကပိုမိုက်တယ် သီချင်းVideo လေး

မိန်းကလေးတွေနဲ့အချစ်တွေကိုအပြည့်သိမ်းပိုက်ထားနိုင်တဲ့ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ကတော့စိုင်းစိုင်းခမ်းလှိုင်ပဲဖြစ်ပါတယ်။ဂီတလောကမှာလည်းအောင်မြင်တဲ့အဆိုရှင်တစ်ယောက်ဖြစ်သလိုသရုပ်ဆောင်ပိုင်းမှာလည်းပီပြင်တဲ့သရုပ်ဆောင်မှုတွေကြောင့်ပရိသတ်အချစ်တွေအပြည့်နဲ့အောင်မြင်နေသူတစ်ယောက်ဖြစ်ပါတယ်။အသက်တွေတစ်နှစ်ပြီးတစ်နှစ်ကြီးလာပေမယ့်ယနေ့ထိတိုင်နုပျိုပြီးခန့်ညားနေတာကတော့မိန်းကလေးတွေကြွေစေတဲ့အချက်ပဲဖြစ်ပါတယ်။

သူဟာ အနုပညာလှုပ်ရှားမှုတွေဆက်တိုက်လုပ်ဆောင်နေတာပဲ ဖြစ်ပါတယ်။ ဝေဖန်မှုတွေများစွာရင်ဆိုင်ရသော်လည်း ဘယ်တော့မှအပြုံးမပျက်ဘဲ ရင်ဆိုင်တတ်တဲ့ သူတစ်ယောက်ဆိုရင်လည်း မမှားနိုင်ပါဘူး။

မနေ့ကတော့ ပရိသတ်တွေရဲ့အချစ်တော်စိုင်းစိုင်းရဲ့မွေးနေ့လေးပဲဖြစ်ပါတယ်။ သူ့ရဲ့မွေးနေ့ပွဲလေးကို သူ့ကိုချစ်တဲ့အနုပညာရှင်များအပြင် ပရိသတ်သုံးသောင်းကျော်နဲ့ပျော်ပျော်ပါးပါးသီချင်းတွေဖျော်ဖြေတင်ဆက်ခဲ့တာပါ။ စိုင်းစိုင်းဟာ လတ်တလောမှာအရမ်းကိုဟော့ဖြစ်နေတဲ့ ငါ့ရည်းစားကပိုမိုက်တယ်သီချင်းကို Frenzo artists များနဲ့ဖျော်ဖြေခဲ့တဲ့ Videoလေးကိုဝါဆိုမိုးဦးရဲ့Instagram myday မှာတင်ထားတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ကြည့်ရှုနိုင်အောင်တင်ဆက်ပေးလိုက်ပါတယ်နော်။

Source- Warso Moe Oo

Comments are closed.