ဓာတ်ပုံထဲမှာ အလှဆုံးဖြစ်နေစေဖို့ အလွယ်ကူဆုံး ပို့စ်ပေးနည်း (၈) မျိုး

ဓာတ်ပုံထဲမှာ အလှဆုံးဖြစ်နေစေဖို့ အလွယ်ကူဆုံး ပို့စ်ပေးနည်း (၈) မျိုး

ဘယ်နေရာ သွားလည်လည် ကိုယ့်ရဲ့ အမှတ်တရအ ခိုက်အတန့်တွေကို အလှဆုံး မှတ်တမ်းတင်ပြီး ဆိုရှယ်မီဒီယာပေါ် ပြန်မျှဝေချင်ကြတယ်မလား။ တစ်ခါတစ်လေ ရိုက်သာ ရိုက်တယ် စိတ်တိုင်းမကျလို့ ပြန်ဖျက်လိုက်ရတာလည်းရှိ။ သွားတဲ့ လမ်းမှာ ဓာတ်ပုံရိုက်တာ တော်တဲ့ သူငယ်ချင်း တစ်ယောက်တောင် မပါရင် ဂွမ်းပြီလေ။ ကိစ္စမရှိပါဘူး။ အောက်က နည်းလမ်းလေးတွေကို လေ့လာထားလိုက်ပါ။ ကိုယ်ရော ကိုယ့်သူငယ်ချင်းရော ဒါတွေကို မှတ်ထားပြီး တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် ရိုက်ပေးကြပေါ့။

(၁) နောက်ခံမြင်ကွင်းကို အဓိကအသားပေးပြီး ထိုင်ရိုက်တဲ့ပို့စ်

Instagram

တစ်ကိုယ်လုံးလည်း ပုံထဲပါချင်၊ မျက်နှာလည်း သိပ်မဝေးဘဲ တွေ့ရပြီး နောက်ခံမြင်ကွင်းတွေလည်း ပါစေချင်တယ်ဆိုရင်တော့ ပုံထဲကလိုလေး ထိုင်ပြီး ပို့စ်ပေးကြည့်ပါ။

(၂) ဘေးတိုက်အကြည့်

Instagram

Sponsored

ပုံထဲမှာ မျက်နှာလေးမြင်နေရတာလည်း ကောင်းပေမယ့် ဘေးတိုက်အနေအထားဆိုလည်း အဆင်ပြေပါတယ်။ မြင်ရတာလည်း သဘာဝကျပြီး အင်စတာဂရမ်စတား အများစုလည်း ဒီပို့စ်ကို သုံးကြပါတယ်။READ(၂၀၁၈)ခုနှစ် အောင်မြင်မှုအများဆုံးရခဲ့တဲ့ အာရှစူပါမော်ဒယ် (၁၀) ဦး

(၃) သူငယ်ချင်းနဲ့အတူ snap!

Instagram

သူငယ်ချင်းနဲ့အတူ လျှောက်လည်နေတယ်ဆိုရင်တော့ နှစ်ယောက်စလုံး ငြိမ်ငြိမ် တောင့်တောင့်ကြီးတွေ ပို့စ်ပေးတာထက်စာရင် လှုပ်ရှားနေတုန်း ဓာတ်ပုံရိုက်တာမျိုး၊ ဖြတ်ကနဲ လှမ်းကြည့်တဲ့ ပုံကို ရိုက်တာမျိုးတွေက ပုံလေးတွေကို ပိုမိုက်သွားစေမှာပါ။

(၄) ဟိုး…. အဝေးကို ငေးကြည့် ပို့စ်

Instagram

အင်စတာဂရမ်ဆယ်လီတွေ တင်လေ့ရှိတဲ့ ပို့စ်မျိုးပါ။ ရှုခင်းတစ်ခုခုကိုပဲဖြစ်ဖြစ်၊ တောင်တန်းတွေ၊ ပန်းခင်းတွေ စတဲ့ ငေးမျှော်လို့ရအောင် ကျယ်တဲ့ နေရာတွေရောက်တဲ့အခါ ငေးမောကြည့်နေတဲ့ ပို့စ်မျိုးလေးတွေ ပေးကြည့်ပါ။

(၅) Snap အထာ

Instagram

လုပ်ရင်းကိုင်ရင်း စားရင်းသောက်ရင်း ဓာတ်ပုံရိုက်မိထားသလို ပို့စ်မျိုးလေးတွေက လှလည်းလှ အထာလည်း ကျတဲ့ ပို့စ်လေးတွေပါ။

(၆) ပြတင်းပေါက်ဘေး

Instagram

ကိုယ်ရှိတဲ့နေရာကိုလည်း အသားပေးရင်း ဓာတ်ပုံရိုက်မယ်ဆိုရင် ပြတင်းပေါက်ဘေးမှာ မတ်တတ်ပဲ ရပ်ရပ်၊ ထိုင်ပဲ ထိုင်ထိုင် ကြိုက်တဲ့နည်းနဲ့ ပို့စ်ပေးကြည့်ပါ။ ပြတင်းပေါက်အပြင်ဘက်ကို ငေးတဲ့ ပို့စ်ကလည်း သိပ်အားထုတ်စရာမလိုဘဲ သဘာဝကျပါတယ်။ အပြင်က ရာသီဥတုအခြေအနေကိုလည်း ဓာတ်ပုံထဲ ပါစေချင်ရင် ရိုက်သင့်တဲ့ ပို့စ်လေးပါပဲ။READပဲရစ်မြို့ကို အချစ်မြို့တော်လို့ တင်စားခေါ်ရတဲ့ အကြောင်းလေးတွေ…..

(၇) လမ်းကြားလေးတွေ

Instagram

မိန်းလမ်းမတွေ၊ ရင်ပြင်ကျယ်လို အဓိကနေရာတွေက လူထူထပ်ပြီး ဓာတ်ပုံရိုက်ရ ရှုပ်တယ်ဆိုရင် လူသူအရောက်အပေါက်နည်းတဲ့ လမ်းကြားလေးတွေကို ရှာရိုက်ကြည့်ပါ။ သူများတွေ ရိုက်နေကျ နေရာမဟုတ်တဲ့အပြင် လူလည်းရှင်းတော့ ဗဲရီးဂွတ်ပေါ့။

(၈) လမ်းလျှောက်ပို့စ်

Instagram

နောက်ခံနဲ့အတူ ဓာတ်ပုံထဲက လူကိုပါ ပိုအသက်ဝင်စေပြီး ပို့စ်လည်း တကူးတက ပေးစရာမလိုတဲ့ အထာလေးပါ။ ဘယ်သွားသွား စမ်းရိုက်ကြည့်လို့ရတာမို့ ရိုက်ဖြစ်အောင် ရိုက်ကြည့်လိုက်ပါ။

Source: Helene in Between

Comments are closed.