လူသားတို့ရဲ့သမိုင်းတလျှောက် ပထမဆုံးရိုက်ကူးနိုင်ခဲ့တဲ့ Black Holeရဲ့ဓါတ်ပုံ

လူသားတို့ရဲ့သမိုင်းတလျှောက် ပထမဆုံးရိုက်ကူးနိုင်ခဲ့တဲ့ Black Holeရဲ့ဓါတ်ပုံ

နက္ခတ်သိပ္ပံပညာရှင်တွေဟာ အလွန်အင်မတန်ဝေးလံတဲ့ အာကာသတစ်နေရာက တွင်းနက် (Black Hole) တစ်ခုကို လူသားသမိုင်းတလျှောက်မှာ ပထမဆုံးအကြိမ်အဖြစ် ဓါတ်ပုံရိုက်ယူနိုင်ခဲ့ပါတယ်။

အဆိုပါ Black Hole ဟာ အချင်းကီလိုမီတာ ၄၀ ဘီလီယံ (ကီလိုမီတာ သန်း ၄၀,၀၀၀) ရှိပြီး ကမ္ဘာမြေထက် အဆသုံးသန်းကြီးမားကျယ်ပြန့်ပါတယ်။ ဒါကြောင့် သူ့ကို သိပ္ပံပညာရှင်တွေက ‘မွန်းစတား’ လို့ ခေါ်ခဲ့ကြတယ်။ သူဟာ ကမ္ဘာမြေကနေ ကီလိုမီတာပေါင်း ထရီလီယံပေါင်း သန်း ၅၀၀ ဝေးလံတဲ့နေရာမှာ တည်ရှိနေပြီး ကမ္ဘာမြေပတ်လည်က တယ်လီစကုပ်ရှစ်ခုကို ပေါင်းစပ်ကာ ရိုက်ယူနိုင်ခဲ့တာပါ။

ဒီလိုရိုက်ကူးခဲ့တဲ့ တယ်လီစကုပ်ရှစ်ခုပါ နက်ဝပ်ကိုတော့ Event Horizon Telescope (EHT) လို့ခေါ်ပါတယ်။ နယ်သာလန်နိုင်ငံ ရက်ဒ်ဘော့ဒ် တက္ကသိုလ်မှ ပရော်ဖက်ဆာ ဟိန်နိုဖော်လ်ကီဟာ ဒီစမ်းသပ်ချက်ကို စတင်အကြံပြုခဲ့ပြီး Black Hole ကို M87 လို့ အမည်ပေးထားတဲ့ ကြယ်စုတန်းထဲမှာ တွေ့ခဲ့တာလို့ ပြောပါတယ်။

“ကျွန်တော်တို့ မြင်ရတာဟာ နေစကြာဝဠာတစ်ခုလုံးထက်တောင် ကြီးမားတဲ့ အရွယ်အစား ဖြစ်တယ်” လို့ သူကဆိုတယ်။ သူ့ရဲ့ထုထည်ဟာ နေရဲ့ပမာဏထက် ၆.၅ ဘီလီယံ ပိုကြီးမားပြီး အမှန်တကယ်တည်ရှိကြောင်း သိပ္ပံပညာရှင်တွေ ယုံကြည်ခဲ့တဲ့ထဲမှာ အကြီးဆုံးတွေထဲက တစ်ခုဖြစ်တယ်လို့လည်း သိရပါတယ်။ ဒါကြောင့် သိပ္ပံပညာရှင်တွေက ဒီမွန်းစတားတွင်းနက်ကြီးဟာ စကြာဝဠာရဲ့ ဟဲဗီးဝိတ်ချန်ပီယံတစ်ဦးလို့ ဆိုလိုက်တယ်။

ပုံထဲမှာ အလွန်တောက်ပနေတဲ့ မီးကွင်းကြီးလို ပုံစံကို မြင်တွေ့ခဲ့ရပြီး စက်ဝိုင်းလို လုံးဝန်းတဲ့ သဏ္ဍာန်နဲ့ တွင်းနက်ကို ဝန်းရံထားတာ မြင်ရပါတယ်။ အဆိုပါ မီးကွင်းဟာ တွင်းနက်ထဲကို စုတ်ယူခံနေရတဲ့ အလွန်ပူပြင်းတဲ့ ဓါတ်ငွေ့တွေကြောင့် ဖြစ်ပေါ်လာတာပါ။ အဆိုပါ အလင်းရောင်ဟာ ကြယ်စုတန်းတွေထဲမှာရှိတဲ့ ကြယ်ပေါင်း ဘီလီယံများစွာပေါင်းထားတဲ့ အလင်းထက်တောင် တောက်ပပါတယ်။ ဒါကြောင့်သာ အလွန့်အလွန်ဝေးကွာတဲ့ ကမ္ဘာမြေက မြင်တွေ့နိုင်တာပါ။

အနက်ရောင်စက်ဝိုင်းရဲ့ အနားတွေဟာ ဓါတ်ငွေ့အစရှိတဲ့ အရာတွေ တွင်းနက်ထဲ ဝင်ရောက်တဲ့ နေရာဖြစ်ပြီး အလင်းကိုတောင် စုတ်ယူနိုင်တဲ့ထိ ပြင်းထန်တဲ့ ဆွဲအားရှိပါတယ်။ လန်ဒန်ကောလိပ် တက္ကသိုလ်မှ ဒေါက်တာ ဇီရီကတော့ အာကာသတွင်းနက်တွေဟာ ရိုးရှင်းတဲ့ ဖြစ်တည်မှုတွေ ဖြစ်ပေမယ့် အချိန်နဲ့နေရာရဲ့ သဘာဝတရားနဲ့ ပြောချင်လွန်းလို့ တို့ရဲ့ တည်ရှိမှုကိုတောင် အဖြေထုတ်ပေးနိုင်မယ့် ရှုပ်ထွေးတဲ့မေးခွန်းတွေကို မြင့်တက်လာစေမယ်လို့ ဆိုပြီး နာမည်ကျော် သိပ္ပံပညာရှင် အိုင်းစတိုင်းဟာ ဒီတစ်ခါလည်း မှန်သွားပြန်ပြီလို့ မှတ်ချက်ချခဲ့ပါတယ်။

ပထမဆုံးဓါတ်ပုံကိုရိုက်ကူးနိုင်ခဲ့တာဟာ ပဟေဠိကို အကုန်အစင်ဖြေဆိုနိုင်တာတော့ မဟုတ်ပါဘူး။ ရူပဗေဒအမြင်နဲ့ တွင်းနက်တွေရဲ့ တည်ရှိမှုဟာ ဘယ်လိုကွဲပြားမလဲလို့ သိချင်နေကြပြီး တွင်းနက်ရဲ့ဘေးက အလင်းရောင်ကွင်းကြီးဟာ ဘယ်လို စတင်ဖြစ်ပေါ်လာသလဲ ဆိုတာကိုလည်း တကယ်မသိရသေးပါ။ ပိုစပ်စုစရာ ကောင်းတာက တွင်းနက်ထဲရောက်သွားတဲ့ အရာဝတ္ထုတွေဟာ ဘာဖြစ်သွားသလဲ ဆိုတာကိုပါပဲ။

ပရော်ဖက်ဆာဖော်လ်ကီဟာ ၁၉၇၃ ခုနှစ်ကတော့ အာကာသတွင်းနက်တွေဟာ ကြီးမားတဲ့ ဆွဲအားရှိတာကြောင့် တကယ်ရှိတဲ့အရွယ်ထက် ၂.၅ ဆပိုကြီးမားစွာ မြင်ရနိုင်တယ်ဆိုတဲ့ စာတမ်းကို ဖတ်ရှုတင်ပြခဲ့ပါသေးတယ်။ သူ့ကို အခုလိုအောင်မြင်စေဖို့အတွက် ဥရောပသုတေသနကောင်စီက ဘဏ္ဍာရေး ထောက်ပံ့ခဲ့ပြီး အရှေ့အာရှမှ နေရှင်နယ်သိပ္ပံဖောင်ဒေးရှင်းကလည်း စတာလင်ပေါင် သန်း ၄၀ အထက် ရန်ပုံငွေ ထည့်ဝင်ပေးခဲ့တာပါ။

ဒီအသင်းဟာ အခုတော့ ပြောချင်လွန်းလို့တို့ရဲ့ မစ်ကီဝေးစကြာဝဠာ အလည်ခေါင်မှာ အာကာသတွင်းနက် တစ်ခုရှိမယ်လို့ စိတ်ကူးနေကြပါတယ်။ ဒါပေမယ့် သက်သေပြဓါတ်ပုံရိုက်ကူးဖို့က အလင်းနှစ် ၅၅ သန်း ဝေးလံတဲ့ ဂလက်ဆီက မွန်းစတားတွင်းနက်ကို ရိုက်ပြဖို့ထက် ခက်ခဲနေပြီး ပြောချင်လွန်းလို့ တို့ရဲ့ စကြာဝဠာနဂါးငွေ့တန်း အလည်က တွင်းနက်ဟာ အများကြီးပိုသေးငယ်ကာ မှေးမှိန်နေလို့ ဖြစ်ပါတယ်။

Comments are closed.