နှစ်သစ်ကူးအကြိုအတွက် စတုဒီသာလုပ်ပြီး မုန့်လုံးရေပေါ်ကျွေးမယ့် အစီအစဉ်မှာ အားတက်သရောကူညီနေတဲ့ စန္ဒီမြင့်လွင်

နှစ်သစ်ကူးအကြိုအတွက် စတုဒီသာလုပ်ပြီး မုန့်လုံးရေပေါ်ကျွေးမယ့် အစီအစဉ်မှာ အားတက်သရောကူညီနေတဲ့ စန္ဒီမြင့်လွင်

ပရိသတ်ကြီးရေ အနုပညာလောကထဲကို အဆိုပညာနဲ့ ဝင်ရောက်လာခဲ့တဲ့ အဆိုတော် စန္ဒီမြင့်လွင်ကတော့ ပရိသတ်ကြီးရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိထားတဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ယခုချိန်ထိလည်း အနုပညာအလုပ်တွေကို လုပ်ကိုင်နေဆဲ ဖြစ်ကာ စိုးညီအစ်မလေးယောက် ဖွင့်ထားတဲ့ မင်းသမီး ပိုးထည်တိုက်လေးမှာလည်း တစ်ခါတစ်လေ ဆိုင်ထိုင်ပေးပါတယ်။စန္ဒီမြင့်လွင်ကို ပရိသတ်တွေက ချစ်စနိုးနဲ့ ဒီဒီးလို့ ခေါ်ကြပြီး ဖြူစင်စိတ်ထားကောင်းသူလေးပါ။

ဒီဒီးက ချစ်ရတဲ့သူနဲ့အတူတူ နှစ်ကိုယ်တူဘဝလေးကို တည်ဆောက်ထားပြီး အခုဆိုရင် ရင်သွေးလေးကိုလည်း လွယ်ထားရပါပြီ။ရင်သွေးလေးက သမီးမိန်းကလေးဖြစ်တာကြောင့် ဒီဒီးအတွက် ပျော်ရွှင်ကြည်နူးရပါတယ်။ချစ်ခင်ပွန်းကလည်း ဒီဒီးကို သေချာဂရုစိုက်စောင့်ရှောက်ပြီး လိုလေသေးမရှိအောင် ထားသူတစ်ယောက်ဖြစ်လို့ ဒီဒီးအတွက်ကတော့ ပျော်ရွှင်ဖွယ်အိမ်ထောင်ရေးလေးပါ။ချစ်ပရိသတ်ကြီးအတွက်လည်း အမြဲတမ်းဖျော်ဖြေပေးနေပြီး အသစ်အသစ်တွေလည်း ထပ်မံကြိုးစားဦးမှာပါ။

စိုးညီအစ်မလေးယောက်လုံးက အချင်းချင်းစည်းလုံးကြပြီး ကူညီဖေးမကြကာ အစ်မကြီး စိုးမြတ်သူဇာကလည်း ညီမတွေအပေါ်ကို သေချာသင်ကြားပြသပေးပါတယ်။အခုဆိုရင်တော့ စိုးညီအစ်မတွေရဲ့ မင်းသမီးပိုးထည်တိုက်မှာ သင်္ကြန်နှစ်ကူးအကြိုအနေနဲ့ မုန့်လုံးရေပေါ်တွေလုံးပြီး ဆိုင်ကိုလာသမျှဧည့်သည်တွေကို စတုဒီသာနဲ့ ကျွေးမွေးမှာဖြစ်လို့ ပျော်ရွှင်နေကြတဲ့ ပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ပါတယ်နော်။

Source:Sandi Myint Lwin

Comments are closed.