ဘန်ကောက်မှာ ချစ်သူလေးနဲ့ သင်္ကြန်အားလပ်ရက်ကို သာသာယာယာကုန်ဆုံးနေတဲ့ နေခြည်ဦး

ဘန်ကောက်မှာ ချစ်သူလေးနဲ့ သင်္ကြန်အားလပ်ရက်ကို သာသာယာယာကုန်ဆုံးနေတဲ့ နေခြည်ဦး

Beauty blogger မ​လေး ​နေခြည်​ဦးက​တော့ သူမကိုယ်​တိုင်​လည်း သူမရဲ့အလှကို ယုံကြည်​မှုရှိသလို မိန်းက​လေး​တွေကိုလည်း ယုံကြည်​မှုရှိရှိနဲ့လှ​စေဖို့ နည်းလမ်း​ကောင်း​တွေကို ​ဝေမျှ​ပေး​လေ့ရှိသူ တစ်​ဦးမို့ ချီလီလေးတွေရဲ့ချစ်ခင်အားပေးမှုကို အပြည့်အဝရရှိထားတာပါ​။ သူမကို အရမ်းချစ်တဲ့ ချစ်သူကို ပိုင်ဆိုင်ထားတဲ့ နေခြည်ဦးကတော့ အမြဲလိုလို ပျော်ရွှင်နေရသူလေးဆိုရင်လည်း မမှားပါဘူး။ လတ်​တ​လောမှာ​တော့ နေခြည်ဦးက ချစ်ရသူနဲ့အတူ ဘန်ကောက်သို့ခရီးထွက်ရင်း ကြည်နူးနေကြတဲ့ပုံရိပ်တွေကို လူမှုကွန်ယက်ပေါ်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ တစ်ဦးနဲ့တစ်ဦး အရမ်းချစ်ကြတဲ့ သူတို့နှစ်ဦးကတော့ နှစ်ကိုယ်တူရှိနေကြတဲ့ အချိန်လေးမှာ ပျော်ရွှင်ကြည်နူးနေတာပဲ ဖြစ်ပါတယ်။

သင်္ကြန်အားလပ်ရက်မှာ ချစ်သူရဲ့ရင်ခွင်မှာ အချိန်ကုန်ရင်း သာသာယာယာ အနားယူနေတဲ့ ခြည်ခြည်

အနားယူနေတဲ့ ခြည်ခြည်ရဲ့ချစ်သူ

ပူပြင်းလှတဲ့ နွေဒဏ်ကို အံတုရင်း ချစ်သူလေးနဲ့ ပျော်နေတဲ့ နေခြည်ဦးကိုကြည့်ရတာ အားကျစရာပါပဲနော်။

ရေကူးဝတ်စုံနဲ့အရမ်းလှနေတဲ့ ခြည်ခြည်

ရိုဆန်ဆန် Private Cinema မှာ အာလာဒင်ကြည့်နေတဲ့ ချစ်သူ (၂)ဦး

နေခြည်ဦးနဲ့ သူမရဲ့ချစ်သူတို့ကတော့ အနေဝေးကွာနေကြပေမယ့် အချစ်တွေက နီးနေတာကြောင့် သာယာပျော်ရွှင်တဲ့ အချစ်ရေးတစ်ခုကို ဖန်တီးပုံဖော်ထားကြတာပဲ ဖြစ်ပါတယ်။ နေခြည်ဦးကတော့ လတ်တလောမှာ အနုပညာအလုပ်တွေဆက်တိုက်ပြုလုပ်ဖြစ်နေတာပဲ ဖြစ်ပါတယ်။ ချစ်ပရိသတ်တွေလည်း ချစ်သူနဲ့အတူ ခရီးထွက်ရင်း ပျော်နေတဲ့ ချီချီလေးကိုချစ်ရင် share သွားကြဖို့ မမေ့ပါနဲ့နော်။

Source : Nay Chi Oo and Aung Nway Oo Instagram Story

Comments are closed.