
အကျိုး(၁၀)ပါးမတောင်းဘဲ ပြည့်ဝစေမယ့် အလှူလေးတစ်ခုကို မိမိရဲ့ ချွေးနဲစာလေးနဲ့ ကုသိုလ်ယူလှူဒါန်းခဲ့တဲ့ ဘေဘီမောင်
ပရိတ်သတ်ကြီးရေ … ရင့်ကျက်တည်ငြိမ်တဲ့အလှတရားတွေကိုပိုင်ဆိုင်ထားတဲ့ မော်ဒယ်သရုပ်ဆောင်မလေး ဘေဘီမောင်ဆိုတာ ပရိတ်သတ်ကြီးတို့ရဲ့ အသည်းကျော်လေးတစ်ယောက်ပါပဲနော်။။ အမိုက်စားခန္ဓာကိုယ်လေးနဲ့ ကြည့်မဝတဲ့ အကြွေတစ်လိုင်း ချစ်စရာမျက်နှာလေးက ပရိတ်သတ်တွေ ရူးမတတ်ရင်ခုန်နေရတဲ့ အကြောင်းပြချက်လေးတွေပါပဲ။


သူမဟာ လက်ရှိမှာဆိုရင် ကိုယ့်လမ်းကိုယ်ဖောက်ပြီး ကိုယ့်အားကိုယ်ကိုးကာ အနုပညာလမ်းကြောင်းပေါ်မှာ ပရိတ်သတ်တွေပေးတဲ့ နေရာတစ်နေရာကိုထိုက်ထိုက်တန်တန်ရရှိထားပါတယ်နော်။ ဒါ့အပြင် သူမဟာ ဘာသာတရားလည်း ရိုသေကိုင်းရှိုင်းတဲ့ သူဖြစ်ပြီးတော့ အလုပ်ကိစ္စတွေနဲ့ မအားမလပ်ရှိနေတဲ့ အချိန်တွေမှာတောင် ဘာသာရေးကို ရတဲ့ အချိန်ရသလို လုပ်လေ့ရှိတဲ့ ပရဟိတမင်းသမီးလေးပါပဲနော်။


အလှူအတန်းတွေလည်း မကြာခဏဆိုသလိုလုပ်လေ့ရှိပြီးတော့ ဘုရားသွားကျောင်းတက်လည်း အစဉ်မပြတ်လုပ်တတ်တဲ့သူမဟာ အခုတစ်ခါမှာလည်း အကျိုး(၁၀)ပါးကို မတောင်းပဲနဲ့ပြည့်ဝစေမယ့် ရေအလှူကိုလုပ်ခဲ့ပြန်ပါတယ်နော်။ သူမဟာ ပဲခူးမြို့ သီရိဇေယျာဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှာ Water Cooler ရေသန့်ရေအေးစက်အသစ်တစ်လုံးကို မိမိရဲ့ ချွေးနဲစာ အနုပညာကြေးလေးနဲ့ စုပြီးဝယ်ယူလှူဒါန်းခဲ့ပါတယ်။ ဒီအလှူဟာသူမရဲ့ မွေးနေ့မှာကတည်းကလှူချင်ခဲ့တာပါလို့လဲသိရပါတယ်နော်။ ပြီးတော့ သူမရဲ့ မွေးနေ့တုန်းကလည်း မိဘမဲ့ ကလေးတွေအတွက် အလှူအတန်းကြီးကြီးမားမားလည်းလုပ်ခဲ့ပါသေးတယ် ချစ်ပရိတ်သတ်ကြီးရေ…
Source: Baby Maung