စိုင်းစိုင်း Birthday Show မှာ ပျော်ရွှင်မြူးထူးနေတဲ့ စိုင်းစိုင်းရဲ့ချစ်သူ သဲအိမ်စံ

စိုင်းစိုင်း Birthday Show မှာ ပျော်ရွှင်မြူးထူးနေတဲ့ စိုင်းစိုင်းရဲ့ချစ်သူ သဲအိမ်စံ

စိုင်းစိုင်းရဲ့ နှစ်တိုင်းလုပ်နေကျ Birthday Show တွေဟာဆိုရင် နှစ်စဉ်ကြီးကျယ်ခမ်းနားစွာကျင်းပလာခဲ့ပြီး ဒီနှစ်မှာဆိုရင်လည်း အစဉ်အလာမပျက် တစ်နိုင်ငံလုံးကလူတွေအကုန်လုံး Show ပွဲထဲရောက်နေတယ်ထင်ရလောက်အောင် ကြောက်ခမန်းလိလိများပြားလှတဲ့ လူပင်လယ်ကြီးနဲ့ ထုံးစံအတိုင်း ပျော်ရွှင်စွာ ကျင်းပပြီးစီးသွားခဲ့တာဖြစ်ပါတယ်။ စိုင်းစိုင်းကလည်း အနုပညာညီအစ်ကိုမောင်နှမတွေနဲ့ ချစ်တဲ့ ပရိသတ်တွေနဲ့ ပျော်ရွှင်စွာဖျော်ဖြေလိုက်ရလို့ ပျော်ရွှင်ကျေနပ်နေမှာသေချာပါတယ်။ ဒါပေမယ့် စိုင်းစိုင်းရဲ့ပရိသတ်တွေအတွက်မှင်သက်အံ့သြသွားစေမယ့် ဖြစ်ရပ်တစ်ခုက Show ပွဲမှာဖြစ်ပွားခဲ့ပြီးဘယ်သူမှသိပ်မသိလိုက်ကြပါဘူး။

အဲဒါကတော့ စိုင်းစိုင်းရဲ့ ပျော်ရွှင်မှုကလေးက စိုင်းစိုင်း Show ပွဲကိုလာရောက်အားပေးခဲ့တာပါပဲ။ ဟုတ်ပါတယ်။ စိုင်းစိုင်းထက်အသက်ဆယ်နှစ်ကျော်ငယ်ပြီး ချစ်ဖို့ကောင်းလွန်းတဲ့ စိုင်းစိုင်းရဲ့ ချစ်သူကောင်မလေး သဲအိမ်စံက ချစ်သူရဲ့ Birthday Show ကို လာရောက်အားပေးသွားခဲ့ပါတယ်။ ပရိသတ်တွေကြားထဲမှာပဲပျော်ရွှင်စွာအော်ဟစ်အားပေးနေခဲ့တာဖြစ်ပြီး ကတောင်ကနေလိုက်ပါသေးတယ်။ မင်းဆော်ထက်ငါ့ဆော်က ပိုမိုက်တယ်ဆိုတဲ့ စာသားလေးကိုဆိုပြီး ကိုယ့်ကိုယ်ကိုယ်လက်ညိုးထိုးကာကနေတဲ့ပုံလေးက စင်ပေါ်ကစိုင်းစိုင်းမြင်ရင် ပြေးဆင်းလာပြီး အနမ်းတွေခြွေချင်မှာအသေအချာပါပဲ။

သဲအိမ်စံဟာ အင်ဂျင်နီယာတစ်ဦးဖြစ်ပြီး စိုင်းစိုင်းထက်အသက်ဆယ်နှစ်ကျော်ငယ်သလို သွက်လက်ထက်မြက်ပြီးချစ်ဖို့ကောင်းတဲ့ ပညာတတ် ခေတ်ရဲ့သမီးပျိုလေးဖြစ်ပါတယ်။ သဲအိမ်စံလေးကို စိုင်းစိုင်းရဲ့ ပရိသတ်တော်တော်များများကလည်း သိနေကြပြီဖြစ်ပြီး သဲလေး သဲလေးနဲ့ ဝိုင်းချစ်နေကြတာပါ။ သဲအိမ်စံလေး ပျော်ရွှင်မြူးထူးစွာ ကနေတဲ့ video လေးကို ပရိသတ်တစ်ယောက်က လူမှုကွန်ယက်ပေါ်မှာတင်ထားခဲ့ပြီး ပရိသတ်တွေက ဝိုင်း share ထားကြတာတွေ့ရပါတယ်။

ပရိသတ်ကြီးရော သဲအိမ်စံလေးကို ချစ်ကြလား။ သဲအိမ်စံနဲ့ စိုင်းစိုင်းနဲ့ကိုရောသဘောတူကြလား။ ချစ်သူရဲ့ ခမ်းနားကြီးကျယ်တဲ့ Show ပွဲကြီးကိုလာကြည့်တဲ့ သဲအိမ်စံလေးကိုရော တွေ့လိုက်ကြလား။ စိုင်းစိုင်းရဲ့ Show ပွဲကိုရောသွားကြည့်ဖြစ်ကြလား။

Comments are closed.