ဂျပန်နဲ့ ဘန်ကောက်ကနေ Video Call ခေါ်ပြီး လက်ဆောင်တွေမှာနေကြတဲ့ ရွှေမှုန်တို့ညီအစ်မရဲ့ဗီဒီယို

ဂျပန်နဲ့ ဘန်ကောက်ကနေ Video Call ခေါ်ပြီး လက်ဆောင်တွေမှာနေကြတဲ့ ရွှေမှုန်တို့ညီအစ်မရဲ့ဗီဒီယို

သရုပ်ဆောင် မင်းသမီးချောလေး ရွှေမှုန်ရတီကတော့ ပရိသတ်တွေရဲ့ အားပေးဝန်းရံမှုကို အပြတ်အသတ် ရရှိထားတဲ့ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ သရုပ်ဆောင်ပိုင်းမှာ သူမတူအောင် ထူးချွန်တဲ့ ရွှေမှုန်လေးက အခုဆိုရင် အိမ်ထောင်ကျပြီးနောက်ပိုင်းမှာလည်း အနုပညာအလုပ်တွေကို လုပ်ကိုင်နေဆဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ရွှေမှုန်က ချစ်ခင်ပွန်းနဲ့အတူ ဂျပန်နိုင်ငံကို အလည်ရောက်ရှိနေတာ တွေ့ရပါတယ် ။

မကြာခဏ ခရီးတွေထွက်လေ့ရှိတဲ့ ရွှေမှုန်က ဒီတစ်ခါမှာတော့ ချစ်ခင်ပွန်းနဲ့အတူ ခရီးသွားရင်း ပျော်ရွှင်ကြည်နူးနေတာ ဖြစ်ပါတယ်။ ရွှေမှုန်တို့ဇနီးမောင်နှံက ဂျပန်နိုင်ငံကို ရောက်ရှိနေကြသလို ငွေမှုန်ရတီတို့သားအမိနှစ်ယောက်ကလည်း ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ကို ရောက်ရှိနေကြတာ ဖြစ်ပါတယ်။ ဒါကြောင့် ရွှေမှုန်နဲ့ ငွေမှုန်တို့နှစ်ယောက်က တစ်နေရာစီကနေ Video Call တွေခေါ်ပြီး လက်ဆောင်တွေမှာနေကြတာ တွေ့ရပါတယ်။

ညီမလေး ငွေမှုန်ရတီက သူမရဲ့ Facebook Account မှာ Live လွှင့်ရင်း အစ်မဖြစ်သူ ရွှေမှုန်နဲ့အတူ Video Call ပြောခဲ့ကြတာပဲ ဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ သူမတို့ညီအစ်မနှစ်ယောက်ရဲ့ စကားပြောပုံဆိုပုံလေးတွေကိုတော့ ပရိသတ်တွေက သဘောကျလွန်းလို့ ချစ်မဝဖြစ်နေရတာ တွေ့ရပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ရွှေမှုန်ရတီနဲ့ ငွေမှုန်ရတီတို့ ညီအစ်မနှစ်ယောက်ရဲ့ ဗီဒီယိုဖိုင်လေးကို အောက်မှာ တင်ဆက်ပေးလိုက်ပါတယ်နော်။

Source:Ngwe Hmone Yati;

Comments are closed.