စွန့်ပစ်ခံမိဘမဲ့ ကလေးတွေကို ကိုယ်တိုင်ပြုစုစောင့်ရှောက်ပေးနေတဲ့ ပြည်တွင်း ဆရာတော်တစ်ပါး

စွန့်ပစ်ခံမိဘမဲ့ ကလေးတွေကို ကိုယ်တိုင်ပြုစုစောင့်ရှောက်ပေးနေတဲ့ ပြည်တွင်း ဆရာတော်တစ်ပါး

ပြည်တွင်း စွန့်ပစ်ခံကလေးငယ်များရဲ့ နားခိုရာတွေကတော့ နေရာအနှံ့အပြားမှာတွေ့မြင်ရမှာပဲဖြစ်ပါတယ်။ သနားစရာကလေးငယ်များစွာရဲ့ အနာဂတ်မဲ့လမ်းတွေမှာ အမေအဖေမရှိ ဘဝတူကလေးငယ်တွေနဲ့အတူ ကြီးပြင်းဖို့အတွက် တစ်နေ့စာအလှူရှင်တွေကို နေ့စဉ်စောင့်မျှော်လျှက်ရှိတာတွေ့ရပါတယ်။ အဆိုပါ မိဘမဲ့ကလေးငယ်ကျောင်းတွေထဲမှာ ဆရာတော်တစ်ပါးရဲ့ ပုံရိပ်လေးတွေကတော့ ပရိသတ်တွေကြားရေပန်းစားလျှက်ရှိတာတွေ့ရပါတယ်။

အဆိုပါ ဆရာတော်ကတော့ မိဘမဲ့ကလေးငယ်များစွာကို ခေါ်ယူမွေးစားထားပြီး မိခင်လိုသာမက ဖခင်တစ်ယောက်လိုပါ ပြုစုစောင့်ရှောက်လျှက်ရှိတာတွေ့ရပါတယ်။ သနားစရာကလေးငယ်တွေရဲ့ အနာဂတ်ကို အကောင်းဆုံးထောက်ပံ့ပေးနေပြီး ချစ်စရာကလေးငယ်တွေ ထွန်းလင်းတောက်ပလာရောက်ပြုစုစောင့်ရှောက်နေကြောင်း သိရပါတယ်။

အဆိုပါ မိဘမဲ့ကျောင်းလေးကတော့ ပုသိမ်မြို့မှာဖွင့်လှစ်ထားတာဖြစ်ပြီး တစ်နေ့တာဖြတ်သန်းမှုပုံရိပ်လေးတွေကိုတော့ ပရိသတ်တွေအမြင်ပဲဖြစ်မယ်ထင်ပါတယ်။ သနားစရာမိဘမဲ့ကလေးငယ်တွေကြားမှာ ပျော်ရွှင်နေတဲ့ ပြည်တွင်းဆရာတော်တစ်ပါးရဲ့ ပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်။

pHOTOS – PHYU PHYU KHAING

Comments are closed.