ယမန်နေ့က ကျရောက်ခဲ့တဲ့ မွေးနေ့လေးမှာ ဆုတောင်း ပေးခဲ့ကြတဲ့ တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ရှိ ကြောင်း ပြောလာခဲ့တဲ့ ကောင်းမြတ်စံ

MRTV – 4 မင်းသားချောလေး ကောင်းမြတ်စံ ကတော့ အနုပညာနယ်ပယ်တစ်ခုမှာ နေရာတစ်နေရာကို ရပ်တည်ထားနိုင်ခဲ့ပြီဖြစ်ပါတယ်။ ကောင်းမြတ်စံဟာ ရုပ်သံဇာတ်လမ်းတွဲတွေအပြင် ရုပ်ရှင်ဇာတ်ကားတွေကိုတောင် ရိုက်ကူးနေရပြီပဲ ဖြစ်ပါတယ်။ အမြဲတမ်းလည်း လွတ်လပ်ပေါ့ပါးစွာနေတတ်ပြီး ဆွဲဆောင်မှုရှိတဲ့ ခန့်ညားမှုတွေကို ပိုင်ဆိုင်ထားတာကြောင့် နှုတ်ခမ်းနီမလေးတွေကလည်း အားပေးဝန်းရံနေတာ ဖြစ်ပါတယ်။

သူ့ရဲ့ အနုပညာလှုပ်ရှားမှု ပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေ အတွက် အမြဲမျှဝေ လေ့ရှိတာကြောင့် ပရိသတ်တွေက အချစ်ပိုနေရတာ ဖြစ်ပါတယ်။ ဒီဇင်ဘာလ (၁၄) ရက် ယမန်နေ့ကပရိသတ်တွေ အားပေးချစ်ခင်ရတဲ့ ကောင်းမြတ်စံဟာ မွေးနေ့နံ မွေးလထပ်တဲ့ အသက် (၂၈) နှစ်ပြည့် မွေးနေ့လေးကို ကျရောက်ခဲ့ပြီဖြစ်ပါတယ်။ ပျော်ရွှင်စရာ မွေးနေ့လေးကို ကျရောက်ခဲ့တဲ့ ကောင်းမြတ်စံကိုလည်း ချစ်တဲ့သူ တွေက မွေးနေ့ဆုတောင်းစကားတွေနဲ့ အမှတ်တရ လက်ဆောင်ပစ္စည်းတွေ ပို့သပေးကြတာ တွေ့ရပါတယ်။

ယင်းနောက်မှာတော့ ကောင်းမြတ်စံ ဟာ မွေးနေ့လေးမှာ ဆုတောင်းပေးကြသူများ၊ လက်ဆောင်တွေပေးကြသူများ နှင့် မွေးနေ့ကိတ် တွေပို့ပေးကြသော တစ်စုံတစ်ဦး တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးတင်ရှိကြောင်း ပြောလာခဲ့ပါတယ်။ ဒါ့အပြင် နှုတ်ခမ်းနီမ လေးတွေ သဘောကျသွားစေမယ့် အလန်းစားပုံလေးတွေကိုလည်း တစ်ပါးတည်း ဖော်ပြပေးထားတာ တွေ့ရပါတယ် ။ ပရိသတ်တွေ ကလည်း ပျော်ရွှင်စရာမွေးနေ့လေးကို ကျရောက်ခဲ့ပြီဖြစ်တဲ့ ကောင်းမြတ်စံအတွက်လည်း မွေးနေ့ဆုတောင်းစကားတွေ ပို့သပေး လိုက်ပါဦးနော် ။

သတင်းအရင်းအမြစ်៖ Source – Kaung Myat San

Advertisement

[zawgyi]

MRTV – 4 မင္းသားေခ်ာေလး ေကာင္းျမတ္စံ ကေတာ့ အႏုပညာနယ္ပယ္တစ္ခုမွာ ေနရာတစ္ေနရာကို ရပ္တည္ထားႏိုင္ခဲ့ၿပီျဖစ္ပါတယ္။ ေကာင္းျမတ္စံဟာ ႐ုပ္သံဇာတ္လမ္းတြဲေတြအျပင္ ႐ုပ္ရွင္ဇာတ္ကားေတြကိုေတာင္ ႐ိုက္ကူးေနရၿပီပဲ ျဖစ္ပါတယ္။ အၿမဲတမ္းလည္း လြတ္လပ္ေပါ့ပါးစြာေနတတ္ၿပီး ဆြဲေဆာင္မႈရွိတဲ့ ခန႔္ညားမႈေတြကို ပိုင္ဆိုင္ထားတာေၾကာင့္ ႏႈတ္ခမ္းနီမေလးေတြကလည္း အားေပးဝန္းရံေနတာ ျဖစ္ပါတယ္။

သူ႔ရဲ႕ အႏုပညာလႈပ္ရွားမႈ ပုံရိပ္ေလးေတြကိုလည္း ပရိသတ္ေတြ အတြက္ အၿမဲမွ်ေဝ ေလ့ရွိတာေၾကာင့္ ပရိသတ္ေတြက အခ်စ္ပိုေနရတာ ျဖစ္ပါတယ္။ ဒီဇင္ဘာလ (၁၄) ရက္ ယမန္ေန႔ကပရိသတ္ေတြ အားေပးခ်စ္ခင္ရတဲ့ ေကာင္းျမတ္စံဟာ ေမြးေန႔နံ ေမြးလထပ္တဲ့ အသက္ (၂၈) ႏွစ္ျပည့္ ေမြးေန႔ေလးကို က်ေရာက္ခဲ့ၿပီျဖစ္ပါတယ္။ ေပ်ာ္႐ႊင္စရာ ေမြးေန႔ေလးကို က်ေရာက္ခဲ့တဲ့ ေကာင္းျမတ္စံကိုလည္း ခ်စ္တဲ့သူ ေတြက ေမြးေန႔ဆုေတာင္းစကားေတြနဲ႔ အမွတ္တရ လက္ေဆာင္ပစၥည္းေတြ ပို႔သေပးၾကတာ ေတြ႕ရပါတယ္။

ယင္းေနာက္မွာေတာ့ ေကာင္းျမတ္စံ ဟာ ေမြးေန႔ေလးမွာ ဆုေတာင္းေပးၾကသူမ်ား၊ လက္ေဆာင္ေတြေ ပးၾကသူမ်ား ႏွင့္ ေမြးေန႔ကိတ္ ေတြပို႔ေပးၾကေသာ တစ္စုံတစ္ဦး တစ္ေယာက္ခ်င္းစီတိုင္းကို ေက်းဇူးအထူးတင္ရွိေၾကာင္း ေျပာလာခဲ့ပါတယ္။ ဒါ့အျပင္ ႏႈတ္ခမ္းနီမ ေလးေတြ သေဘာက်သြားေစမယ့္ အလန္းစားပုံေလးေတြကိုလည္း တစ္ပါးတည္း ေဖာ္ျပေပးထားတာ ေတြ႕ရပါတယ္ ။ ပရိသတ္ေတြ ကလည္း ေပ်ာ္႐ႊင္စရာေမြးေန႔ေလးကို က်ေရာက္ခဲ့ၿပီျဖစ္တဲ့ ေကာင္းျမတ္စံအတြက္လည္း ေမြးေန႔ဆုေတာင္းစကားေတြ ပို႔သေပး လိုက္ပါဦးေနာ္ ။

Advertisement

Be the first to comment

Leave a Reply

Your email address will not be published.


*